Sunday, February 23, 2020

မန္တလေးလမ်းလျှောက်သင်္ကြန်၌ ရေကစားမဏ္ဍပ်ကြီးများကိုပေ ၁၅၀ ထက်ကျော်၍ ဆောက်လုပ်ခွင့်မပြု

Image may contain: one or more people, people walking, people standing and outdoor

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့အနေဖြင့် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် စင်ထိုး ခြင်းများနှင့် ကျုံးအနောက်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ်ကြီးများကို ပေ ၁၅၀ ထက်ပို၍ ဆောက်ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း မန္တလေးမြို့တော် စည်သာယာရေး ကော်မတီမှ သိရသည်။

“လမ်းလျှောက်သင်္ကြန်မှာ စင်တွေလည်း မထိုးရဘူး။ သတ်မှတ်ထားတဲ့ နေရာလေးအတွင်းမှာ ယဉ်ယဉ် ကျေးကျေး အေးအေးလူလူ ရေကစားဖို့အတွက် စီစဉ် ပေးမှာဖြစ်ပါတယ်” ဟုမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
မန္တလေးမြို့တော် သင်္ကြန်ကိုကျုံးဘေးအပြင် မနော် ရမ္မံသင်္ကြန်မဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများနှင့် သံချပ်ပြိုင်ပွဲ များထည့်သွင်းရန် စီစဉ်ထားပြီး သင်္ကြန်လာလည်သူများ အစားအသောက် အဆင်ပြေစေရန် ကျုံးအနောက်ဘက် လမ်း ၈၀၊ ၂၂လမ်းမှ ၂၅လမ်းအတွင်း စားသောက်ဆိုင်တန်း ကို နေရာချထားပေးရန် စီစဉ်ထားရှိပြီး ကျုံးပလက်ဖောင်း အတွင်းလျာထားနိုင်သည့် အရေအတွက်အထိသာ ထားပေး သွားမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်မှစ၍ မန္တလေးမြို့တော်သင်္ကြန်ပွဲတော်ကိုယဉ်ကျေးသိမ်မွေ့စွာကျင်းပနိုင်ရန် မန္တလေးကျုံးတောင် ဘက်တွင် မန္တလေးမြို့၏ လမ်းလျှောက်သင်္ကြန်ကို ကျင်းပ ခဲ့ရာ ပြည်သူများ နှစ်ခြိုက်သဘောကျအားပေးခဲ့ကြပြီး ၂၀၁၈ ခုနှစ် သင်္ကြန်အချိန်တွင် ရန်ကုန်အပါအဝင် မြန်မာ နိုင်ငံ နေရာအနှံ့အပြား၌ လမ်းလျှောက်သင်္ကြန်များကို ကျင်းပဆင်နွှဲလာကြကြောင်း သိရသည်။
Image may contain: one or more people, crowd and outdoor

Ref : The Mirror Daily
>>Zawgyi<<
မန္တလေးလမ်းလျှောက်သင်္ကြန်၌ ရေကစားမဏ္ဍပ်ကြီးများကိုပေ ၁၅၀ ထက်ကျော်၍ ဆောက်လုပ်ခွင့်မပြု
Monday , February 24 , 2020

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့အနေဖြင့် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် စင်ထိုး ခြင်းများနှင့် ကျုံးအနောက်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ် ကြီးများကို ပေ ၁၅၀ ထက်ပို၍ ဆောက်ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း မန္တလေးမြို့တော် စည်သာယာရေး ကော်မတီမှ သိရသည်။
“လမ်းလျှောက်သင်္ကြန်မှာ စင်တွေလည်း မထိုးရဘူး။ သတ်မှတ်ထားတဲ့ နေရာလေးအတွင်းမှာ ယဉ်ယဉ် ကျေးကျေး အေးအေးလူလူ ရေကစားဖို့အတွက် စီစဉ် ပေးမှာဖြစ်ပါတယ်” ဟုမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
မန္တလေးမြို့တော် သင်္ကြန်ကိုကျုံးဘေးအပြင် မနော် ရမ္မံသင်္ကြန်မဏ္ဍပ်တွင် ယိမ်းအကပြိုင်ပွဲများနှင့် သံချပ်ပြိုင်ပွဲ များထည့်သွင်းရန် စီစဉ်ထားပြီး သင်္ကြန်လာလည်သူများ အစားအသောက် အဆင်ပြေစေရန် ကျုံးအနောက်ဘက် လမ်း ၈၀၊ ၂၂လမ်းမှ ၂၅လမ်းအတွင်း စားသောက်ဆိုင်တန်း ကို နေရာချထားပေးရန် စီစဉ်ထားရှိပြီး ကျုံးပလက်ဖောင်း အတွင်းလျာထားနိုင်သည့် အရေအတွက်အထိသာ ထားပေး သွားမည်ဖြစ်သည်။
၂၀၁၇ ခုနှစ်မှစ၍ မန္တလေးမြို့တော်သင်္ကြန်ပွဲတော်ကိုယဉ်ကျေးသိမ်မွေ့စွာကျင်းပနိုင်ရန် မန္တလေးကျုံးတောင် ဘက်တွင် မန္တလေးမြို့၏ လမ်းလျှောက်သင်္ကြန်ကို ကျင်းပ ခဲ့ရာ ပြည်သူများ နှစ်ခြိုက်သဘောကျအားပေးခဲ့ကြပြီး ၂၀၁၈ ခုနှစ် သင်္ကြန်အချိန်တွင် ရန်ကုန်အပါအဝင် မြန်မာ နိုင်ငံ နေရာအနှံ့အပြား၌ လမ်းလျှောက်သင်္ကြန်များကို ကျင်းပဆင်နွှဲလာကြကြောင်း သိရသည်။
Ref : The Mirror Daily

0 comments:

Post a Comment