Friday, February 28, 2020

သက်ကယ်ရိတ်သူ(၃)ဦး တောဆင်ရိုင်းနှင့်ပက်ပင်တိုး၍ ထွက်ပြေးရာ လွတ်မြောက်ခဲ့သော်လည်း အသက် ကြီးအမျိုးသမီး တစ်ဦး ရွာရောက်မှ နှလုံးရပ်သေဆုံး

Image may contain: plant, outdoor and nature

တိုက်ကြီးမြို့နယ် ကျွဲဘုတ်ကျေးရွာအုပ်စု ၊လဟာမငယ်ရွာနေ ဒေါ်စန်းနု (၅၂)နှုစ်(ဘ)ဦးစံချို ၊ကရင်/ဗုဒ္ဓ၊ ကျဘမ်း၊ဒေါ်ဝင်းရွှေ(၅၄)နှစ်(ဘ)ဦးလွန်းတင် ကရင်/ဗုဒ္ဓ ကျဘမ်း၊ဒေါ်နော်သာဖော့(၆၈)နှစ်၊(ဘ)ဦးစောလူး၊ကရင်/ခရစ်ယာန်တို့(၃)ဦးသည် လဟာမငယ်ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာ ဒေသအခေါ် စံမင်းစိတ် တောအတွင်းဖေဖော်ဝါ်ရီ (၂၈)ရက်နေ့ နက်(၆)နာရီ အချိန်ခန့်က သက်ကယ်ရိတ်သွားခဲ့ရာ သက်ကယ်ရိတ်ပြီးပြန်လာစဉ် လမ်းချိုးအကွေ့အရောက်တွင် တောဆင်ရိုင်းနှင့်ပေ(၃၀)အကွာခန့်တွင် လှမ်းမြင်ရ၍ သက်ကယ်စီးများအား ခေါင်းပေါ်မှပစ်ချပြီး ဝါးရုံတောအတွင်း (၃)ဦးစလုံး ဝင်ရောက်ပြေးခဲ့ရာ ဒေါ်စန်းနုနှင့်ဒေါ်ဝင်းရွှေတို့နှစ်ဦးသည် ရွာထိပ်အနီးရှိ ကျွန်းစိုက်ခင်းသို့ရောက်ရှိခဲ့ပြီး နောက်တွင် ဒေါ်နော်သောဖော့ ကျန်ရစ်ခဲ့မှန်းသိရှိ၍ ရွာဘက်မှ ဆိုင်ကယ်မောင်းနှင်လာသူ ဇော်ရဲအောင် အားအကူအညီတောင်းရာ ဒေါ်နော်သာဖော့ လမ်းလျောက်လာစဉ် စံမင်းစိတ် တောလမ်းတွင်တွေ့၍ ရွာသို့ ခေါ်ဆောင်လာခဲ့ရာ ၎င်းနေအိမ်အရောက် မောနေတယ်ဟုပြော၍ ဥက္ကံဆေးရုံသို့ အရေးပေါ်ကားဖြင့်ပို့စဉ် လဟာမငယ်ရွာထိပ်အရောက်သေဆုံးခဲ့ကြောင်းသိရသည်။

" အမျိုးသမီး(၃)ဦးသက်ကယ်ရိတ်အပြန် တောဆင်နဲ့ ပက်ပင်းတွေ့တာပါ၊ (၃)ယောက်လုံးပြေးကြတာပါ၊(၂)ယောက်ကတော့ အရင် ရာရောက်လာတယ်၊ သေတဲ့ အဒေါ်ကြီး အသက်ကြီးတော့ ခြေချော်လဲတာပါ၊ ဒါနဲ့ အနီးမှာဆိုင်ကယ်စီးတဲ့တွေ့တော့ အကူအညီတောင်းပြီး ရွာရောက်လာတာပါ၊ရွာကလူတွေက ကူညီမှု အရေးပေါ်ကားခေါ်သေးတယ်၊အသက်လဲကြီးတော့ ပြေးရတာ အမောဖောက်သေသွားတာပါ၊ လဟာမငယ်အရှေ့ဘက်(၂)မိုင်အကွာ ပဲခူးရို့မနီးတယ် အဲဒီအစပ်မှ စိမ့်စမ်းလျှိုမြောင်တွေရှိလို့ စားကျက်ရှိတယ် ပြန်လာချိန်ဆိုရင်တောဆင်ရိုင်းတွေမကြာခဏတွေ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပြပါတယ် "
Image may contain: one or more people, text that says 'sa nay sh'
သတင်း - ထွန်းလှိုင်(မြိုင်)
<zawgyi>
သက်ကယ်ရိတ်သူ(၃)ဦး တောဆင်ရိုင်းနှင့်ပက်ပင်တိုး၍ ထွက်ပြေးရာ လွတ်မြောက်ခဲ့သော်လည်း အသက် ကြီးအမျိုးသမီး တစ်ဦး ရွာရောက်မှ နှလုံးရပ်သေဆုံး
Friday , February 28 , 2020

တိုက်ကြီးမြို့နယ် ကျွဲဘုတ်ကျေးရွာအုပ်စု ၊လဟာမငယ်ရွာနေ ဒေါ်စန်းနု (၅၂)နှုစ်(ဘ)ဦးစံချို ၊ကရင်/ဗုဒ္ဓ၊ ကျဘမ်း၊ဒေါ်ဝင်းရွှေ(၅၄)နှစ်(ဘ)ဦးလွန်းတင် ကရင်/ဗုဒ္ဓ ကျဘမ်း၊ဒေါ်နော်သာဖော့(၆၈)နှစ်၊(ဘ)ဦးစောလူး၊ကရင်/ခရစ်ယာန်တို့(၃)ဦးသည် လဟာမငယ်ကျေးရွာအရှေ့ဘက်(၂)မိုင်ခန့်အကွာ ဒေသအခေါ် စံမင်းစိတ် တောအတွင်းဖေဖော်ဝါ်ရီ (၂၈)ရက်နေ့ နက်(၆)နာရီ အချိန်ခန့်က သက်ကယ်ရိတ်သွားခဲ့ရာ သက်ကယ်ရိတ်ပြီးပြန်လာစဉ် လမ်းချိုးအကွေ့အရောက်တွင် တောဆင်ရိုင်းနှင့်ပေ(၃၀)အကွာခန့်တွင် လှမ်းမြင်ရ၍ သက်ကယ်စီးများအား ခေါင်းပေါ်မှပစ်ချပြီး ဝါးရုံတောအတွင်း (၃)ဦးစလုံး ဝင်ရောက်ပြေးခဲ့ရာ ဒေါ်စန်းနုနှင့်ဒေါ်ဝင်းရွှေတို့နှစ်ဦးသည် ရွာထိပ်အနီးရှိ ကျွန်းစိုက်ခင်းသို့ရောက်ရှိခဲ့ပြီး နောက်တွင် ဒေါ်နော်သောဖော့ ကျန်ရစ်ခဲ့မှန်းသိရှိ၍ ရွာဘက်မှ ဆိုင်ကယ်မောင်းနှင်လာသူ ဇော်ရဲအောင် အားအကူအညီတောင်းရာ ဒေါ်နော်သာဖော့ လမ်းလျောက်လာစဉ် စံမင်းစိတ် တောလမ်းတွင်တွေ့၍ ရွာသို့ ခေါ်ဆောင်လာခဲ့ရာ ၎င်းနေအိမ်အရောက် မောနေတယ်ဟုပြော၍ ဥက္ကံဆေးရုံသို့ အရေးပေါ်ကားဖြင့်ပို့စဉ် လဟာမငယ်ရွာထိပ်အရောက်သေဆုံးခဲ့ကြောင်းသိရသည်။
" အမျိုးသမီး(၃)ဦးသက်ကယ်ရိတ်အပြန် တောဆင်နဲ့ ပက်ပင်းတွေ့တာပါ၊ (၃)ယောက်လုံးပြေးကြတာပါ၊(၂)
ယောက်ကတော့ အရင် ရာရောက်လာတယ်၊ သေတဲ့ အဒေါ်ကြီး အသက်ကြီးတော့ ခြေချော်လဲတာပါ၊ ဒါနဲ့ အနီးမှာဆိုင်ကယ်စီးတဲ့တွေ့တော့ အကူအညီတောင်းပြီး ရွာရောက်လာတာပါ၊ရွာကလူတွေက ကူညီမှု အရေးပေါ်ကားခေါ်သေးတယ်၊အသက်လဲကြီးတော့ ပြေးရတာ အမောဖောက်သေသွားတာပါ၊ လဟာမငယ်အရှေ့ဘက်(၂)မိုင်အကွာ ပဲခူးရို့မနီးတယ် အဲဒီအစပ်မှ စိမ့်စမ်းလျှိုမြောင်တွေရှိလို့ စားကျက်ရှိတယ် ပြန်လာချိန်ဆိုရင်တောဆင်ရိုင်းတွေမကြာခဏတွေ့ရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပြပါတယ် "
သတင်း - ထွန်းလှိုင်(မြိုင်)

0 comments:

Post a Comment