Friday, February 28, 2020

လျှပ်စစ်မီတာဘောက်များကို အမြန်ကြေးယူတပ်ဆင်ခြင်းနှင့် ဘက်လိုက်တပ်ဆင်ခြင်းများ ဖြစ်ပေါ်နေ

No photo description available.

ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)အတွင်း ရပ်ကွက်တချို့တွင် လျှပ်စစ်မီတာဘောက်များကို အမြန်ကြေးယူ၍ မြို့နယ် EPC ဝန်ထမ်းများလာရောက်တပ်ဆင်ပေးနေမှုများရှိနေကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) ၁၆၈ ရပ်ကွင်နေပြည်သူများထံမှသိရသည်။

"မီတာလျှောက်ထားတဲ့အခါ အရင်ကလိုမဟုတ်ဘဲ တင်ဒါစနစ်နဲ့ခေါ်ရတာရှိပါတယ်။ ဥပမာ- ကျွန်တော်တို့မြို့နယ်မှာ မီတာဘောက်အလုံး ၂၀၀ ကျတယ်ဆိုပါတော့ လျှပ်စစ်မီတာမရှိခင်ကတည်းက မြို့နယ် EPC ရုံးမှာ လျှောက်လွှာတင်ထားတဲ့သူတွေကို အဲ အလုံး ၂၀၀ ထဲက အလှည့်ကျတစ်သုတ်ချင်း တပ်ပေးရမယ်။အဲမှာ ပြဿနာကဘာလဲဆိုတော့ မီတာလည်းကျပြီ စီနီယာအလိုက်လျှောက်ထားသူတွေ အလှည့်ကျ တပ်ဆင်ပေရမယ့်အစား အခုမှ မြေကွက်လာဝယ်ပြီး အမြန်ကြေးနဲ့ လျှောက်တဲ့ ပိုက်ဆံရှိသူတွေက အခုထလျှောက် အခုမီတာထရပြီး စီနီယာနဲ့လျှောက်နေတဲ့သူတွေက မရဘူးဖြစ်နေတယ်"ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) ၁၆၈ ရပ်ကွက်နေ ကိုအောင်ကျော်မျိုးကပြောသည်။
ယင်းသို့လျှပ်စစ်မီးရရှိရန်လျှောက်ထားရာတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း လျှောက်လွှာတင်ထားသည့် နေအိမ်များယခုအချိန်ထိ လျှပ်စစ်မီးမရရှိသေးဘဲ မကြာခင်မှမြေဝယ် အိမ် ဆောက်လုပ်နေပြီး အိမ်လုံးမပေါ်သေးသည့် နေရာများကို မီတာဘောက်လာချိတ်ခြင်း၊ ယနေ့လျှောက် နောက်နေ့လာရောက်၍ မီတာဘောက်တပ်ပေးသွားသည် အိမ်အများအပြားရှိနေသည်ဟုဆိုသည်။
ထို့ပြင် ပုံမှန်လျှပ်မီးလျှောက်ထားလြှငျ မီတာဘောကျခပြေးတော့မညျဆိုပါက မြို့နယ် EPC ရုံးမှ ပထမအဆင့် နေအိမ်သို့လာကြည့်ပြီး၊ ဒုတိယအဆင့်အနေဖြင့် မြို့နယ် EPC ရုံးတွင် ငွေကျပ် ကိုးသောင်းသွင်းရသော် လည်း အမြန်ကြေးဖြင့် တက်ဆင်သူများမှာ ငွေကျပ် နှစ်သိန်းခွဲမှ သုံးသိန်းထိကုန်ကျကြောင်း ယင်းရပ်ကွက်မှသိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) EPC ရုံးမန်နေဂျာ ဦးမြင့်ဆွေအား ဆက်သွယ်မေးမြန်ရာတွင် "ပထမ လျှပ်စစ်မီးရဖို့ လျှောက်လွှာထပ်ထားတဲ့သူတွေက ဒီအတိုင်းထပ်ထားကြတာပေါ့။ အဲဒါကိုပုံမှန်အတိုင်းစီနီယာအလိုက်ကျွန်တော်တို့မီတာဘောက်တွေတက်ပေးသွားမယ်။ ဒါပေမဲ့ အဲဒီမှာဘာဖြစ်လဲဆိုတော့ ကိုယ့်ဘာသာဝယ်ချင်တဲ့လူတွေ လာဝယ်ကြလို့ပြောထားတဲ့အခါကြတော့ အုပ်စုလိုက် အယောက် ၂၀၊ ၃၀ စုပြီး ကိုယ့်ဘာသာဝယ်မယ်ဆိုပြီး လျှောက်လွှာလာတင်ကြတယ်။ အဲ့ထဲကမှ သူတို့်အုပ်စုလိုက် အဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး EPC ဝန်ထမ်းတွေနဲ့ မီတာဘောက်ကျတာမျိုးရှိတယ်။အခုက အဲလိုအပြင်ကဝယ်တဲ့ဟာကို ရပ်လိုက်ပြီလို့ ရုံးချုပ်ကပြောတဲ့အတွက် ဒါကိုရပ်လိုက်ပါပြီ၊ အခုက တန်းစီထားတဲ့သူတွေပြန်ရမှာပါ"ဟု ပြောသည်။
အစိုးရမှ လျှပ်စစ်မီးချပေးရာတွင် မီတာဘောက်များကို အမြန်ကြေးဖြင့်တက်ဆင်းခြင်းမျိုးမရှိဘဲ တရားဝင်ခွင့်ပြုထားသည်မှာ မြို့နယ် EPC ရုံးတွင် တရားဝင်လျှောက်ထား၍ စီနီယာအလိုက်သာတတ်ဆင်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ရပ်ကွက်များတွင် ဆောင်ရွက်နေခြင်းမျိုးတွေ့ရှိပါက မြို့နယ် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မန်နေဂျာသို့ လိုအပ်သလိုအရေးယူပေးပါရန်တိုင်ကြားနိုင်ပြီး တစ်စုံတစ်ရာထူးခြားမှုမရှိပါက ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသို့လိပ်မူ၍ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အပေးရေးကိုပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပထမဆင့် မြို့နယ်လူကြီးသိအောင်တင်ပြရမယ်။ အဲကမှဖြေရှင်းရင် မြို့နယ်မှာပဲ ပျက်သွားတာပေါ့။ သူကမှ ဆောင်ရွက်ပေးခြင်းမရှိဘူး။.သူပါပေါင်းလုပ်နေတယ်ဆိုရင် ခုံဖွဲ့ပြီး သူလုပ်တဲ့ပြစ်မှုအတိမ်၊ အနက်ပေါ်မူတည်ပြီး အရေးယူသွားမှာပါ"ဟု ၎င်းကပြောသည်။
No photo description available.
သတင်း - မောင်ပီး
<zawgyi>
လျှပ်စစ်မီတာဘောက်များကို အမြန်ကြေးယူတပ်ဆင်ခြင်းနှင့် ဘက်လိုက်တပ်ဆင်ခြင်းများ ဖြစ်ပေါ်နေ
Friday , February 28 , 2020

ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) အတွင်း ရပ်ကွက်တချို့တွင် လျှပ်စစ်မီတာဘောက်များကို အမြန်ကြေးယူ၍ မြို့နယ် EPC ဝန်ထမ်းများလာရောက်တပ်ဆင်ပေးနေမှုများရှိနေကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) ၁၆၈ ရပ်ကွင်နေပြည်သူများထံမှသိရသည်။
"မီတာလျှောက်ထားတဲ့အခါ အရင်ကလိုမဟုတ်ဘဲ တင်ဒါစနစ်နဲ့ခေါ်ရတာရှိပါတယ်။ ဥပမာ- ကျွန်တော်တို့မြို့နယ်မှာ မီတာဘောက်အလုံး ၂၀၀ ကျတယ်ဆိုပါတော့ လျှပ်စစ်မီတာမရှိခင်ကတည်းက မြို့နယ် EPC ရုံးမှာ လျှောက်လွှာတင်ထားတဲ့သူတွေကို အဲ အလုံး ၂၀၀ ထဲက အလှည့်ကျတစ်သုတ်ချင်း တပ်ပေးရမယ်။အဲမှာ ပြဿနာကဘာလဲဆိုတော့ မီတာလည်းကျပြီ စီနီယာအလိုက်လျှောက်ထားသူတွေ အလှည့်ကျ တပ်ဆင်ပေရမယ့်အစား အခုမှ မြေကွက်လာဝယ်ပြီး အမြန်ကြေးနဲ့ လျှောက်တဲ့ ပိုက်ဆံရှိသူတွေက အခုထလျှောက် အခုမီတာထရပြီး စီနီယာနဲ့လျှောက်နေတဲ့သူတွေက မရဘူးဖြစ်နေတယ်"ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) ၁၆၈ ရပ်ကွက်နေ ကိုအောင်ကျော်မျိုးကပြောသည်။
ယင်းသို့လျှပ်စစ်မီးရရှိရန်လျှောက်ထားရာတွင် ၂၀၁၉ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း လျှောက်လွှာတင်ထားသည့် နေအိမ်များယခုအချိန်ထိ လျှပ်စစ်မီးမရရှိသေးဘဲ မကြာခင်မှမြေဝယ် အိမ် ဆောက်လုပ်နေပြီး အိမ်လုံးမပေါ်သေးသည့် နေရာများကို မီတာဘောက်လာချိတ်ခြင်း၊ ယနေ့လျှောက် နောက်နေ့လာရောက်၍ မီတာဘောက်တပ်ပေးသွားသည် အိမ်အများအပြားရှိနေသည်ဟုဆိုသည်။
ထို့ပြင် ပုံမှန်လျှပ်မီးလျှောက်ထားလြှငျ မီတာဘောကျခပြေးတော့မညျဆိုပါက မြို့နယ် EPC ရုံးမှ ပထမအဆင့် နေအိမ်သို့လာကြည့်ပြီး၊ ဒုတိယအဆင့်အနေဖြင့် မြို့နယ် EPC ရုံးတွင် ငွေကျပ် ကိုးသောင်းသွင်းရသော် လည်း အမြန်ကြေးဖြင့် တက်ဆင်သူများမှာ ငွေကျပ် နှစ်သိန်းခွဲမှ သုံးသိန်းထိကုန်ကျကြောင်း ယင်းရပ်ကွက်မှသိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်) EPC ရုံးမန်နေဂျာ ဦးမြင့်ဆွေအား ဆက်သွယ်မေးမြန်ရာတွင် "ပထမ လျှပ်စစ်မီးရဖို့ လျှောက်လွှာထပ်ထားတဲ့သူတွေက ဒီအတိုင်းထပ်ထားကြတာပေါ့။ အဲဒါကိုပုံမှန်အတိုင်းစီနီယာအလိုက်ကျွန်တော်တို့မီတာဘောက်တွေတက်ပေးသွားမယ်။ ဒါပေမဲ့ အဲဒီမှာဘာဖြစ်လဲဆိုတော့ ကိုယ့်ဘာသာဝယ်ချင်တဲ့လူတွေ လာဝယ်ကြလို့ပြောထားတဲ့အခါကြတော့ အုပ်စုလိုက် အယောက် ၂၀၊ ၃၀ စုပြီး ကိုယ့်ဘာသာဝယ်မယ်ဆိုပြီး လျှောက်လွှာလာတင်ကြတယ်။ အဲ့ထဲကမှ သူတို့်အုပ်စုလိုက် အဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးက ဦးဆောင်ပြီး EPC ဝန်ထမ်းတွေနဲ့ မီတာဘောက်ကျတာမျိုးရှိတယ်။အခုက အဲလိုအပြင်ကဝယ်တဲ့ဟာကို ရပ်လိုက်ပြီလို့ ရုံးချုပ်ကပြောတဲ့အတွက် ဒါကိုရပ်လိုက်ပါပြီ၊ အခုက တန်းစီထားတဲ့သူတွေပြန်ရမှာပါ"ဟု ပြောသည်။
အစိုးရမှ လျှပ်စစ်မီးချပေးရာတွင် မီတာဘောက်များကို အမြန်ကြေးဖြင့်တက်ဆင်းခြင်းမျိုးမရှိဘဲ တရားဝင်ခွင့်ပြုထားသည်မှာ မြို့နယ် EPC ရုံးတွင် တရားဝင်လျှောက်ထား၍ စီနီယာအလိုက်သာတတ်ဆင်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ရပ်ကွက်များတွင် ဆောင်ရွက်နေခြင်းမျိုးတွေ့ရှိပါက မြို့နယ် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မန်နေဂျာသို့ လိုအပ်သလိုအရေးယူပေးပါရန်တိုင်ကြားနိုင်ပြီး တစ်စုံတစ်ရာထူးခြားမှုမရှိပါက ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသို့လိပ်မူ၍ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အပေးရေးကိုပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပထမဆင့် မြို့နယ်လူကြီးသိအောင်တင်ပြရမယ်။ အဲကမှဖြေရှင်းရင် မြို့နယ်မှာပဲ ပျက်သွားတာပေါ့။ သူကမှ ဆောင်ရွက်ပေးခြင်းမရှိဘူး။.သူပါပေါင်းလုပ်နေတယ်ဆိုရင် ခုံဖွဲ့ပြီး သူလုပ်တဲ့ပြစ်မှုအတိမ်၊ အနက်ပေါ်မူတည်ပြီး အရေးယူသွားမှာပါ"ဟု ၎င်းကပြောသည်။
သတင်း - မောင်ပီး

0 comments:

Post a Comment