Monday, February 3, 2020

အစိုးရမှ သူရဦးအောင်ကိုရဲ့ ပြောဆိုမှုများကို အရေးယူပေးဖို့ တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော


Image may contain: 5 people, people standing
ဦးဝီရသူနဲ့ ဦးလှဆွေ(ဘူးလက်လှဆွေ)ကို မဖမ်းတာနဲ့ပတ်သက်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ တပ်မတော်အပေါ်ပြောဆိုချက်တွေဟာ အခြေအမြစ်မရှိလို့ဆိုပြီး အရေးယူပေးဖို့ နိုင်ငံတော်အစိုးရကို တပ်မတော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ(၃)ရက်နေ့ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်တာဖြစ်ပါတယ်။

"အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေတဲ့စိတ်နဲ့ လုပ်တာကတော့ မကောင်းဘူးလို့ပြောလိုပါတယ်။ အဲဒီပြော ဆိုတာနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့သဘောထားကတော့ လုံးဝအခြေအမြစ်မရှိတဲ့ ဥပဒေနဲ့မညီတဲ့ လက်လွတ် စပယ်ပြောကြားချက်လို့ ပြောလိုပါတယ်။ တပ်မတော်အနေနဲ့ အဲဒီလိုအခြေ အမြစ်မရှိ ဥပဒေလက်လွတ် ပြောကြားချက်တွေကို ငြင်းဆိုပါတယ်၊ ကန့်ကွက်ပါတယ်။ အစိုးရရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ ဝန်ကြီး တစ်ယောက်ရဲ့ ဒီလိုပြောကြားချက်တွေကို ဖြေရှင်းပေးဖို့၊ အရေးယူပေးဖို့ တင်ပြလိုပါတယ်။”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဦးဝီရသူနဲ့ ဦးလှဆွေတို့ကို ဖမ်းဆီးဖို့ အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တာဝန်ပေးရမှာဖြစ်သလို အဲဒီရဲတပ်ဖွဲ့ကို အုပ်ချုပ်နေတာက အစိုးရအဖွဲ့မဟုတ်ဘဲနဲ့ ဘယ်အဖွဲ့က အုပ်ချုပ်နေလဲဆိုတာ အားလုံးသိတယ်လို့ ဇန်နဝါရီ(၂၆)ရက်က ရန်ကုန်မြို့၊ City Hotel Yangon မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ စုံညီအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၃၂)၊ ပုဒ်မခွဲ(ခ)ရဲ့ ပုဒ်မခွဲငယ်(၂)အရ ပြည်ထောင်စုဝန်ကြီးကို တပ်မတော် က အမည်စာရင်းတင်သွင်းတာဖြစ်ပေမယ့် ကွပ်ကဲမှု၊ အုပ်ချုပ်မှုက အစိုးရအဖွဲ့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိတယ် လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ(၂၁၆)ကနေ (၂၂၀)အထိ ပြည်ထောင်စုအစိုးရ အုပ်ချုပ်မှုအခွင့် အာဏာ ပုဒ်မ(၂၀၁)ကနေ ပုဒ်မ(၂၁၅)အထိ အကျုံးဝင်တဲ့ နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်မှာလည်း ပါရှိတယ်လို့ တပ်မတော်ကဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ(၂၀)ရဲ့ ပုဒ်မခွဲ(ဂ)မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်တယ်လို့ ပြဌာန်းထားပြီး အခု ပြည်ထောင်စုလွှတ်တော်ကို (၄၅)ဦး ကော်မတီက တင်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းမှာတော့ အဲဒီအချက်ကို ပယ်ဖျက်ထားပါတယ်။

ဦးဝီရသူနဲ့ ဦးလှဆွေကိုတော့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ရာဇသတ်ကြီးပုဒ်မ(၁၂၄)(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
>>Zawgyi>>
အစိုးရမှ သူရဦးအောင်ကိုရဲ့ ပြောဆိုမှုများကို အရေးယူပေးဖို့ တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော
Monday , February 3 , 2020

ဦးဝီရသူနဲ့ ဦးလှဆွေ(ဘူးလက်လှဆွေ)ကို မဖမ်းတာနဲ့ပတ်သက်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုရဲ့ တပ်မတော်အပေါ်ပြောဆိုချက်တွေဟာ အခြေအမြစ်မရှိလို့ဆိုပြီး အရေးယူပေးဖို့ နိုင်ငံတော် အစိုးရကို တပ်မတော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ(၃)ရက်နေ့ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်တာဖြစ်ပါတယ်။

"အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေတဲ့စိတ်နဲ့ လုပ်တာကတော့ မကောင်းဘူးလို့ပြောလိုပါတယ်။ အဲဒီပြော ဆိုတာနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့သဘောထားကတော့ လုံးဝအခြေအမြစ်မရှိတဲ့ ဥပဒေနဲ့မညီတဲ့ လက်လွတ် စပယ်ပြောကြားချက်လို့ ပြောလိုပါတယ်။ တပ်မတော်အနေနဲ့ အဲဒီလိုအခြေ အမြစ်မရှိ ဥပဒေလက်လွတ် ပြောကြားချက်တွေကို ငြင်းဆိုပါတယ်၊ ကန့်ကွက်ပါတယ်။ အစိုးရရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ ဝန်ကြီး တစ်ယောက်ရဲ့ ဒီလိုပြောကြားချက်တွေကို ဖြေရှင်းပေးဖို့၊ အရေးယူပေးဖို့ တင်ပြလိုပါတယ်။”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဦးဝီရသူနဲ့ ဦးလှဆွေတို့ကို ဖမ်းဆီးဖို့ အဓိကတာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တာဝန်ပေးရမှာဖြစ်သလို အဲဒီရဲတပ်ဖွဲ့ကို အုပ်ချုပ်နေတာက အစိုးရအဖွဲ့မဟုတ်ဘဲနဲ့ ဘယ်အဖွဲ့က အုပ်ချုပ်နေလဲဆိုတာ အားလုံးသိတယ်လို့ ဇန်နဝါရီ(၂၆)ရက်က ရန်ကုန်မြို့၊ City Hotel Yangon မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ စုံညီအစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၃၂)၊ ပုဒ်မခွဲ(ခ)ရဲ့ ပုဒ်မခွဲငယ်(၂)အရ ပြည်ထောင်စုဝန်ကြီးကို တပ်မတော် က အမည်စာရင်းတင်သွင်းတာဖြစ်ပေမယ့် ကွပ်ကဲမှု၊ အုပ်ချုပ်မှုက အစိုးရအဖွဲ့မှာ လုပ်ပိုင်ခွင့်အပြည့်ရှိတယ် လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ(၂၁၆)ကနေ (၂၂၀)အထိ ပြည်ထောင်စုအစိုးရ အုပ်ချုပ်မှုအခွင့် အာဏာ ပုဒ်မ(၂၀၁)ကနေ ပုဒ်မ(၂၁၅)အထိ အကျုံးဝင်တဲ့ နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်မှာလည်း ပါရှိတယ်လို့ တပ်မတော်ကဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ(၂၀)ရဲ့ ပုဒ်မခွဲ(ဂ)မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ္ဟာ လက္နက္ကိုင္တပ္ဖြဲ႕အားလုံးရဲ့ အကြီးအကဲဖြစ်တယ်လို့ ပြဌာန်းထားပြီး အခု ပြည်ထောင်စုလွှတ်တော်ကို (၄၅)ဦး ကော်မတီက တင်သွင်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းမှာတော့ အဲဒီအချက်ကို ပယ်ဖျက်ထားပါတယ်။

ဦးဝီရသူနဲ့ ဦးလှဆွေကိုတော့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ရာဇသတ်ကြီးပုဒ်မ(၁၂၄)(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ္။
#Myanmar_Online_News

0 comments:

Post a Comment