Monday, February 3, 2020

ဖုန်းဆင်းမ်ကတ်မှတ်ပုံတင်ဆိုင်ရာ ညွှန်ကြားချက်ကို မလိုက်နာသည့်အတွက် မိုဘိုင်းအော်ပရေတာ ကုမ္ပဏီ ၄ ခု အမေရိ ကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်တပ်အရေးယူ


No photo description available.
မြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အော်ပရေတာ ကုမ္ပဏီ ၄ ခုကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အမေရိကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်တပ် အရေးယူလိုက်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ Telenor Myanmar၊ Ooredoo Myanmar နဲ့ Mytel ကုမ္ပဏီတို့ဟာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဖုန်းဆင်းမ်ကတ်မှတ်ပုံတင်ဆိုင်ရာ ညွှန်ကြားချက်ကို မလိုက်နာခဲ့တဲ့အတွက် ဒဏ်ကြေးငွေချမှတ်လိုက်တာလို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံထဲမှာ သုံးနေတဲ့ တယ်လီဖုန်းဆင်းမ်ကတ်အားလုံးကို Biometic စနစ်နဲ့ ပြန်လည် မှတ်ပုံတင်ရမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက လွှတ်တော်မှာ ပြောဆိုထားပါတယ်။

ဖုန်းအော်ပရေတာအားလုံးရဲ့ သုံးစွဲသူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားနိုင်တဲ့ command data base တခုတည်ဆောက်ရမှာ ဖြစ်ပြီး စနစ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ လည်း ပြောထားပါတယ်။

လက်ရှိအချိန်မှာတော့ မှတ်ပုံတင်မတင်ထားတဲ့ ဆင်မ်းကတ်ပေါင်း ၆ သန်းကျော်ကို အပြီးပိတ်ခဲ့တယ်လို့ သိရပြီး လက်ရှိ ဈေးကွက်ထဲမှာ အသုံးပြုနေတဲ့ ဖုန်းဆင်းမ်ကတ်ပေါင်း သန်း ၆၀ လောက် ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဆင်းမ်ကတ်သုံးစွဲတာ ၁၀၅ ရာခိုင်နှုန်းနဲ့ စမတ်ဖုန်း သုံးတာ ၈၀ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း မိုဘိုင်းအင်တာနက်ကွန်ရက် ကြီးထွားမှုအမြန်ဆုံး နိုင်ငံတွေထဲကတနိုင်ငံ ဖြစ်လာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဆိုထားပါတယ်။
>>Zawgyi<<
ဖုန်းဆင်းမ်ကတ်မှတ်ပုံတင်ဆိုင်ရာ ညွှန်ကြားချက်ကို မလိုက်နာသည့်အတွက် မိုဘိုင်းအော်ပရေတာ ကုမ္ပဏီ ၄ ခု အမေရိ ကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်တပ်အရေးယူ
Monday , February 3 , 2020
မြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အော်ပရေတာ ကုမ္ပဏီ ၄ ခုကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အမေရိကန်ဒေါ်လာ ၁ သိန်းစီ ဒဏ်တပ် အရေးယူလိုက်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ Telenor Myanmar၊ Ooredoo Myanmar နဲ့ Mytel ကုမ္ပဏီတို့ဟာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဖုန်းဆင်းမ်ကတ်မှတ်ပုံတင်ဆိုင်ရာ ညွှန်ကြားချက်ကို မလိုက်နာခဲ့တဲ့အတွက် ဒဏ်ကြေးငွေချမှတ်လိုက်တာလို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံထဲမှာ သုံးနေတဲ့ တယ်လီဖုန်းဆင်းမ်ကတ်အားလုံးကို Biometic စနစ်နဲ့ ပြန်လည် မှတ်ပုံတင်ရမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက လွှတ်တော်မှာ ပြောဆိုထားပါတယ်။

ဖုန်းအော်ပရေတာအားလုံးရဲ့ သုံးစွဲသူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားနိုင်တဲ့ command data base တခုတည်ဆောက်ရမှာ ဖြစ်ပြီး စနစ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ လည်း ပြောထားပါတယ်။

လက်ရှိအချိန်မှာတော့ မှတ်ပုံတင်မတင်ထားတဲ့ ဆင်မ်းကတ်ပေါင်း ၆ သန်းကျော်ကို အပြီးပိတ်ခဲ့တယ်လို့ သိရပြီး လက်ရှိ ဈေးကွက်ထဲမှာ အသုံးပြုနေတဲ့ ဖုန်းဆင်းမ်ကတ်ပေါင်း သန်း ၆၀ လောက် ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ ဆင်းမ်ကတ်သုံးစွဲတာ ၁၀၅ ရာခိုင်နှုန်းနဲ့ စမတ်ဖုန်း သုံးတာ ၈၀ ရာခိုင်နှုန်း ရှိပြီး ဒေသတွင်း မိုဘိုင်းအင်တာနက်ကွန်ရက် ကြီးထွားမှုအမြန်ဆုံး နိုင်ငံတွေထဲကတနိုင်ငံ ဖြစ်လာတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဆိုထားပါတယ်။
Ref-DVB #Myanmar_Online_News

0 comments:

Post a Comment