၂၀၁၉ ခုနှစ် တစ်နှစ်တာကာလအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ ၉၃၉၄ စောင် ရောက်ရှိခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးတိုင်ကြားခဲ့ပြီး အဆိုပါ တိုင်ကြားစာများအနက် ၈၄ စောင်အား စုံစမ်းစစ်ဆေးမှုပြုခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့သည့် စစ်မှုထမ်း (အငြိမ်းစား) ဦးမြဝင်း ဦးဆောင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ နှစ်စဉ်ရောက်ရှိခဲ့သည့် တိုင်ကြားစာများအဖြစ် ၂၀၁၄ ခုနှစ်တွင် တိုင်ကြားစာ ၉၆၈ စောင် ရောက်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၉၈၃ စောင်၊ ၂၀၁၆ ခုနှစ်တွင် ၇၁၀၊ ၂၀၁၇ ခုနှစ်တွင် ၂၀၁၄ စောင် နှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အငြိမ်းစား) ဦးအောင်ကြည် ဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၈ ခု နှစ်တွင် တိုင်ကြားစာ ၁၀၅၄၃ စောင်၊ ၂၀၁၉ ခုနှစ်တွင် တိုင်ကြားစာ ၉၃၉၄ စောင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာမှုများအရ ကျုးလွန်သူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲတင်ရာတွင် ၂၀၁၄ ခုနှစ် ၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များ၌ နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူများနှင့် ပြင်ပပုဂ္ဂိုလ်များကို တရားစွဲတင်ခဲ့ခြင်းမရှိဘဲ အဆင့်မြင့်အရာရှိတစ်ဦး၊ အရာထမ်း ၁၆ ဦး၊ အမှုထမ်း ၁၇ ဦး၊ ပြည်သူ့ဝန်ထမ်း ၁၆ ဦးတို့ကို တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင်မူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာမှုများအရ ကျုးလွန်သူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲတင်ရာ၌ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူများနှင့် ပြင်ပပုဂ္ဂိုလ်များကိုပါ တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတိုင်ကြားစာ စောင်ရေ ၁၀၀ အတွက် ၁၈၆ ဦးကို တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ၄၆ ဦး အရေးယူနိုင်ခဲ့ကာ အဆိုပါ အရေးယူခံရသူများတွင် နိုင်ငံရေးအရ အာဏာရှိသူ တစ်ဦး၊ အဆင့်မြင့်အရာရှိ ကိုးဦး၊ အရာထမ်း ၁၃ ဦး၊ အမှုထမ်း ၁၇ ဦး၊ ပြည်သူ့ဝန်ထမ်း ခြောက်ဦး စုစုပေါင်း ၄၆ ဦး ကို အရေးယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ တားဆီးကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးမှူးချုပ် ဦးသန့်ဇော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလအထိ စုံစမ်းစစ်ဆေးခဲ့သည့် တိုင်ကြားစာ ၈၃ စောင်နှင့် ၂၀၁၈ ခုနှစ်တွင် စုံစမ်းစစ်ဆေးဆဲ တိုင်ကြားစာ ၁၇ စောင် စုစုပေါင်း တိုင်ကြားစာ ၁၀၀ အပေါ် အရေးယူဆောင်ရွက်မှုများ ပြုရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ တရားစွဲတင်ခဲ့သည့် တိုင်ကြားစာ ၄၅ စောင်မှ တရားစွဲတင်ခဲ့သည့် ဦးရေ ၇၄ ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀ (ခ) ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူမှု ၁၉ စောင်မှ ဝန်ထမ်း ၇၁ ဦး၊ သက်ဆိုင်သည့်ဥပဒေဖြင့် အရေးယူပေးရန် အကြောင်းကြားသည့် တိုင်ကြားစာ လေးစောင်မှ တရားစွဲတင်ခဲ့သည့် လူဦးရေ ၄၁ ဦး စုစုပေါင်း ၁၈၆ ဦးရှိခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား စစ်ဆေးပေါ်ပေါက်ခြင်း မရှိသည့် တိုင်ကြားစာ လေးစောင်နှင့် စုံစမ်းစစ်ဆေးဆဲဖြစ်သည့် တိုင်ကြားစာ ၂၈ စောင် ရှိနေကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာအထိ စာရင်းများအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားလာသော တိုင်ကြားစာ ၉၃၉၄ စောင်နှင့် ၂၀၁၈ ခုနှစ်မှ လက်ကျန် ၆၁၀ စုစုပေါင်း ၁၀၀၀၄ စောင်တွင် စုံစမ်းစစ်ဆေးမှု ၈၄ စောင်သာ ရှိပြီး စီမံအုပ်ချုပ်ရေး လွဲမှားဆောင်ရွက်မှု ၂၀၀၁ စောင်၊ လယ်ယာမြေစီမံခန့်ခွဲမှု ၈၀၉ စောင်၊ တရားစီရင်မှု ၁၄၈၆ စောင်၊ ဌာနတွင်းပုဂ္ဂိုလ်ရေး မမှန်မကန်ဆောင်ရွက်မှု ၄၇၆၉ စောင်၊ တိုင်ကြားစာ ပြန်လည်ရုပ်သိမ်းမှု ၃၃ စောင်နှင့် အထွေထွေတိုင်ကြားစာ ၈၂၂ စောင်ရှိခဲ့သည်။
အဆိုပါ တိုင်ကြားစာများ ရောက်ရှိလာမှုတွင် နေပြည်တော်မှ ၄၈၆ စောင်၊ ကချင်ပြည်နယ်မှ ၁၉၇ စောင်၊ ကယားပြည်နယ်မှ ၃၅ စောင်၊ ကရင်ပြည်နယ်မှ ၁၆၃ စောင်၊ ချင်းပြည်နယ်မှ ၇၅ စောင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၉၃၂ စောင်၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၆၀၊ ပဲခူးတိုင်းမှ ၉၅၇ စောင်၊ မကွေးတိုင်းမှ ၅၄၈ စောင်၊ မန္တလေးတိုင်းဒေသကြီးမှ ၁၈၁၁ စောင်၊ မွန်ပြည်နယ်မှ ၄၇၈ စောင်၊ ရန်ကုန်တိုင်းမှ ၂၂၃၈ စောင်၊ ရခိုင်ပြည်နယ်မှ ၂၇၁ စောင်၊ ရှမ်းပြည်နယ်မှ ၅၃၇ စောင်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၁၁၁၆ စောင် တိုင်ကြားခဲ့ကာ အဆိုပါ တိုင်ကြားမှုများတွင် ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာ အနည်းဆုံးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
Ref : Eleven
>>Zawgyi<<
အဂတိ ကော်မရှင်သို့ ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း တိုင်ကြားစာ ၉၃၉၄ စောင် ရောက်ရှိရာတွင် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှ အများဆုံးတိုင်ကြားခဲ့ကြောင်း သိရ
Sunday , February 16 , 2020

0 comments:
Post a Comment