မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊ပဒါန်းကျေးရွာအနီး ကျောက်တန်းလေးကန်အရှေ့တောင်ဘက် ဝါးရုံတောအတွင်း ကြက်တိုက်လောင်းကစားဝိုင်းအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေ့လည်က ဝင်ရောက်ဖမ်းဆီးရာ လူ ၅၀ ဝန်းကျင်တွင် ၈ ဦးသာ ဖမ်းဆီးရမိကြောင်း သိရသည်။
ကြက်ဝိုင်းတွင် တိုက်ကြက်ဖ ၄ ကောင်၊လောင်းကြေးငွေ၅သိန်း၅ သောင်း ၅ ထောင်၊ ဆိုင်ကယ်၂၂စီး၊လူ ၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး တိုင်းဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးလွင်က ပြောသည်။
ငဖဲမြို့နယ်၊ပဒါန်းကျေးရွာအနီးကျောက်တန်းလေးကန်အရှေ့တောင်ဘက်ဝါးရုံတောအတွင်းကြက်တိုက် လောင်ကစားလုပ်နေသူ လူဦးရေ၅၀ခန့်ပါဝင်သည့်လောင်းကစားဝိုင်းကိုရဲ တပ်ဖွဲ့က ဝင်ဖမ်းရာကြက် ဒိုင်ဖိုးဇော်(ခ)ဆန်းထိုက်၊လောင်းကစားစာရင်းကိုင်မင်းဦး၊ကြက်ကုဇော်ဌေး၊ကြက်တိုက်လောင်းကစားနေသူများဖြစ်သည့် တင်ထွန်းအောင်၊လှိုင် မျိုးထွန်း၊ ဝင်းမြိုင်၊ဇော်မင်းဦးနှင့်ဆန်းမင်းနိုင်တို့ကိုဖမ်းဆီးနိုင်ခဲ့ပြီး ကျန်လူများမှာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဖမ်းဆီးရမိသူ၈ဦးအား ပဒါန်းနယ်မြေရဲစခန်းတွင်(ပ)၁၁/၂၀၂၀၊လောင်း ကစားဥပဒေပုဒ်မ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ပဒါန်းနယ်မြေ ရဲစခန်း
>>Zawgyi<<
ငဖဲမြို့နယ်တွင် ကြက်ဝိုင်းဖမ်းဆီးရာ ၈ ဦးသာမိပြီး ၄၀ ကျော်ထွက်ပြေးလွတ်မြောက်
Sunday , February 16 , 2020
မကွေးတိုင်းဒေသကြီး၊ငဖဲမြို့နယ်၊ပဒါန်းကျေးရွာအနီး ကျောက်တန်းလေးကန်အရှေ့တောင်ဘက် ဝါးရုံတောအတွင်း ကြက်တိုက်လောင်းကစားဝိုင်းအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေ့လည်က ဝင်ရောက်ဖမ်းဆီးရာ လူ ၅၀ ဝန်းကျင်တွင် ၈ ဦးသာ ဖမ်းဆီးရမိကြောင်း သိရသည်။
ကြက်ဝိုင်းတွင် တိုက်ကြက်ဖ ၄ ကောင်၊လောင်းကြေးငွေ၅သိန်း၅ သောင်း ၅ ထောင်၊ ဆိုင်ကယ်၂၂စီး၊လူ ၈ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး တိုင်းဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်မျိုးလွင်က ပြောသည်။
ငဖဲမြို့နယ်၊ပဒါန်းကျေးရွာအနီးကျောက်တန်းလေးကန်အရှေ့တောင်ဘက်ဝါးရုံတောအတွင်းကြက်တိုက် လောင်ကစားလုပ်နေသူ လူဦးရေ၅၀ခန့်ပါဝင်သည့်လောင်းကစားဝိုင်းကိုရဲ တပ်ဖွဲ့က ဝင်ဖမ်းရာကြက် ဒိုင်ဖိုးဇော်(ခ)ဆန်းထိုက်၊လောင်းကစားစာရင်းကိုင်မင်းဦး၊ကြက်ကုဇော်ဌေး၊ကြက်တိုက်လောင်းကစားနေသူများဖြစ်သည့် တင်ထွန်းအောင်၊လှိုင် မျိုးထွန်း၊ ဝင်းမြိုင်၊ဇော်မင်းဦးနှင့်ဆန်းမင်းနိုင်တို့ကိုဖမ်းဆီးနိုင်ခဲ့ပြီး ကျန်လူများမှာထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဖမ်းဆီးရမိသူ၈ဦးအား ပဒါန်းနယ်မြေရဲစခန်းတွင်(ပ)၁၁/၂၀၂၀၊လောင်း ကစားဥပဒေပုဒ်မ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ပဒါန်းနယ်မြေ ရဲစခန်း
0 comments:
Post a Comment