Monday, February 3, 2020

ရန်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃ ဦးတွေ့ရှိ

Image may contain: one or more people and people standingImage may contain: 1 person, standing, walking and outdoor
ရန်ကုန်မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေ့ရှိမှုမှာ ၃ ဦးအထိ ရောက်နေပြီး၊ တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမရှိသည့်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ကဆေးရုံမှပြန်လည်ဆင်းသက်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့၊ နဝဒေးအိမ်ရာတွင် နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား အသက် ၃၂ နှစ်ကို သံသယလူနာအဖြစ် လှိုင်သာယာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီး ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ရေးကို စတင်ဆောင်ရွက်လျှက်ရှိသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင်နေထိုင်သူ အသက် ၁၅ နှစ်အရွယ်အမျိုးသားသည် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဖျားခြင်း၊ချောင်းဆိုးသွေးပါခြင်း၊ အသက်ရှုကြပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသသည်ကို အကြောင်းကြားခဲ့ရာ သက်ဆိုင်ရာပြည်သူ့ ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အားသုံးသပ်ပြီး သံသယလူနာအဖြစ်သတ်မှတ်၍ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသပေးလျှက်ရှိသည်ဟုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ရန်ကုန်လေဆိပ်သို့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံသားအမျိုးသား သံသယလူနာမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိသည့်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆေးရုံမှပြန်လည်ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
Ref-the voice #Myanmar_Online_News
>>Zawgyi<<
ရန်ကုန်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ၃ ဦးတွေ့ရှိ
Monday , February 3 , 2020

0 comments:

Post a Comment