Monday, February 3, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိသော နိုင်ငံစာရင်း WHO ထုတ်ပြန်ချက်တွင် မြန်မာမပါဝင်


Image may contain: text that says 'World Health Organization'
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိသည့် နိုင်ငံစာရင်းတွင် အာဆီယံနိုင်ငံပေါင်း ခြောက်နိုင်ငံအထိ ပါဝင်လာသော်လည်း ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံ ပါဝင်မှု မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှရရှိသည့် အချက်အလက်များအရ သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက်အစောပိုင်း က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှရရှိသည့်အချက်အလက်အရ တစ်ကမ္ဘာလုံးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၄၅၅၇ ရှိပြီး ယင်းတို့ အနက် လူနာ ၁၄၄၁၁ ဦးမှာ တရုတ်ပြည်မှ ဖြစ်ပြီး တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်တွင် ၁၄ ဦး၊ မကာအိုတွင် ခုနစ်ဦးနှင့် ထိုင်ဝမ်တွင် ၁ဝဦးအပါအဝင်ဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၂၁၁၀ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပြီး လူဦးရေ ၃၀၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအနေဖြင့် ဖိလစ်ပိုင် နိုင်ငံတွင်တစ်ဦးရှိလာပြီး သေဆုံးသူသည် ဖိလစ်ပိုင်တွင် ပထမဦးဆုံးတွေ့ရှိသော ဓာတ်ခွဲအတည်ပြုလူနာနှင့် Close contact ရှိခဲ့ကြောင်းနှင့် တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၃ နိုင်ငံတွင်ဖြစ်ပွားမှုရှိနေပြီး အာဆီယံ နိုင်ငံများအနက် ဗီယက်နမ်၊ စင်ကာပူ၊ မလေး ရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ပါဝင်ကြောင်းနှင့် ထပ်တိုးနိုင်ငံမရှိ ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အန္တရာယ်ရှိအဆင့်သတ်မှတ်ချက်အရ တရုတ်နိုင်ငံသည် အလွန်အန္တရာယ်ရှိ Very high အဆင့်တွင် ရှိပြီး ဒေသတွင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိ High အဆင့် သတ်မှတ်ထားဆဲဖြစ်သည်။

“ရောဂါပိုးက လူကနေလူကို ကူးစက်မှု အနေနဲ့ဆိုရင် တရုတ်နိုင်ငံမှာတော့ လူက နေလူကို ကူးစက်မှုတွေရှိနေတယ်ဆိုပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ Limited Human to Human transmission လို့ပဲ သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင်ဖြစ်တဲ့ လူနာတွေနဲ့ မိသားစုဝင်တွေ၊ ဖြစ်တဲ့လူ နာကိုပြုစုရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ပဲ ဖြစ်တာကိုတွေ့ရတဲ့အတွက်ဖြစ်ပါတယ်။ အခုဆိုရင် ခရီးသွားတွေတင် မဟုတ်တော့ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ပိုပြီးတော့ Alert လုပ်လာတဲ့ သဘောပါပဲ” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသည်များအား စနစ်တကျပြည့်စုံစွာ ဖြည့်စွက်ထားမှသာ ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာလေကြောင်းလိုင်းများသို့ အကြောင်း ကြားထားကြောင်းနှင့် တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ပြီးခဲ့သည့် ၁၄ရက်အတွင်း ခရီးသွားခဲ့ခြင်း၊ ပြီးခဲ့သည့် ၁၄ ရက်အတွင်း အဆုတ်ရောင် ရောဂါ (2019 –nCov) ဖြစ်ပွားသည်ဟု သံသယရှိသူနှင့် အတူနေထိုင်ခဲ့ခြင်း၊ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားသည်ဟု အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင်ခဲ့ခြင်း တို့ရှိခဲ့ပြီး အဆုတ်ရောင်ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက အဆုတ်ရောင်ရောဂါ (2019 –nCov) သံသယလူနာဟုသတ် မှတ်နိုင်၍သတိပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇန်နဝါရီ၂၆ ရက်တွင် အသိပေးနှိုးဆော်ခဲ့သည်။
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိသော နိုင်ငံစာရင်း WHO ထုတ်ပြန်ချက်တွင် မြန်မာမပါဝင်
Tuesday , February 4 , 2020
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိသည့် နိုင်ငံစာရင်းတွင် အာဆီယံနိုင်ငံပေါင်း ခြောက်နိုင်ငံအထိ ပါဝင်လာသော်လည်း ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံ ပါဝင်မှု မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှရရှိသည့် အချက်အလက်များအရ သိရသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက်အစောပိုင်း က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှရရှိသည့်အချက်အလက်အရ တစ်ကမ္ဘာလုံးတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၄၅၅၇ ရှိပြီး ယင်းတို့ အနက် လူနာ ၁၄၄၁၁ ဦးမှာ တရုတ်ပြည်မှ ဖြစ်ပြီး တရုတ်နိုင်ငံပြင်ပ ဟောင်ကောင်တွင် ၁၄ ဦး၊ မကာအိုတွင် ခုနစ်ဦးနှင့် ထိုင်ဝမ်တွင် ၁ဝဦးအပါအဝင်ဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၂၁၁၀ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပြီး လူဦးရေ ၃၀၄ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံပြင်ပ သေဆုံးမှုအနေဖြင့် ဖိလစ်ပိုင် နိုင်ငံတွင်တစ်ဦးရှိလာပြီး သေဆုံးသူသည် ဖိလစ်ပိုင်တွင် ပထမဦးဆုံးတွေ့ရှိသော ဓာတ်ခွဲအတည်ပြုလူနာနှင့် Close contact ရှိခဲ့ကြောင်းနှင့် တရုတ်နိုင်ငံပြင်ပ နိုင်ငံပေါင်း ၂၃ နိုင်ငံတွင်ဖြစ်ပွားမှုရှိနေပြီး အာဆီယံ နိုင်ငံများအနက် ဗီယက်နမ်၊ စင်ကာပူ၊ မလေး ရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့ပါဝင်ကြောင်းနှင့် ထပ်တိုးနိုင်ငံမရှိ ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အန္တရာယ်ရှိအဆင့်သတ်မှတ်ချက်အရ တရုတ်နိုင်ငံသည် အလွန်အန္တရာယ်ရှိ Very high အဆင့်တွင် ရှိပြီး ဒေသတွင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိ High အဆင့် သတ်မှတ်ထားဆဲဖြစ်သည်။

“ရောဂါပိုးက လူကနေလူကို ကူးစက်မှု အနေနဲ့ဆိုရင် တရုတ်နိုင်ငံမှာတော့ လူက နေလူကို ကူးစက်မှုတွေရှိနေတယ်ဆိုပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ Limited Human to Human transmission လို့ပဲ သတ်မှတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင်ဖြစ်တဲ့ လူနာတွေနဲ့ မိသားစုဝင်တွေ၊ ဖြစ်တဲ့လူ နာကိုပြုစုရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ပဲ ဖြစ်တာကိုတွေ့ရတဲ့အတွက်ဖြစ်ပါတယ်။ အခုဆိုရင် ခရီးသွားတွေတင် မဟုတ်တော့ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ပိုပြီးတော့ Alert လုပ်လာတဲ့ သဘောပါပဲ” ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူး စက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနက ထုတ်ပြန်ထားသော Health Declaration Form ကို ပြည်ပမှ လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသည်များအား စနစ်တကျပြည့်စုံစွာ ဖြည့်စွက်ထားမှသာ ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတကာလေကြောင်းလိုင်းများသို့ အကြောင်း ကြားထားကြောင်းနှင့် တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ပြီးခဲ့သည့် ၁၄ရက်အတွင်း ခရီးသွားခဲ့ခြင်း၊ ပြီးခဲ့သည့် ၁၄ ရက်အတွင်း အဆုတ်ရောင် ရောဂါ (2019 –nCov) ဖြစ်ပွားသည်ဟု သံသယရှိသူနှင့် အတူနေထိုင်ခဲ့ခြင်း၊ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားသည်ဟု အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင်ခဲ့ခြင်း တို့ရှိခဲ့ပြီး အဆုတ်ရောင်ရောဂါလက္ခဏာများ ပေါ်ပေါက်ပါက အဆုတ်ရောင်ရောဂါ (2019 –nCov) သံသယလူနာဟုသတ် မှတ်နိုင်၍သတိပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနက ဇန်နဝါရီ၂၆ ရက်တွင် အသိပေးနှိုးဆော်ခဲ့သည်။
Ref-Eleven #Myanmar_Online_News

0 comments:

Post a Comment