Tuesday, March 31, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ေရာဂါသည် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို အရှိန်မြှင့် တင်လာနိုင်

ငွေစက္ကူများကို လက်မှ လက်သို့ hand-to-hand ပြောင်းလဲသုံးစွဲခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တဆင့်ဆင့်ကူးစက်နိုင်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများအနေဖြင့် ငွေကြေးအသုံးပြုခြင်းကို ပြန်လည်သုံးသပ်ရန် ဖိအားပေးခံခဲ့ရကြောင်း သိရပါသည်။ အဆိုပါအချက်မှာ COVID-19 သည် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို အပြည့်အဝဖော်ဆောင်ပေးမည့် အထောက်အကူတစ်ခုဖြစ်ခဲ့ပါသည်...

မန္တလေးအခြေစိုက် VOM သတင်းဌာနမှ အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်

ယမန်နေ့ မတ်လ ၃၀ရက် ည ၉ နာရီခွဲအချိန်က ဖမ်းစီးခံခဲ့ရသည့် Voice Of Myanmar (VOM) သတင်းဌာနမှ အယ်ဒီတာချုပ် ကိုနေလင်းကို ယနေ့ ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀ (က)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်ကာ ချုပ်ရီမန်ယူခဲ့ကြောင်း သိရသည်။...

မြစ်ကြီးနားမြို့ဆုတောင်ပြည့်ကျောင်းတိုက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပိုးသတ်ဆေးဖြန်းခြင်း ဆရာတော် သံဃာတော်ရဟန်းတော်များအား ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက်

ယနေ့ (၃၁.၃.၂၀၂၀) နံနက်၉:၀၀မှ နံနက် ၁၀:၃၀ချိန်ထိ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက် လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းနှင့် ဆုတောင်ပြည့်ကျောင်းတိုက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မြစ်ကြီးနား တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော်နိုင် နယ်မြေခံ တပ်ရင်းမှူး BE ၉၀၁မှ ဒုတိယ ဗိုလ်မှူးကြီးမြတ်လှိုင်နှင့် အမှတ် ၁/၃၀၀ ဆေးတပ်မှ ဆေးပါရဂူများ ဗိုလ်ကြီးများဆေးတပ်သားများပါဝင်လျက် ပိုးသတ်ဆေးဖြန်းခြင်း ဆရာတော် သံဃာတော်ရဟန်းတော်များအား လှူဖွယ်များဆက်ကပ်ခြင်း...

ဆင်းရဲနွမ်းပါးသူမျာကြောင့် Coronavirus ရောဂါ ကူးစက်ပျ့နှံ့မှုအား ထိန်းချုပ်ရန် lockdown ပြုလုပ်ထားခြင်းကို တိုးမြှင့်မည်မဟုတ်ကြောင်း အိန္ဒိယအစိုးရ ပြောကြား

အိန္ဒိယနိုင်ငံအနေဖြင့် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ စီးဆင်း နေမကို ထိန်းသိမ်းရန်နှင့် ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အလုပ်လက်မဲ့လူတန်းစားများအား ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး Coronovirus ရောဂါ ကူးစက်ပျ့နှံ့မှုအား ထိန်းချုပ်ရန် ၂၁ ရက်ကြာ lockdown ပြုလုပ်ထားခြင်းကို တိုးမြှင့်မည်မဟုတ်ကြောင်း အိန္ဒိယအစိုးရမှ တနင်္လာနေ့ ကကြားခဲ့ပါသည်...

KIA အဖွဲ့မှထောင်ထားသည့် တိုက်မိုင်းတစ်လုံးတိုက်မိ ပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိ

ကချင်ပြည်နယ်၊ ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါကျေးရွာနေ ဦးဘရန်ရှောင်(ဘ)ဦးမရန်လဘောက်နှင့် သားဖြစ်သူ ဦးနော်ထွဲတို့နှစ်ဦးသည် မတ် ၂၉ ရက် နံနက် ၈ နာရီခန့်တွင် ထင်းခွေရန် ကျေးရွာမှ ထွက်ခွာခဲ့ရာ ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာသို့ အရောက်၌ KIA အဖွဲ့မှထောင်ထားသော တိုက်မိုင်းတစ်လုံးအား ဦးဘရန်ရှောင်မှ တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်...

မိမိကိုယ်တိုင်ဖျားနာနေတာ(သို့မဟုတ်)ဖျားနာနေသူကို ပြုစုနေရတာ မဟုတ်ပါက Mask တပ်ထားဖို့ မလိုကြောင်း WHOမှ တာဝန်ရှိသူ ပြောကြား

မိမိကိုယ်တိုင်ဟာ Covid-19 ကြောင့် ဖျားနေတာ(ဒါမှမဟုတ်) ဖျားနေသူတစ်စုံတစ်ယောက်ကို ကူညီပြုစုနေရတာမျိုးမဟုတ်ဘူးဆိုရင် Mask တပ်ထားဖို့ မလိုအပ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)တာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို CNN သတင်းမှာဖော်ပြထားကြောင်း တွေ့ရသည်...

တပ်မတော်မှ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19)ကာကွယ်ရေး အထောက် အကူဖြစ်စေရန်အတွက် ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်း၊ ဆေးစစ်ဆေးပေးခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆက်လက်ဆောင်ရွက်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ အသက်အရွယ်ကြီး ရင့်တော်မူကြသော သံဃာတော်များနှင့် ဘာသာပေါင်းစုံမှ သက်ကြီးဘာသာရေး ခေါင်းဆောင်များ၏ကျန်းမာရေး ကောင်းမွန်စေရေး၊ ရောဂါပိုးပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင် ကာကွယ်ခြင်းများ ဆောင်ရွက်နိုင်ရန် အလေးပေး ဆောင်ရွက်လျက်ရှိသည်။...

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ(၁)ဦး သေဆုံးမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case – 05) သေဆုံးမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် - ၁။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် အမျိုးသား (၁) ဦးသည် ၎င်းတွင် နှာခေါင်းကင်ဆာရောဂါရှိကြောင်းကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလတွင် ကျန်းမာရေးစစ်ဆေးသိရှိခဲ့ပြီး ၎င်းနှာခေါင်းကင်ဆာရောဂါအတွက် ဓာတ်ရောင် ခြည်ကုထုံး (radiation therapy) ကို ဩစတြေးလျနိုင်ငံ၌ (၂၀၁၉) ခုနှစ်၊ မေလအထိခံယူခဲ့ပါသည်...

ပဲခူးတိုင်း အုတ်တွင်းမြို့တွင် လောက်ကိုင်မှပြန်လာသော စောင့်ကြည့်လူနာတစ်ဦး သေဆုံး

ယနေ့ မတ်လ(၃၁)ရက်၊ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဘိုကုန်း အ.ထ.က ကျောင်းမှာ COVID-19 စောင့်ကြည့်ခံနေရသော လူနာတစ်ယောက် သေဆုံးသွားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းက ပြောကြားခဲ့သည်။...

Monday, March 30, 2020

ထိုင်းနိုင်ငံနယ်စပ်မှ ပြန်ဝင်လာမည့် မြန်မာနိုင်ငံသာများအားလုံး ကို Quarantine Campများသို့ ပို့ဆောင်၍ ၁၄ရက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရ

ထိုင်းနိုင်ငံနယ်စပ်မှ ပြန်ဝင်လာမည့် မြန်မာနိုင်ငံသာများအားလုံး ကို Quarantine Campများသို့ ပို့ဆောင်၍ ၁၄ရက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ၎င်း၏လူမှုကွန်ယက်ကိုယ်ပိုင်စာမျက်နှာတွင်ရေးသားထားသည်။...

စပိန်ကျန်းမာရေးအရေးပေါ်ဌာန အကြီးအကဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

စပိန်နိုင်ငံ ကျန်းမာရေး၊ စားသုံးသူရေးရာနှင့် လူမှုဝန်ဆောင်မှုဝန်ကြီးဌာန၊ ကျန်းမာရေးအရေးပေါ်အခြေအနေ ညှိနှိုင်းရေးဌာန၏ ညွှန်ကြားရေးမှူး ဖာနန်ဒိုဆိုင်မွန်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၃၀ ရက်တွင် အတည်ပြုပြောကြားသည်။...

COVID-19 ကိုရိုနာဗိုင်းရပ်ကူးစက်မှု ထိန်းချုပ်နိုင်ရန် ဗီယက်နမ်မြို့ကြီးတွင် lockdown အတွက် အသင့်ပြင်ထားကြရန် ဝန်ကြီးချုပ် အသိပေး

အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၀၀ နီးပါးထိ မြင့်တက်လာခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ရပ်တန့်စေဖို့အတွက် နိုင်ငံရဲ့ အဓိကမြို့ကြီးများအနေဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က အသိပေးပြောကြားခဲ့သည်။...

CIDအဖွဲ့မှဟုပြောဆိုကာ Voice Of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို လာရောက်ခေါ်ဆောင်မှုဖြစ်ပွား

ယမန်နေ့ မတ်လ(၃၀)ရက်နေ့ ည (၉:၃၀)ချိန်ခန့်တွင် မန္တလေးအခြေစိုက်သတင်းတစ်ခုအဖြစ် ရပ်တည်နေသည့် Voice Of Myanmar သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းကို CIDအဖွဲ့ကလို့ပြောဆိုကာ ကိုနေမျိုးလင်း၏နေအိမ်သို့ လာ‌ရောက်ခေါ်ဆောင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။...

ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID 19 လူနာအမှတ် ၅ ကွယ်လွန်

မင်္ဂလာတောင်ညွန့်မြို့နယ် က လူနာအမှတ် ၅ ဟာ ဒီနေ့ မနက် ၇ နာရီ လေးဆယ်က ဝေဘာဂီဆေးရုံမှာ ကွယ်လွန်သွားပြီလို့ သတင်းရရှိပါတယ်။...

COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်သည့်အနေဖြင့် လာအိုနိုင်ငံ၌ ခရီးသွားလာမှုများကန့်သတ်

လာအိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်သည့်အနေဖြင့် နိုင်ငံတစ်ဝန်း ခရီးသွားလာမှုများ ကန့်သတ်လိုက်ပြီဖြစ်ကြောင်း လာအိုအစိုးရက ယနေ့ကြေညာခဲ့သည်။...

ကမ္ဘာကပ်ရောဂါ Covid-19 ကြောင့် အီရန်၊ စပိန်နဲ့ ဂျာမနီနိုင်ငံတို့ရဲ့ သေဆုံးမှု အခြေအနေများ

အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၂၇၅၇ ဦး၊ သေဆုံးသူ ၁၁၇ ဦး ထပ်တိုးခဲ့ပြီး စုစုပေါင်း ဗိုင်းရပ်စ်ကူးစက်လူနာ ၄၁၄၉၅ ဦး၊ သေဆုံးသူ ၂၇၅၇ ဦးထိ ရှိလာခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ Kianush Jahanpur က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်...

Covid-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း တောင်ငူက ရှင်ပြုအလှူရှင်ကို ကူးစက်ရောဂါဥပဒေနဲ့ အရေးယူဖို့ဆုံးဖြတ်

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့မှာ မတ်လ(၃၀)ရက်မနက်ပိုင်းက ရှင်ပြုအလှူလုပ်ခဲ့တဲ့အတွက် အလှူရှင်ကို ကူးစက်ရောဂါများနှိမ်နင်းရေး ဥပဒေနဲ့ အရေးယူဖို့ဆုံးဖြတ်လိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီက သိရပါတယ်...

မောင်တောမြို့နယ်၌ ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မောင်တောမြို့နယ်၌ မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံး ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်...

Covid-19 တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂက မြန်မာကို ပိုးစစ်ပစ္စည်း(Test Kits) (၅)သောင်း ထောက်ပံ့ပေးမည်

ကိုဗစ် တိုက်ဖျက်ရေးပိုလုပ်ဆောင်လာနိုင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂက ပိုးစစ်ဆေးတဲ့ပစ္စည်း Test Kits (၅) သောင်းကို မြန်မာနိုင်ငံအတွက် ထောက်ပံပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်...

Covid-19 ဗိုင်းရပ်စ် အရေးတော်ပုံကို တာဝန်သိပြည်သူတစ်ဦး ရေးပို့လာတဲ့ စာ

သနားစရာအကြောင်း(လုံးဝ)မရှိတော့တဲ့အခြေနေရောက်ခဲ့ပြီ။ အခုဖြစ်နေကြတဲ့ကိစ္စမှာမြန်မာပြည်ကပညာ တတ်နည်းတာမနည်းတာ၊ဆင်းရဲကြတာတွေနဲ့မဆိုင်ကြတော့ဘူး၊ တစောက်ကန်းတယူသန်တွေများနေတယ်ဆိုတာတဖြည်းဖြည်းနဲ့ဇာတိတွေပေါ်လာတဲ့အချိန်ရောက်လာပြီ။ ပညာတတ်တွေဘယ်လောက်နည်းတယ်ပြောပြော ဈေးထဲကကုန်စိမ်းရောင်းတဲ့သူ၊ဆိုက်ကားနင်းသူ၊ ကွမ်းယာရောင်းသူကအစ လက်ထဲမှာဖုန်းကိုယ်စီရှိနေကြပြီ။ Facebook နဲ့လည်းမစိမ်းကြတော့ဘူး။ Facebook ထဲဝင်ဆဲတာလောက်တော့ရေးတတ်ကြတဲ့သူတွေကြားမှာ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ကပ်ရောဂါနဲ့ပတ်သတ်တဲ့သတင်း၊...

ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တပ်မတော်သို့လက်နက်၊ ခဲယမ်းများ အပ်နှံပြီးစီး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာနှင့် အနီးတစ်ဝိုက်မှ မူးယစ် ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း အမြောက်အမြားနှင့် တရားမဝင် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခြင်း၊ ယင်းနှင့်ဆက်စပ်၍ ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့မှ တပ်မတော်သို့ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခြင်းသတင်းအား မတ်လ ၂၇ ရက်နေ့ မြဝတီရုပ်မြင်သံကြားသတင်း၊ မတ်လ ၂၈ ရက်ထုတ် မြဝတီသတင်းစာတွင်...

Covid-19 အတည်ပြုလူနာ (၁၄) ၏ ခရီးသွားလာမှု မှတ်တမ်းများ

ကျောက်မဲမြို့ မှာ ၁၄ ယောက်မြောက် Covid -19 ရောဂါပိုးစစ်ဆေးတွေ့ရှိသူ အတည်ပြုလူနာဟာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ထိုင်းနိုင်ငံ ကနေ မတ်လ ၂၅ရက်နေ့က မယ်ဆိုင်မြို့ကနေ တာချီလိတ်မြို့ အမှတ် ( ၁ ) ချစ်ကြည်ရေးတံတားကနေ လူပေါင်း ၈၆၅ ဦးနှင့်အတူဝင်ရောက်လာပြီး ဝမ်ကောင်းရပ်ကွက် ဧရာဝဏ်ဟိုတယ်မှာ ၂ ရက်တာတည်ခိုပြီး မတ်လ ၂၇ ရက်နေ့မှာ KBZ Airline နဲ့ မန္တလေးမြို့ကိုစီးနင်းလိုက်ပါသွားပါတယ် ။...

မြန်မာနိုင်ငံတွင် Covid-19 လူနာ(၁၄)ဦး တွေ့ရှိထားပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ(၃၇,၇၈၀)ဦး နှင့် ကူးစက်ခံရသူ(၈)သိန်းနီးပါးအထိရှိလာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မတ်လ ၂၈ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၇,၇၈၀) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၇၈၄,၃၈၁) ဦး ကူးစက်ခံထားကြောင်း သိရသည်။...

ထိုင်းနိုင်ငံ ဘက်မှပြန်လာသော ပြည်တော်ပြန်တစ်ဦး မကွေးရောက်ရောက်ချင်း ဆေးရုံပို့ရ

ယနေ့ မြဝတီမှ မကွေးမြို့သို့ အစိုးရအစီစဉ်ဖြင့်Express ကားပေါ်တွင် လိုက်ပါလာသောမင်းဘူးမြို့နယ်မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အသက်ရှူကြပ်ပြီး၊ အပြင်းဖျားနေသဖြင့် ဆေးရုံသို့ပို့ပေးပါရန် ..ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာဒေါ်ဥမ္မာအေးမှ ဖုန်းဆက်အကူညီတောင်းခံလာသဖြင့် ရောင်စုံမေတ္တာအသင်းဥက္ကဋ္ဌမှ PPE ဝတ်စုံအပြည့်ဖြင့်သွားရောက်ကာ မကွေးသင်ကြားရေးဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။...

နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ နေပြည်တော်ရှိ COVID-19 Volunteer Team သို့ စောင့်ကြည့်လူနာများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

COVID-19 Volunteer Team(NCVT) သို့ အလှူငွေများနှင့် နေပြည်တော်၊ ပုဗ္ဗသီရိ ကုတင် ၅၀ ဆေးရုံရှိ COVID-19 စောင့်ကြည့်လူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပေးအပ်လှူဒါန်းခဲ့သည်။...

COVID-19 ကို ထိန်းချုပ်ကာကွယ်ရန်အတွက် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ lockdown ချ

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို ယနေ့(မတ် ၃၀)မှစ၍ lockdown လုပ်လိုက်ပြီဖြစ်ပြီး ခရီးသည်များ အဝင်အထွက်ကိုပါ တားမြစ်လိုက်ပြီဖြစ်ပါတယ်။ ယင်းအမိန့်သည် အနည်းဆုံး တစ်လခန့် တည်ရှိမည်ဖြစ်ကြောင်း ဖူးခက်အုပ်ချုပ်ရေးမှူး Pakkapong Taweepat ကပြောသည်...

COVID-19 နှင့်ပတ်သက်သော သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Viber Group စတင်ဖွင့်လှစ်

COVID-19 နှင့်ပတ်သက်သော သတင်းများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Viber Group စတင်ဖွင့်လှစ်ပြီး လက်ရှိအချိန်အထိ Member စုစုပေါင်း (413756) ဦးရှိနေပါတယ်။...

Covid-19 ကာကွယ်ရေးအတွက် မင်းလှမြို့၌ ပြည်တော်ပြန်များ (၁၄)ရက်ထားရှိမည့် နေရာများကို တပ်မ တော်မှ ပိုးသတ်ဆေးများဖြန်းပေး

Covid-19 ကာကွယ်ရေးအတွက် မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်၌ ထားရှိမည့် ပြည်တော်ပြန်(ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများ)များ ထားရှိမည့် နေရာများကို မကွေးတိုင်းဒေသကြီးအခြေစိုက် စနခ-၉၄၉(စစ်လက်နက်ခဲယမ်း)မှ ပိုးသတ်ဆေးများ လိုက်လံ ဖြန်းပေးလျှက်ရှိပါတယ်။...

မြိတ်မြို့သို့ နိုင်ငံခြားသား (၄)ဦး ယနေ့ ရန်ကုန်မှ ဆိုက်လာသည့် ကားပေါ်မှ ပါလာသောကြောင့် Covid -19 စောင့်ကြည့် ကျန်းမာရေးဌာနသို့ ပို့ဆောင်

ယနေ့မတ်လ (၃၀) ရက်နေ့ (၁၂:၁၀)အချိန် မြိတ်အများပိုင် ကားကြီးဝင်းသို့ ရန်ကုန်-မြိတ် ဆိုက်ရောက်သည့် မန္တလားမင်း မှန်လုံးနှင့် ခိုင်မန္တလေး မှန်လုံးကားတို့တွင် ပြင်သစ်နိုင်ငံသားနှင့် ကနေဒါနိုင်ငံသား (၄) ဦး ပါရှိလာသဖြင့် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်/မြို့နယ်စည်ပင်သာယာရေးကော်တီဉက္ကဌ ဦးမြတ်ကို သက်ဆိုင်ရာ ကျန်းမာ့ရေးဌာန/ဌာနဆိုင်ရာများဖြင့် (covid-19)ကျန်းမာ့ရေးစစ်ဆေး၍ (၁၄)ရက်စောင့်ကြည်နိုင်ရန် ကလွင်ကျေးရွာအုပ်စု/အေးရိပ်ချောင်းဘုန်းကြီးကျောင်းရှိ...

နယ်စပ်မှ ဖြတ်သန်းဝင်ရောက်လာသည့် အလုပ်သမားများထဲမှ Covid -19 အတည်ပြုလူနာတွေ့ရှိပြီးနောက်ကပ်ရောဂါကြီးအသွင် ဖြစ်ပွားနိုင်ကြောင်း သတိပေး

ထိုင်းနိုင်ငံမှတစ်ဆင့်မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်ကို ဖြတ်သန်းဝင်ရောက်ခဲ့သည့် မြန်မာအလုပ်သမားများထဲမှ တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကပ်ရော ဂါကြီး ဖြစ်လာနိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။...

အမြန်လမ်းတွင် လုယက်မှုကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီးအရေးယူမှုများပြုလုပ်

မတ်လ (၂၇)ရက် နံနက် (၀၃၀၀) နာရီချိန်ခန့်တွင် နေပြည်တော် -ရန်ကုန် လမ်းပိုင်း မိုင်တိုင် (၉၁/၂ ) အနီး၌ ရပ်နားထားသော ယာဉ်ငယ် တစ်စီး လုယက်ခံရပြီးနောက် ကျူးလွန်သူများအား နာရီပိုင်းအတွင်း ဖော်ထုတ် ဖမ်းမိပြီး စပ်ဆက် တရားခံ များကို ဆက်လက်ဖော်ထုတ်ကာယနေ့ မတ်လ (၃၀) ရက်တွင် တရားစွဲတင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်...

AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ထံသို့ ရိက္ခာ ပို့ဆောင်သည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၂ ရက် နံနက် ၉နာရီခွဲခန့်တွင် ကုလားတန်မြစ်ကြောင်း အတိုင်း မာလာကျေးရွာဘက်မှ ဒတ်ဖြူ ကျေးရွာဘက်သို့ မောင်းနှင် လာသော မသင်္ကာဖွယ် စက်လှေတစ်စင်းကို တွေ့ရှိရ သဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ရာ စက် လှေသည် အနောက်သို့ မောင်းနှင် ထွက်ပြေး သွားခဲ့ပြီး ရပ်တန့်ရန်ပြောဆိုခဲ့သော်လည်း ဆက်လက်မောင်းနှင် ထွက်ပြေး သွားသော ကြောင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ တင်းမကျေးရွာ၏...

COVID-19နှင့်ပတ်သက်ပြီး ပြည်သူများသိချင်တဲ့ မေးခွန်းကို ဖြေကြားပေးနိုင်ရန်အတွက် Call Center ထူထောင်မည်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါနဲ့ပတ်သက်ပြီး တနိုင်ငံလုံးက ပြည်သူတွေသိချင်တဲ့ မေးခွန်းတွေကို ဖြေကြားပေးနိုင်ဖို့အတွက် Call Center ထူထောင်သွားမယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်ကပြောပါတယ်...

COVID-19 ထပ်တိုးလူနာတွေ့ရှိသည့် မင်္ဂလာတောင်ညွန့်မြို့နယ် ၁ဝ၁ လမ်းအတွင်း ရပ်နားထားသောကားများကို အပြင်ထွက်ခွင့်ပိတ်၊ မလိုက်နာသူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ထပ်တိုးလူနာတွေ့ရှိခဲ့သည့် ၁၀၁ လမ်းအတွင်း ရပ်နားထားသော ကားများကို အပြင်ထွက်ခွင့်ပိတ်လိုက်ပြီး စည်းကမ်းမလိုက်နာသူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဇော် ဝင်းထွန်းက ပြောသည်။...

Sunday, March 29, 2020

COVID-19 ကာကွယ်ရေးအထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ဘုန်းတော်ကြီးနှင့်သီလရှင် ကျောင်းများ၊ ဘာသာရေးအသင်း အဖွဲ့များသို့ တပ်မတော်သားများမှ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းပေး

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ(Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization -WHO)က မတ် ၁၁ ရက်တွင် တရားဝင် သတ်မှတ်ခဲ့သဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရကလည်း COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး နိုင်ငံအတွင်း ကူးစက်ရောဂါပျံ့နှံ့မှု မရှိစေရေး ကာကွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ကဏ္ဍ အသီးသီးမှ အဖွဲ့များ၊...

Covid -19 စတင်ဖြစ်ပွားသော တရုတ်နိုင်ငံ ဝူဟန်မြို့တော်ကြီးကို ၂လတာ Lock Down အပြီး မြေအောက်ရထားများ စတင်ပြေးဆွဲ

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့တော်ကြီးတွင် Coronavirus ပိုးစတင်တွေ့ရှိခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ နီးကိုကူးစက်ပျံ့နှံ့သွားစေခဲ့တဲ့ ဝူဟန်မြို့ဟာ ဖေဖဝါရီလ ၂၃ ရက်နေ့မှစတင်၍ ၂ လတာ Lock Down ပြု လုပ်ထားရာမှ ရောဂါကူးစက်မှုနှုန်း သိသိသာသာကျဆင်းလာသည့်အတွက် မတ်လ ၂၈ ရက်နေ့မှစတင်ကာ ဖြေလျော့မှုအစီမံတစ်ချို့ကို စတင်ဆောင်ရွက်ကာ ဧပြီလ ၈ ရက်နေ့မတိုင်မီ မြေအောက်ရထားပြေးဆွဲခြင်းဝန်ဆောင်မှုလုပ်ငန်းကို စတင်လိုက်ပြီလို့ AFP သတင်းတစ်ပုဒ်မှာဖော်ပြထားပါသည် ။...

COVID-19 တိုက်ဖျက်နေချိန် ကိုယ်လုပ်တော်များနှင့် ဂျာမနီ၌ သီးခြားခွဲနေထိုင်နေသည့် ထိုင်းဘုရင်

နိုင်ငံအတွင်း COVID-19 ကူးစက်ရောဂါကပ်ဆိုက်နေချိန်တွင် ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်းသည် ဂျာမနီနိုင်ငံ Gammisch-Partenkirchen မြို့ရှိ ဇိမ်ခံဟိုတယ်၌ နောက်လိုက် အခြွေရံများနှင့်အတူ သီးခြား ခွဲ၍ နေထိုင်လျက်ရှိသည်...

Covid -19 ကူးစက်ဘေးတိုက်ဖျက်ရေးအတွက် ဆေးဘက်အဖွဲ့ နိုင်ငံခြားစေလွှတ်မှု အမေရိကန် ပယ်ချသည့်အပေါ် ကျူးဘား ဝေဖန်

ကျူးဘားနိုင်ငံက ဆေးဘက်လုပ်ငန်းအဖွဲ့ဝင်တွေကို ကိုရိုနာ ကူးစက်ကပ်ဘေး တိုက်ဖျက်ရေးအတွက် ကမ္ဘာတလွှားမှာ တာဝန်ချထားပေးနေချိန်မှာ အမေရိကန် အစိုးရက မတ်လ ၂၈ ရက်မှာ ပယ်ချခဲ့လို့ ကျူးဘားအစိုးရက ဝေဖန်ပြောဆိုလိုက်ပါတယ်...

Covid -19 အတည်ပြုလူနာ အများဆုံးဖြစ်နေသော ရန်ကုန်မြို့ကို Lockdown လုပ်ရန် အစီအစဉ်မရှိသေးဟု တာဝန်ရှိသူပြော

လက်ရှိအခြေအနေတွင် Covid -19 အတည်ပြုလူနာ အများဆုံးဖြစ်နေသော ရန်ကုန်မြို့ကို Lockdown (အ ဝင်အထက်ပိတ်ခြင်း) ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ပြောကြားသည်...

Covid-19 ဖြစ်ပွားမှုထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ပြည်ဝင်ဗီဇာထုတ်ပေးခြင်း ယာယီရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်မည့် နိုင်ငံခြားသားများအား မည့်သည့် ပြည်ဝင်ဗီဇာအမျိုးအစားမဆို ဧပြီ လကုန်အထိ ထုတ်ပေးတော့မည်မဟုတ်ဘဲ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။...

Covid - 19 ကြောင့် ရုရှားတွင် ပင်လယ်နက် အပန်းဖြေစခန်းများအပါအဝင် ပိတ်ပင် ကန့်သတ်မှုများ စတင်

ရုရှားနိုင်ငံဟာ ပင်လယ်နက် ကမ်းခြေမြို့ ခရက်စ်နာယာက နာမည်ကျော် နှင်းလျှောစီး အပန်းဖြေစခန်းတွေ အပါအဝင် ပိတ် ပင် ကန့်သတ်မှုတွေကို အခုလ ၃၀ ရက်ကနေ စတင်လိုက်ပြီဖြစ်ပါတယ်...

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျာမန်ဒေသဆိုင်ရာ ဘဏ္ဍာရေးဝန်ကြီးတစ်ဦး မိမိကိုယ်မိမိ သတ်သေမှုနှင့်ဆက်စပ်နေဟု ဆို

ဂျာမနီနိုင်ငံ Hesse ဒေသ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ သောမတ်စ်ရှေဖာ(Thomas Schaefer - အသက် ၅၄နှစ်)အား ဖရန့်ဖွတ်မြို့အနီးရှိ မီးရထားလမ်းတစ်ခုအနီးတွင် သေဆုံးနေသည်ကိုတွေ့ရသည်။...

ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများ ယခင်ကထက် ပိုမိုတိုးမြှင့်ထုတ်လုပ်

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ(အင်းစိန်) BPI မှ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ဈေးကွက်တွင် လိုအပ်လျက်ရှိသည့် လက်သန့်ဆေးရည်နှင့် အရက်ပြန်ဆေးဘူးများကို ယခင်ကထက် ပိုမိုတိုးမြှင့် ထုတ်လုပ်လျက် ရှိကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်) က သိရသည်။...

ဆမီးမှသယ်လာသော ဆန်အိတ်များအား AA အကြမ်းဖက်လက်နက်ကိုင်များက လမ်းတွင်ဖြတ်လုသော ကြောင့် ဆန်အိတ် ၈၀ သာ ပလက်ဝသို့ရောက်ရှိ

ချင်းပြည်နယ်၊ ပလက်ဝသို့ ဆမီးမြို့မှ ဆန် အိတ်၁၀၀ သယ်လာသောကားကို ယမန်နေ့ နေ့ခင်းပိုင်း ၂နာရီခန့်က ပလက်ဝသို့ရောက်ရန် ၅မိုင်ခန့်အလိုလမ်းတွင် AA အကြမ်းဖက်လက်နက်ကိုင်များမှ တားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆန်အိန် ၂၀ကို လုယူသွားခဲ့ကြောင်း သတင်းရရှိသည်...

Covid-19 ကူးစက်ပျံ့ပွားမှု မဖြစ်စေရန်အတွက် လာအိုနိုင်ငံ Lockdown ပြုလုပ်

လာအိုနိုင်ငံကို ၂၀၂၀ ပြည့်နှစ် မတ်လ(၃၀)ရက်နေ့မှစ၍ ဧပြီလ(၁၉)ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိတ်ဆို့မှု (Lockdown) ပြုလုပ်မည်ဖြစ်ကြောင်း လာအိုဝန်ကြီးချုပ်က မတ်လ၂၉ ရက်နေ့တွင် အမိန့်ထုတ်ခဲ့သည်။...

မြန်မာနိုင်ငံတွင် Covid-19 လူနာ (၁၀) ဦး တွေ့ရှိထားပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၃၃,၉၅၆) ဦး နှင့် ကူးစက်ခံရသူ (၇) သိန်းကျော်အထိမြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မတ်လ ၃၀ ရက်နေ့ နံနက် ၇:၃၀အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၃,၉၅၆) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။ ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၇၂၁,၄၁၂) ဦး ကူးစက်ခံထားကြောင်း သိရသည်။...

Covid-19 ကို ကာကွယ်ရန် သြစတြေးလျတွင် လူ(၂)ဦးထက်ပိုမစုဝေးရ အမိန့်ထုတ်

ယနေ့ (၂၉. ၃ . ၂၀၂၀)တွင် သြစတြေးလျအစိုးရမှ လူ (၂)ဦးထက်ပိုသောလူစုလူဝေး မပြုလုပ်ရ အမိန့်ကို ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။...

covid-19 ကြောင့် မရှိမဖြစ်ဝန်ထမ်းများမှအပ ဝန်ထမ်းအားလုံး အိမ်တွင် နေရမည်ဖြစ်ပြီး၊ လစာလည်းရရှိမည်ဟု စပိန်ဝန်ကြီးချုပ်ပြောကြား

စပိန်နိုင်ငံမှာ covid-19 ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံတဝန်းလုပ်ငန်းခွင်တွေမှာ မရှိမဖြစ်ဝန်ထမ်းတွေကလွဲရင် ဝန်ထမ်းအားလုံး အိမ်မှာပဲ နှစ်ပတ်နေရမှာဖြစ်ပြီး၊ ဝန်ထမ်းတွေရဲ့ လုပ်ခလစာကိုလည်း ရရှိစေမှာဖြစ်တယ်လို့ စပိန်ဝန်ကြီးချုပ် Pedro Sanchez က အခုလ(၂၈)ရက်နေ့က ပြောကြားလိုက်ကြောင်း သိရပါတယ်...

Covid 19 ကြောင့် အခမ်းအနားပွဲများ မလုပ်ရန်ညွန်ကြားချက်ထားသော်လည်း စစ်တွေမြို့မှာ လိုက်နာမှုအားနည်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ (COVID.19)ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အလှူအတန်း ပွဲအခမ်းအနားတွေ မပြုလုပ်ဖို့ ညွန်ကြားချက်တွေ ထုတ်ထားပေမဲ့ လိုက်နာမှု အားနည်းတယ်လို့ ဒေသခံပြည်သူတစ်ချို့က ပြောပါတယ်...