ဆရာ၊ ဆရာမ ထောင် နှင့်ချီ စုစည်းရမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအဖြေလွှာ စစ်ဆေးရေးလုပ်ငန်းကို COVID-19 ကူးစက်နိုင်မှုအန္တရာယ်ကြောင့် အချိန်အနည်းငယ်ရွှေ့ဆိုင်းပြီးမှဆောင်ရွက်ရန် တက္ကသိုလ်ဆရာများသမဂ္ဂ ၈ ခုက မတ်လ ၂၁ ရက်တွင် ကြေညာချက်ထုတ်တောင်းဆိုသည်။
ပခုက္ကူ၊ မုံရွာ၊ စစ်ကိုင်း၊ တောင်ကြီး၊ ပင်လုံ၊ မြစ်ကြီးနား၊ ရွှေဘိုတက္ကသိုလ်ဆရာများသမဂ္ဂ နှင့် မြစ်ကြီးနားပညာရေးကော လိပ်ဆရာများသမဂ္ဂတို့က ပူးတွဲ ကြေညာချက်ထုတ် တောင်းဆို ခြင်းဖြစ်သည်။အချိန်မရွှေ့ဘဲ သတ်မှတ် ကာလအတွင်း ဆောင်ရွက်မည် ဆိုပါက တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝသော လုံလောက်သည့် ကျန်းမာရေးအာမခံချက် ထားရှိ ဆောင်ရွက်ပေးရန် ထိုဆရာများ သမဂ္ဂရှစ်ခုက တောင်းဆိုထား ကြသည်။
အဖြေလွှာစစ်ဆေးရေးကို သတ်မှတ်ရက်အတွင်း လုပ်သင့်၊ မလုပ်သင့် သုံးသပ်ရန် မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် (MTF)ကလည်း မတ်လ ၁၇ ရက်က သဘောထား ထုတ်ပြန်တိုက်တွန်းထားသည်။ အဖြေလွှာစစ်ဆေးရေးလုပ်ငန်း ကို ရက်ရွှေ့ပေးရန် တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ် စားပြုကော်မတီကလည်း မတ်လ ၁၈ ရက်က သဘောထားကြေ ညာခဲ့သည်။
စာစစ်လုပ်ငန်းသည် သာမန်စာမေးပွဲလုပ်ငန်းစဉ်များနှင့်မတူ ဘဲ တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမထောင်နှင့်ချီ၍ တစ်နေရာ တည်း၌ စုဝေးဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်ပြီး လျှို့ဝှက် နံပါတ်ရိုက်နှိပ်ခြင်း၊ ကော် ကပ်ခြင်း၊ စာစစ်ခြင်းတို့တွင် ဆရာ၊ ဆရာမများ အနီးကပ်ပူး ပေါင်းဆောင်ရွက်ရခြင်းကြောင့် ရောဂါကူးစက်နိုင်ခြေ အလွန်မြင့် မားသော လုပ်ငန်းတစ်ခုဖြစ်သည် ဟု MTF နှင့် ဆရာသမဂ္ဂများက ထောက်ပြသည်။
ထို့အပြင် အနယ်နယ်အရပ် ရပ်မှ ဆရာ၊ ဆရာမများ လာ ရောက်ပူးပေါင်းဆောင်ရွက်ရ ခြင်း၊ နေထိုင်မှုကျပ်တည်းခြင်း၊ သန့်စင်ခန်းအနည်းငယ်ကို လူ အမြောက်အမြား မျှဝေသုံးစွဲရ ခြင်း စသည့် စိုးရိမ်ဖွယ်ရာထိတွေ့ မှုများရှိသော လုပ်ငန်းတစ်ခုဖြစ် ကြောင်း ကြေညာချက်များတွင် ဖော်ပြသည်။
‘‘အကယ်၍သာ ဒီထဲက တစ်ယောက်သာ ဗိုင်းရပ်စ်ရှိခဲ့ မယ်ဆိုရင် တော်တော်အန္တရာယ် ကြီးတဲ့ အနေအထားတစ်ရပ်။ သူ တို့က ဒီလုပ်ငန်းပြီးရင် နယ်ကို ပြန်ကြမှာဆိုတော့ ပြည်သူ ၁,၀၀၀လောက်ဆီကို မကူးဘူးလို့ မပြော နိုင်ဘူး။ အဲဒီအတွက် နိုင်ငံတော် အနေနဲ့ ဘာလုပ်ပေးနိုင်မလဲဆို တာ ပြတ်ပြတ်သားသား ကြေညာ ပေးဖို့ တွန်းအားပေးတဲ့သဘော ပါ’’ဟု MTF ပြန်ကြားရေး မုံရွာ စီးပွားရေးတက္ကသိုလ်မှ ကထိက ဦးကျော်ဝေဖြိုးက ပြောသည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်အစိုးရနှင့် အခြား ဝန်ကြီးဌာနများ၊ နားလည်တတ် ကျွမ်းသူများ၊ လူမှုအဖွဲ့အစည်း များ၏ အမြင်များကို စနစ်တကျ တောင်းခံကာ ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း MTF က တိုက်တွန်းသည်။
သို့သော် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဖြေလွှာများကို မူလ သတ်မှတ်ထားသည့် ဧပြီ ၁ ရက် တွင် စတင်စစ်ဆေးမည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ပြောသည်။
‘‘ဧပြီ ၁ ရက် စစစ်မှာပါ။ ကျန်းမာရေးစောင့်ရှောက်မှုက ကျောင်းတိုင်း လုပ်ပေးထားပါ တယ်။ Hand Gel (လက်သန့်စင် ဆေးရည်)တို့၊ Mask (နှာခေါင်း စည်း)တို့ စီစဉ်ထားတယ်။ ဆရာ၊ ဆရာမတွေက စာစစ်တဲ့အခါမှာ ပြည့်ကျပ်ပြီး မနေရဖို့အတွက် နည်းနည်းတော့ အကြမ်းဖျင်းရ အောင် ချဲ (နေရာချဲ)ထားပေး ပါတယ်။ လက်ဆေးဆပ်ပြာရည် တွေ၊ ဘေစင်တွေလည်း ထား ပေးထားတယ်။ နှာစေး၊ ချောင်း ဆိုးဖြစ်နေရင် Mask တပ်ဖို့ရော၊ အဖျားတိုင်းမယ့် သာမိုမီတာတွေ ရော ကျွန်တော်တို့ ပြင်ဆင်ထား ပြီးပါပြီ’’ဟု ဒေါက်တာသိန်းဝင်း က ပြောသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဖြေလွှာများကို ရန်ကုန်၊ ဒဂုံ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ် ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ မုံရွာနှင့် မကွေးတက္ကသိုလ်တို့၌ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမများက စစ်ဆေးရ မည်ဖြစ်သည်။
ref-7 day
>>Zawgyi<<
ဆရာများသမဂ္ဂအဖွဲ့မှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ရက် ရွှေ့ဆိုင်းပေးရန် တောင်းဆိုသော်လည်း သတ်မှတ်ရက်အတိုင်းစစ်မည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ထားဟု ညွှန်ချုပ်ပြော
Sunday, March 22, 2020
ဆရာ၊ ဆရာမ ထောင် နှင့်ချီ စုစည်းရမည့် တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ အဖြေလွှာစစ် ဆေးရေးလုပ်ငန်းကို COVID-19 ကူးစက်နိုင်မှုအန္တရာယ်ကြောင့် အချိန်အနည်းငယ် ရွှေ့ဆိုင်းပြီးမှ ဆောင်ရွက်ရန် တက္ကသိုလ် ဆရာ များသမဂ္ဂ ၈ ခုက မတ်လ ၂၁ ရက်တွင် ကြေညာချက်ထုတ် တောင်းဆိုသည်။
ပခုက္ကူ၊ မုံရွာ၊ စစ်ကိုင်း၊ တောင်ကြီး၊ ပင်လုံ၊ မြစ်ကြီးနား၊ ရွှေဘိုတက္ကသိုလ်ဆရာများသမဂ္ဂ နှင့် မြစ်ကြီးနားပညာရေးကော လိပ်ဆရာများသမဂ္ဂတို့က ပူးတွဲ ကြေညာချက်ထုတ် တောင်းဆို ခြင်းဖြစ်သည်။အချိန်မရွှေ့ဘဲ သတ်မှတ် ကာလအတွင်း ဆောင်ရွက်မည် ဆိုပါက တာဝန်ယူမှု၊ တာဝန်ခံမှု ပြည့်ဝသော လုံလောက်သည့် ကျန်းမာရေးအာမခံချက် ထားရှိ ဆောင်ရွက်ပေးရန် ထိုဆရာများ သမဂ္ဂရှစ်ခုက တောင်းဆိုထား ကြသည်။
အဖြေလွှာစစ်ဆေးရေးကို သတ်မှတ်ရက်အတွင်း လုပ်သင့်၊ မလုပ်သင့် သုံးသပ်ရန် မြန်မာ နိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် (MTF)ကလည်း မတ်လ ၁၇ ရက်က သဘောထား ထုတ်ပြန်တိုက်တွန်းထားသည်။ အဖြေလွှာစစ်ဆေးရေးလုပ်ငန်း ကို ရက်ရွှေ့ပေးရန် တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ် စားပြုကော်မတီကလည်း မတ်လ ၁၈ ရက်က သဘောထားကြေ ညာခဲ့သည်။
စာစစ်လုပ်ငန်းသည် သာမန်စာမေးပွဲလုပ်ငန်းစဉ်များနှင့်မတူ ဘဲ တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမထောင်နှင့်ချီ၍ တစ်နေရာ တည်း၌ စုဝေးဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်ပြီး လျှို့ဝှက် နံပါတ်ရိုက်နှိပ်ခြင်း၊ ကော် ကပ်ခြင်း၊ စာစစ်ခြင်းတို့တွင် ဆရာ၊ ဆရာမများ အနီးကပ်ပူး ပေါင်းဆောင်ရွက်ရခြင်းကြောင့် ရောဂါကူးစက်နိုင်ခြေ အလွန်မြင့် မားသော လုပ်ငန်းတစ်ခုဖြစ်သည် ဟု MTF နှင့် ဆရာသမဂ္ဂများက ထောက်ပြသည်။
ထို့အပြင် အနယ်နယ်အရပ် ရပ်မှ ဆရာ၊ ဆရာမများ လာ ရောက်ပူးပေါင်းဆောင်ရွက်ရ ခြင်း၊ နေထိုင်မှုကျပ်တည်းခြင်း၊ သန့်စင်ခန်းအနည်းငယ်ကို လူ အမြောက်အမြား မျှဝေသုံးစွဲရ ခြင်း စသည့် စိုးရိမ်ဖွယ်ရာထိတွေ့ မှုများရှိသော လုပ်ငန်းတစ်ခုဖြစ် ကြောင်း ကြေညာချက်များတွင် ဖော်ပြသည်။
‘‘အကယ်၍သာ ဒီထဲက တစ်ယောက်သာ ဗိုင်းရပ်စ်ရှိခဲ့ မယ်ဆိုရင် တော်တော်အန္တရာယ် ကြီးတဲ့ အနေအထားတစ်ရပ်။ သူ တို့က ဒီလုပ်ငန်းပြီးရင် နယ်ကို ပြန်ကြမှာဆိုတော့ ပြည်သူ ၁,၀၀၀လောက်ဆီကို မကူးဘူးလို့ မပြော နိုင်ဘူး။ အဲဒီအတွက် နိုင်ငံတော် အနေနဲ့ ဘာလုပ်ပေးနိုင်မလဲဆို တာ ပြတ်ပြတ်သားသား ကြေညာ ပေးဖို့ တွန်းအားပေးတဲ့သဘော ပါ’’ဟု MTF ပြန်ကြားရေး မုံရွာ စီးပွားရေးတက္ကသိုလ်မှ ကထိက ဦးကျော်ဝေဖြိုးက ပြောသည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်အစိုးရနှင့် အခြား ဝန်ကြီးဌာနများ၊ နားလည်တတ် ကျွမ်းသူများ၊ လူမှုအဖွဲ့အစည်း များ၏ အမြင်များကို စနစ်တကျ တောင်းခံကာ ပြန်လည်စဉ်းစား သုံးသပ်သင့်ကြောင်း MTF က တိုက်တွန်းသည်။
သို့သော် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဖြေလွှာများကို မူလ သတ်မှတ်ထားသည့် ဧပြီ ၁ ရက် တွင် စတင်စစ်ဆေးမည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ပြောသည်။
‘‘ဧပြီ ၁ ရက် စစစ်မှာပါ။ ကျန်းမာရေးစောင့်ရှောက်မှုက ကျောင်းတိုင်း လုပ်ပေးထားပါ တယ်။ Hand Gel (လက်သန့်စင် ဆေးရည်)တို့၊ Mask (နှာခေါင်း စည်း)တို့ စီစဉ်ထားတယ်။ ဆရာ၊ ဆရာမတွေက စာစစ်တဲ့အခါမှာ ပြည့်ကျပ်ပြီး မနေရဖို့အတွက် နည်းနည်းတော့ အကြမ်းဖျင်းရ အောင် ချဲ (နေရာချဲ)ထားပေး ပါတယ်။ လက်ဆေးဆပ်ပြာရည် တွေ၊ ဘေစင်တွေလည်း ထား ပေးထားတယ်။ နှာစေး၊ ချောင်း ဆိုးဖြစ်နေရင် Mask တပ်ဖို့ရော၊ အဖျားတိုင်းမယ့် သာမိုမီတာတွေ ရော ကျွန်တော်တို့ ပြင်ဆင်ထား ပြီးပါပြီ’’ဟု ဒေါက်တာသိန်းဝင်း က ပြောသည်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အဖြေလွှာများကို ရန်ကုန်၊ ဒဂုံ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ် ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ မုံရွာနှင့် မကွေးတက္ကသိုလ်တို့၌ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမများက စစ်ဆေးရ မည်ဖြစ်သည်။
ref-7 day
0 comments:
Post a Comment