မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာ နှင့် အီလက်ထရောနစ်ဗီဇာထုတ်ပေးခြင်းများကို ဧပြီလ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် နိုင်ငံခြားသား များအနေဖြင့် မြန်မာနိုင်ငံသို့ မလွှဲမရှောင်သာ ကိစ္စရပ်များ (သို့မဟုတ်) အရေးကြီးတာဝန်ဖြင့် လာရောက်ရန်ရှိပါက လိုအပ်သည့် ပြည်ဝင်ဗီဇာ ရရှိရေးနှင့် သီးသန့်ထားရှိရေး အစီ အမံများ လွယ်ကူစေနိုင်ရန်အတွက် အနီးဆုံး မြန်မာသံရုံးများနှင့် ဆက်သွယ်ဆောင်ရွက် သွားနိုင်ကြောင်းသိရသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတို့ကို လွန်ခဲ့သည့် ၁၄ ရက် အတွင်း နေထိုင်ခဲ့သူများနှင့် သွားရောက် ခဲ့ဖူးသော မြန်မာ နိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံးကို မြန်မာနိုင်ငံသို့ရောက်ရှိချိန်မှစ၍ သီးသန့်သတ်မှတ်ထားသော နေရာများတွင် ၁၄ ရက် ထားရှိကာ စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ ၄င်းတို့၏ နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင် စောင့်ကြည့်မှု ပြုလုပ် သွားကြရန်ဖြစ်ပြီး ၄င်းတို့အားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်များအပေါ် သို့ မတက်ရောက်မီ အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုမဝသည့် လက္ခဏများ မရှိကြောင်း ဖော်ပြပါရှိသည့် သက်ဆိုင်ရာနိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေး အဖွဲ့အစည်းမှ ထုတ်ပေးသည့် ဆေးထောက်ခံစာ ပြသရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ယာယီကန့်သတ်ချက် အစီအမံများသည် မတ်လ ၂၁ ရက်မှစ၍ စတင်အသက်ဝင် မည်ဖြစ်ပြီး ယင်းနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံသို့ ဝင်ရောက်ပါက ၁၄ ရက် စောင့်ကြည့်ခံရမည့် နိုင်ငံစာရင်းသည် လက်ရှိတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
Source-Ministry of Foreign Affairs Myanmar
>>Zawgyi<<
မြန်မာနိုင်ငံမှ နိုင်ငံအားလုံးကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းအား ဧပြီလ ၃၀ ရက်အထိ ယာယီရပ်ဆိုင်ထားမည်
Sunday, March 22, 2020
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာ နှင့် အီလက်ထရောနစ်ဗီဇာထုတ်ပေးခြင်းများကို ဧပြီလ ၃၀ ရက်အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သို့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် နိုင်ငံခြားသား များအနေဖြင့် မြန်မာနိုင်ငံသို့ မလွှဲမရှောင်သာ ကိစ္စရပ်များ (သို့မဟုတ်) အရေးကြီးတာဝန်ဖြင့် လာရောက်ရန်ရှိပါက လိုအပ်သည့် ပြည်ဝင်ဗီဇာ ရရှိရေးနှင့် သီးသန့်ထားရှိရေး အစီ အမံများ လွယ်ကူစေနိုင်ရန်အတွက် အနီးဆုံး မြန်မာသံရုံးများနှင့် ဆက်သွယ်ဆောင်ရွက် သွားနိုင်ကြောင်းသိရသည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတို့ကို လွန်ခဲ့သည့် ၁၄ ရက် အတွင်း နေထိုင်ခဲ့သူများနှင့် သွားရောက် ခဲ့ဖူးသော မြန်မာ နိုင်ငံသားများ အပါအဝင် ခရီးသွားများအားလုံးကို မြန်မာနိုင်ငံသို့ရောက်ရှိချိန်မှစ၍ သီးသန့်သတ်မှတ်ထားသော နေရာများတွင် ၁၄ ရက် ထားရှိကာ စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစ၍ ၎င်းတို့၏ နေအိမ်များတွင် ၁၄ ရက် သီးသန့်နေထိုင် စောင့်ကြည့်မှု ပြုလုပ် သွားကြရန်ဖြစ်ပြီး ၎င်းတို့အားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်များအပေါ် သို့ မတက်ရောက်မီ အပူချိန် မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှုမဝသည့် လက္ခဏများ မရှိကြောင်း ဖော်ပြပါရှိသည့် သက်ဆိုင်ရာနိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေး အဖွဲ့အစည်းမှ ထုတ်ပေးသည့် ဆေးထောက်ခံစာ ပြသရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ယာယီကန့်သတ်ချက် အစီအမံများသည် မတ်လ ၂၁ ရက်မှစ၍ စတင်အသက်ဝင် မည်ဖြစ်ပြီး ယင်းနိုင်ငံများ အပါအဝင် မြန်မာနိုင်ငံသို့ ဝင်ရောက်ပါက ၁၄ ရက် စောင့်ကြည့်ခံရမည့် နိုင်ငံစာရင်းသည် လက်ရှိတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
Source-Ministry of Foreign Affairs Myanmar
0 comments:
Post a Comment