Sunday, March 22, 2020

သင်္ဃန်းကျွန်းတွင် တရုတ်နိုင်ငံသား ၁၁၈ ဦးကို လက်ခံထားသည့်အိမ်ရှင်နှစ်ဦး လဝကဥပဒေဖြင့် အရေးယူမည်

Image may contain: one or more people and people standing
သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်နှစ်လုံးတွင် တရုတ်နိုင်ငံသား ၁၁၈ ဦး တွေ့ရှိခဲ့သည့်ကိစ္စနှင့်ပါတ်သတ်၍ အိမ်ရှင်ဖြစ်သူနှစ်ဦးကို လဝကဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် (၂) လွှတ်တော်အမတ် ဦးမောင်မောင်ဦးက ပြောသည်။
“တရုတ်နိုင်ငံသားတွေ ပါတ်စပို့စ်စာအုပ်တွေအကုန်သိမ်းပြီး ဆယ့်လေးရက်စောင့်ကြည့်မယ်။ အိမ်ရှင်နှစ်ဦးကို လဝကဥပပဒေနဲ့ အရေးယူမယ်” ဟု ၎င်းက ပြောသည်။

အရှေပိုင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် မတ်လ ၂၂ ရက်တွင် နေလည်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားများသည် လေဆိပ်မှ တရားဝင်ဝင်ရောက်ခြင်းရှိမရှိကို စစ်ဆေးနေပြီး ၎င်းတို့လာရောက်လုပ်ကိုင်သည့် ကုမ္မဏီနှစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်တွင် တရားဝင်မှတ်ပုံတင်တင်ထားပါက ၁၄ ရက်စောင့်ကြည့်ပြီး နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး တရားဝင်မှတ်ပုံမတင်ထားလျှင် တရုတ်နိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍရပ်ကွက်၊ နှင်းဆီလမ်းနှင့် ပန်းဝါလမ်းမှ အိမ်ရှင်နှစ်ဦးအား တရုတ်နိုင်ငံသားရောက်ရှိသည်ကို သတင်းပေးပို့အကြောင်းကြားရာတွင် ပျက်ကွက်မှုရှိသည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား ၁၁၈ ဦး နေထိုင်နေခြင်းကို မတ် ၂၁ ရက်နေ့ညပိုင်းက ယင်းနေအိမ်အနီး နေထိုင်သူတို့၏ သတင်းပေးပို့မှုကြောင့် သွားရောက်စစ်ဆေးပြီး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ref-voice
>>Zawgyi<<
သင်္ဃန်းကျွန်းတွင် တရုတ်နိုင်ငံသား ၁၁၈ ဦးကို လက်ခံထားသည့်အိမ်ရှင်နှစ်ဦးကို လဝကဥပဒေဖြင့် အရေးယူမည်
Monday, March 23, 2020

0 comments:

Post a Comment