Sunday, March 22, 2020

ဂျာမနီတွင် လူ ၂ ဦးထက်ပို၍ စုဝေးခြင်းကိုတားမြစ်ထားပြီး ဝန်ကြီးချုပ်ကိုယ်တိုင် Covid-19 ကူးစက်ခံထားရလို့ သီးခြားနေထိုင်နေရ


Image may contain: 1 person, standing
ဂျာမနီနိုင်ငံဝန်ကြီးချုပ် မစ္စအင်ဂျလာမာကယ်အား သောကြာနေ့က စစ်ဆေးကြည့်ရှုခဲ့သည့် ဆရာဝန်တွင် COVID-19 ကူးစက်နေကြောင်း သိရှိခဲ့ပြီးသည့်နောက် ဝန်ကြီးချုပ်သည်လည်း မိမိကိုယ်မိမိ သီးသန့်ခွဲခြားနေထိုင်ခြင်းပြုလိုက်သည်။
သောကြာနေ့က ဝန်ကြီးချုပ်၏ ကျန်းမာရေးကိုစစ်ဆေးကြည့်ရှုပေးခဲ့သည့် ဆရာဝန်တွင် COVID-19 ကူးစက်နေပြီဖြစ်သည်ကို စစ်ဆေးအတည်ပြုသိရှိရကြောင်းနှင့် ထိုသို့အတည်ပြုသိရှိပြီးနောက်တွင် ဝန်ကြီးချုပ်ကိုယ်တိုင်သည်လည်း သီးသန့်ခွဲခြားနေထိုင်ပြီဖြစ်ကာ တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးနေကြောင်း ဂျာမနီနိုင်ငံအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Steffen Seibert က တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အား လာမည့်နေ့ရက်များတွင် ပုံမှန်စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး၊ သူ၏ အလုပ်တာဝန်များကိုလည်း ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ကာ ဂျာမနီအစိုးရက စီစဉ်ထားသည်တို့ကိုလည်း ဆက်လက်တာဝန်ယူနေမည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီးချုပ် အင်ဂျလာမာကယ် သီးသန့်ခွဲခြားနေထိုင်ပြီးနောက်တွင် ဂျာမနီအစိုးရသည်လည်း လူစုလူဝေးပြုလုပ်မှုကို တားမြစ်ခြင်းအား တိုးမြှင့်ကန့်သတ်ခဲ့ပြီး မိသားစုအတွင်းနေထိုင်မှုမှအပ ပြင်ပတွင် လူ၂ ဦးထက်ပိုမိုစုစည်းခြင်းမပြုရန် ကန့်သတ်လိုက်သည်။ ယခုအခါ ဂျာမနီနိုင်ငံတွင် လူတစ်ဦးနှင့် တစ်ဦး ၄ပေခန့်ခွာ၍ တွေ့ဆုံကြရန်ကိုလည်း ကန့်သတ်ထားသည်။

သို့ရာတွင် စားသောက်ဆိုင်များကိုမူ ဆိုင်တွင်မစားပဲ ဝယ်ယူသွားမည့်သူများကို ရောင်းချရန်အတွက် ဖွင့်လှစ်ခွင့်ပြုထားဆဲဖြစ်ပြီး၊ ပြည်သူများအားလည်း အလုပ်သွားခွင့်၊ ဆွေမျိုးများအား ပြုစုစောင့်ရှောက်ခွင့်နှင့် ဆရာဝန်များထံ သွားရောက်ပြသရန်အတွင် အိမ်ပြင်ထွက်ခွင့်ပြုထားသည်

ဂျွန်ဟော့ကင်း တက္ကသိုလ်၏ စစ်တမ်းအရ ဂျာမနီနိုင်ငံတွင် တနင်္ဂနွေနေ့အထိ သိရပြီး COVID-19 အတည် ပြုမှု ၂၄၀၀၀ ရှိကာ၊ လူ ၉၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။
Source - Popular
<zawgyi>
ဂျာမနီတွင် လူ ၂ ဦးထက်ပို၍ စုဝေးခြင်းကိုတားမြစ်ထားပြီး ဝန်ကြီးချုပ်ကိုယ်တိုင် Covid-19 ကူးစက်ခံထားရလို့ သီးခြားနေထိုင်နေရ
Monday, March 23, 2020

ဂျာမနီနိုင်ငံဝန်ကြီးချုပ် မစ္စအင်ဂျလာမာကယ်အား သောကြာနေ့က စစ်ဆေးကြည့်ရှုခဲ့သည့် ဆရာဝန်တွင် COVID-19 ကူးစက်နေကြောင်း သိရှိခဲ့ပြီးသည့်နောက် ဝန်ကြီးချုပ်သည်လည်း မိမိကိုယ်မိမိ သီးသန့်ခွဲခြားနေထိုင်ခြင်းပြုလိုက်သည်။

သောကြာနေ့က ဝန်ကြီးချုပ်၏ ကျန်းမာရေးကိုစစ်ဆေးကြည့်ရှုပေးခဲ့သည့် ဆရာဝန်တွင် COVID-19 ကူးစက်နေပြီဖြစ်သည်ကို စစ်ဆေးအတည်ပြုသိရှိရကြောင်းနှင့် ထိုသို့အတည်ပြုသိရှိပြီးနောက်တွင် ဝန်ကြီးချုပ်ကိုယ်တိုင်သည်လည်း သီးသန့်ခွဲခြားနေထိုင်ပြီဖြစ်ကာ တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးနေကြောင်း ဂျာမနီနိုင်ငံအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Steffen Seibert က တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အား လာမည့်နေ့ရက်များတွင် ပုံမှန်စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး၊ သူ၏ အလုပ်တာဝန်များကိုလည်း ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ကာ ဂျာမနီအစိုးရက စီစဉ်ထားသည်တို့ကိုလည်း ဆက်လက်တာဝန်ယူနေမည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီးချုပ် အင်ဂျလာမာကယ် သီးသန့်ခွဲခြားနေထိုင်ပြီးေနာက်တွင် ဂျာမနီအစိုးရသည်လည်း လူစုလူဝေးပြုလုပ်မှုကို တားမြစ်ခြင်းအား တိုးမြှင့်ကန့်သတ်ခဲ့ပြီး မိသားစုအတွင်းနေထိုင်မှုမှအပ ပြင်ပတွင် လူ၂ ဦးထက်ပိုမိုစုစည်းခြင်းမပြုရန် ကန့်သတ်လိုက်သည်။ ယခုအခါ ဂျာမနီနိုင်ငံတွင် လူတစ်ဦးနှင့် တစ်ဦး ၄ပေခန့်ခွာ၍ တွေ့ဆုံကြရန်ကိုလည်း ကန့်သတ်ထားသည်။

သို့ရာတွင် စားသောက်ဆိုင်များကိုမူ ဆိုင်တွင်မစားပဲ ဝယ်ယူသွားမည့်သူများကို ရောင်းချရန်အတွက် ဖွင့်လှစ်ခွင့်ပြုထားဆဲဖြစ်ပြီး၊ ပြည်သူများအားလည်း အလုပ်သွားခွင့်၊ ဆွေမျိုးများအား ပြုစုစောင့်ရှောက်ခွင့်နှင့် ဆရာဝန်များထံ သွားရောက်ပြသရန်အတွင် အိမ်ပြင်ထွက်ခွင့်ပြုထားသည်

ဂျွန်ဟော့ကင်း တက္ကသိုလ်၏ စစ်တမ်းအရ ဂျာမနီနိုင်ငံတွင် တနင်္ဂနွေနေ့အထိ သိရပြီး COVID-19 အတည် ပြုမှု ၂၄၀၀၀ ရှိကာ၊ လူ ၉၀ ဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။
Source - Popular

0 comments:

Post a Comment