Monday, March 23, 2020

ကိုရိုနာဗိုင်းရပ်စ်ကုသမှုတွင် ငှက်ဖျားပျောက်ဆေးအသုံးပြုရာ ၇၅ ရာခိုင်နှုန်း ပျောက်ကင်း

No photo description available.

ငှက်ဖျားပျောက်ဆေးအဖြစ် နှစ် ၇၀ ခန့်အသုံးပြုခဲ့သည့် ဟိုက်ဒရောက်စီ ကလိုရိုကွင်း (Hydroxychloroq -uine) ကို အသုံးပြုပြီး COVID-19လူနာများကို ကုသခဲ့ရာ လူနာ ၇၅ ရာခိုင်နှုန်း ဗိုင်းရပ်စ်ပျောက်ကင်းသွားကြောင်း ပြင်သစ်ပညာရှင် Didier Raoultကပြောကြားခဲ့ကြောင်းမတ် ၂၃ရက်တွင်သိရသည်။

မတ် ၁၆ ရက်တွင် စမ်းသပ်ကုသပြီး ၆ ရက်အကြာ မတ် ၂၂ ရက်တွင် လူနာ၂၅ ရာခိုင်နှုန်းတွင်သာ ဗိုင်းရပ်စ်ကျန်ရှိနေကြောင်း မာဆေးမြို့ရှိ တက္ကသိုလ်ဆေးရုံညွှန်ကြားရေးမှူးDidier Raoultက အတည်ပြုခြင်းဖြစ်သည်။
Hydroxychloroquineအသုံးမပြုဘဲကုသခဲ့သည့် လူနာ ၉၀ ရာခိုင်နှုန်းကတော့ ဗိုင်းရပ်စ်ဆက်လက်သယ် ဆောင်နေကြောင်းတွေ့ရှိရသည်ဟုလည်းပြောသည်။ယခုစမ်းသပ်မှုအကြောင်းကြေညာပြီးနောက် စမ်းသပ် မှုများဆက်လက်ပြုလုပ်နိုင်ရန် ပြင်သစ်ဧရာမဆေးကုမ္ပဏီ Sanofi က hydroxychloroquine သန်းချီလှူဒါန်းမည်ဟု ကတိပြုခဲ့သည်။
ပြင်သစ်အစိုးရပြောခွင့်ရသူ Sibeth Ndiaye ကလည်း စမ်းသပ်မှုရလဒ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ပြီး ယခုကုသမှုအတွက် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများကိုဆက်ချဲ့ထွင်ရန် ကတိပြုခဲ့သည်။
အီဘိုလာကဲ့သို့သောဗိုင်းရပ်စ်များကိုတိုက်ခိုက်နိုင်ကြောင်းသက်သေပြခဲ့သည့် ကုသနည်း လေးခု၏ သက် ရောက်မှုကို စမ်းသပ်ရန် ရည်ရွယ်သည့် ဥရောပ၏အကြီးစားဆေးဝါးစမ်းသပ်မှုတစ်ခုကို မတ် ၁၉ရက်တွင်စတင်မိတ်ဆက်ခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်ကြာသပတေးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကုသမှုအတွက် အမေရိကန်အစားအစားနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က Hydroxychloroquine စမ်းသပ်အသုံးပြုမှုကို ခွင့်ပြုခဲ့သည်။
Ref ; The Fifth Wave News
<zawgyi>

0 comments:

Post a Comment