Monday, March 23, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်၍ Covid-19 ရောဂါ ကာကွယ်ကုသရေးအထောက် အကူပြုဆေးနှင့်ပစ္စည်းများအား ဝေဘာဂီဆေးရုံနှင့်ပြည်သူ့ဆေးရုံများသို့ လှူဒါန်း

Image may contain: 5 people, people standing

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြောက်ဥက္ကလာ (ဝေဘာဂီ)ဆေးရုံကြီးသို့ ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ ရေသန့်စက်တစ်လုံးနှင့် ပြည်သူ့ဆေးရုံများသို့ ငွေကျပ်သိန်းပေါင်း ၁၄၄၇ သိန်းတန်ဖိုးရှိ Civid-19 ရောဂါ ကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်၍ မင်္ဂလာဒုံ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

Covid-19 ရောဂါကုသရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း ကပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဌာနမှူးဒေါက်တာထွန်းမြင့်က လက်ခံရယူသည်။
ယနေ့အခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင်အလှူရှင်များက ဆေးနှင်းဆေးပစ္စည်းများလှူဒါန်းမှုအနေဖြင့် ငွေကျပ်၁၄၈၀ သိန်း၊Ventilator ၆လုံး၊ Portable Venyilayor ၆ဝစုံ၊ Oxygen ၅လုံး နှင့်လူဦးရေ၂၀၀၀၀ အတွက် Test Kit များကို ပြည်သူ့ဆေးရုံများအတွက်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည်တပ်မတော်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံနှင့် တပ်မတော်အသည်ရောဂါအထူးကုဆေးရုံကြီးတို့တွင် Covid-19 ရောဂါကာကွယ်ကုသရေးတို့အတွက် စောင့်ကြပ်ကြည့်ရှုရမည့်သူများထားရှိမည့်ကုသဆောင်၊ ဆေးသိုလှောင်ခန်း၊ ထမင်းစားခန်းနှင့် အထူးကြပ်မတ်ကုသဆောင် ICU ၊ ခန္တာကိုယ်ကာကွယ်ရေးဝတ်စုံ စသည်တို့ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Image may contain: 6 people, people standing
No photo description available.
No photo description available.
Image may contain: one or more people, people sitting and indoor
Image may contain: indoor
Image may contain: one or more people, people sitting and indoor
သတင်းစဉ်
<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်၍ Covid-19 ရောဂါ ကာကွယ်ကုသရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများအားပြည်သူ့ဆေးရုံများအတွက် တပ်မတော်မှလှူဒါန်း
Monday, March 23, 2020

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြောက်ဥက္ကလာ (ဝေဘာဂီ)ဆေးရုံ ကြီးသို့ ငွေကျပ်၂၅သိန်းတန်ဖိုးရှိ ရေသန့်စက်တစ်လုံးနှင့် ပြည်သူ့ဆေးရုံများသို့ ငွေကျပ်သိန်းပေါင်း၁၄၄၇ သိန်းတန်ဖိုးရှိ Civid-19 ရောဂါ ကုသရေး အထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းပွဲကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်၍ မင်္ဂလာဒုံ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Covid-19 ရောဂါကုသရေးအထောက်အကူပြုဆေးနှင့် ဆေးပစ္စည်းများကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း ကပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဌာနမှူးဒေါက်တာထွန်းမြင့်က လက်ခံရယူသည်။
ယနေ့အခမ်းအနားတွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင်အလှူရှင်များက ဆေးနှင်းဆေးပစ္စည်းများလှူဒါန်းမှုအနေဖြင့် ငွေကျပ်၁၄၈၀ သိန်း၊Ventilator ၆လုံး၊ Portable Venyilayor ၆ဝစုံ၊ Oxygen ၅လုံး နှင့်လူဦးရေ၂၀၀၀၀ အတွက် Test Kit များကို ပြည်သူ့ဆေးရုံများအတွက်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည်တပ်မတော်ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးရုံနှင့် တပ်မတော်အသည်ရောဂါအထူးကုဆေးရုံကြီးတို့တွင် Covid-19 ရောဂါကာကွယ်ကုသရေးတို့အတွက် စောင့်ကြပ်ကြည့်ရှုရမည့်သူများထားရှိမည့်ကုသဆောင်၊ ဆေးသိုလှောင်ခန်း၊ ထမင်းစားခန်းနှင့် အထူးကြပ်မတ်ကုသဆောင် ICU ၊ ခန္တာကိုယ်ကာကွယ်ရေးဝတ်စုံ စသည်တို့ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်

0 comments:

Post a Comment