Sunday, March 22, 2020

မှော်ဘီမြို့နယ်ရှိ ဆရာတော်အရှင်ဆေကိန္ဒ၏ ကျောင်းတိုက်၌ ပြည်ပမှ ပြန်လာသူ ၄၀၀ ခန့်ကို ၁၄ ရက်ကြာ သီးခြားထားရှိရေး ထားရှိရန် ပြင်ဆင်

Image may contain: 5 people, people standing and indoor

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခြင်း(Quarantine) ထားရှိရန် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၏ ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြင်ဆင်ထားသည်။

အဆိုပါ ကျောင်းတိုက်သည် လူဦးရေ ၄၀၀ ခန့်ထားရှိနိုင်ပြီး ကျောင်းတိုက်ဘက်က နေရာ၊ အစားအစာများ ပံ့ပိုးမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဘက်က ကျန်းမာရေးဝန်ထမ်းများ ထားရှိမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက် အကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ညနေကို လူဦးရေ ၁၀၇ နီးပါးထည့်မယ်။ ညကျရင် ၁၀၀ ရောက်လာမယ်။ ၂၀၀ ပေါ့ ။ နောက်နေ့ကျရင် တောက်လျှောက်ထည့်သွားမယ်။ ကျွန်တော်တို့ကျောင်းကတော့ ၄၀၀ လောက်ထိ တောက်လျှောက်မှန်းထားတယ်။ အခုတော့ အားလုံး ကြိုတင်ပြင်ဆင်နေတယ်” ဟု ၎င်းက ပြောသည်။
COVID-19 ဖြစ်ပွားနေသည့် နိုင်ငံများမှ ဝင်ရောက်လာသူအားလုံးကို ၁၄ ရက်ကြာ သီးခြားထားရှိမည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။
Image may contain: 5 people, people standing
Image may contain: 1 person, standing and indoor
Image may contain: one or more people, people standing and indoor
ref-7day #Myanmar_Online_News
>>Zawgyi<<
မှော်ဘီမြို့နယ်ရှိ ဆရာတော်အရှင်ဆေကိန္ဒ၏ ကျောင်းတိုက်၌ ပြည်ပမှ ပြန်လာသူ ၄၀၀ ခန့်ကို ၁၄ ရက်ကြာ သီးခြားထားရှိရေး ထားရှိရန် ပြင်ဆင်
Sunday, March 22, 2020

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခြင်း(Quarantine) ထားရှိရန် မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၏ ဓမ္မဒူတဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြင်ဆင်ထားသည်။
အဆိုပါ ကျောင်းတိုက်သည် လူဦးရေ ၄၀၀ ခန့်ထားရှိနိုင်ပြီး ကျောင်းတိုက်ဘက်က နေရာ၊ အစားအစာများ ပံ့ပိုးမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဘက်က ကျန်းမာရေးဝန်ထမ်းများ ထားရှိမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက် အကျိုးတော်ဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ညနေကို လူဦးရေ ၁၀၇ နီးပါးထည့်မယ်။ ညကျရင် ၁၀၀ ရောက်လာမယ်။ ၂၀၀ ပေါ့ ။ နောက်နေ့ကျရင် တောက်လျှောက်ထည့်သွားမယ်။ ကျွန်တော်တို့ကျောင်းကတော့ ၄၀၀ လောက်ထိ တောက်လျှောက်မှန်းထားတယ်။ အခုတော့ အားလုံး ကြိုတင်ပြင်ဆင်နေတယ်” ဟု ၎င်းက ပြောသည်။
COVID-19 ဖြစ်ပွားနေသည့် နိုင်ငံများမှ ဝင်ရောက်လာသူအားလုံးကို ၁၄ ရက်ကြာ သီးခြားထားရှိမည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။

0 comments:

Post a Comment