ယနေ့ မတ် ၂၂ရက် နေ့လည်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန် းက "တပ်မတော် အနေဖြင့် COVID -19 နှင့် ပတ်သက်ပြီး အရပ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နယ်မြေ အလိုက် ဆေးရုံ ၁၇ ရုံ ထားရှိထားကြောင်း"ပြောသည်။
“တိုင်းနဲ့ ပြည်နယ် အလိုက် ပူးပေါင်းဆောင်ရွက်မဲ့ ဆေးရုံ သတ်မှတ်ချက်တွေ တပ်မတော်အနေနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဥပမာ ကချင်ပြည်နယ် အတွက် ဆိုရင် အမှတ် ၁ ကုတင် ၃၀၀ မှာဆောင်ရွက်မှာဖြစ်တယ်။ နေပြည်တော်အတွက်ဆိုရင် အမှတ် ၂ တပ်မတော် ဆေးရုံကြီး ကုတင် ၁၀၀၀ ဆေးရုံက ဆောင်ရွက်မှာ ဖြစ်တယ်။ ရခိုင်ပြည်နယ် အတွက်ဆိုရင် ကျွန်တော်တို့ အမှတ် ၈ စစ်မြေပြင် ဆေးတပ်ရင်းကနေ ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုးပေါင်းစပ်ညှိနှို င်းဆောင်ရွက်ပေးမဲ့ ဆေးရုံ ကျွန်တော်တို့ ၁၇ ခု တိုင်းဒေသကြီး ၁၄ ခု အပါအ၀င် ရှမ်းမှာ ဆိုရင် အရှေ့ မြောက် တောင်ဘက် ဒါတွေ နဲ့ ခွဲထားတာဖြစ်တယ် ။ နယ်မြေ ၁၇ မှာ ဆေးရုံ ၁၇ ရုံ သတ်မှတ်ပြီးဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန် းကပြောသည်။
အဆိုပါ ရောဂါအား ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍လည်း ဟောပြောဆွေးနွေးမှုများ၊ ကျန်းမာရေးဦးစီးဌာနှင့် ပူးပေါင်းပြီး နေရာ အလိုက်စောင့်ကြည့်မှုများ၊ နယ်စပ်၀င်ထွက်ဂိတ်များတွင် အကူအညီတောင်း ခံလာပါက တပ်မတော် အနေဖြင့် ဆေးမှူးဦးစီးတဲ့ သူနာပြု ၂ ဦး သူနာပြုစစ်သည် ၂ ဦး စုစုစုပေါင်း ၅ ဦးနှင့် ဆောင်ရွက်ပေးရန် အသင့်ရှိသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန် းက ပြောကြားခဲ့သည်။
၎င်း ကူးစက်ရောဂါအား အစိမ်းရောင်၊ အဝါရောင် လိမ္မော်ရောင် ၊ အနီရောင် စသည် ဖြင့် အဆင့် သတ်မှတ်ထားကြောင်း သိရသည်။လိမ္မော်ရောင်အဆင့်ဖ ြစ်ပွားပါက တပ်မတော်မှာရှိသည့် ဆေး၀န်ထမ်း၊ ဆရာ၀န် အင်အား၏ ၁၀ ပုံ တစ်ပုံ ကို ထုတ်နှုတ်ပြီး နေရာ အလိုက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“အဲ့ဒီ က မှ ပိုပြင်းထန်လာပြီ အနီရောင်အဆင့်ရောက်လာပြီဆို ရင် ကျွန်တော်တို့ အင်အားရဲ့ ၁၀ ပုံ ၂ ပုံ ပူးပေါင်းဆောင်ရွက်သွားမှာဖ ြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန် း ကပြောသည်။
ထို့အတူ အဆိုပါရောဂါ အတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ အကူအညီပေးဖို့ လည်း အသင့်ဆောင်ရွက်ထားကြောင်း ရောဂါရှာဖွေ စမ်းသပ်မှုမှာလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြေ ာင်း၊နေရာတွေ အဆောက်အုံ များလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြေ ာင်း၊ ထို့ပြင် အရေးပေါ် အခြေအနေ ဖြစ်ပွားပါကလည်း အထူးဆေးအဖွဲ့များဖြင့် တစ်ဖွဲ့ လျှင် ၂၀ ဦးစီ ပါ၀င်သည့် အဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြေ ာင်းသိရသည်။
ရောဂါဖြစ်ပွားရာတွင် ကုသရာတွင် အသုံးပြုနိုင်မည့် ဆေးဝါး ၅၈ မျိုးကိုလည်း တိုင်းစစ်ဌာနချုပ် များရှိသည့် နယ်မြေအလိုက် ကုတင် ၃၀၀ များအထက်သို့လည်း ဖြန့် ဝေပေးထားကြောင်း သိရသည်။ထပ်မံ၍ လိုအပ်လာပါကလည်း တပ်မတော် ဆေးရုံများကို ထုတ်ပေးနိုင်ဖို့ အမှတ် ၁ ဆေးသိုလှောင်ရေးတပ်မှာ အရန်သိုလှောင်ထားရှိကြောင်း လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန် းက ပြောသည်။
COVID -19 ကူးစက်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယခု မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုနေ့ တပ်မတော် နေ့ အခမ်းအနားကိုလည်း ခေတ္တဆိုင်းငံ့ထားကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ref-the fifth wave
>>Zawgyi<<
COVID -19 နှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် နယ်မြေအလိုက် ဆေးရုံ ၁၇ ရုံ အသင့်ထားရှိထားသည်ဟုပြော
Sunday, March 22, 2020
ယနေ့ မတ် ၂၂ရက် နေ့လည်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်း ပြတိုက်တွင် တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က "တပ်မတော် အနေဖြင့် COVID -19 နှင့် ပတ်သက်ပြီး အရပ်ဖက်နှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နယ်မြေ အလိုက် ဆေးရုံ ၁၇ ရုံ ထားရှိထားကြောင်း"ပြောသည်။
“တိုင်းနဲ့ ပြည်နယ် အလိုက် ပူးပေါင်းဆောင်ရွက်မဲ့ ဆေးရုံ သတ်မှတ်ချက်တွေ တပ်မတော်အနေနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဥပမာ ကချင်ပြည်နယ် အတွက် ဆိုရင် အမှတ် ၁ ကုတင် ၃၀၀ မှာဆောင်ရွက်မှာဖြစ်တယ်။ နေပြည်တော်အတွက်ဆိုရင် အမှတ် ၂ တပ်မတော် ဆေးရုံကြီး ကုတင် ၁၀၀၀ ဆေးရုံက ဆောင်ရွက်မှာ ဖြစ်တယ်။ ရခိုင်ပြည်နယ် အတွက်ဆိုရင် ကျွန်တော်တို့ အမှတ် ၈ စစ်မြေပြင် ဆေးတပ်ရင်းကနေ ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုးပေါင်းစပ်ညှိနှိုင ်းဆောင်ရွက်ပေးမဲ့ ဆေးရုံ ကျွန်တော်တို့ ၁၇ ခု တိုင်းဒေသကြီး ၁၄ ခု အပါအဝင် ရှမ်းမှာ ဆိုရင် အရှေ့ မြောက် တောင်ဘက် ဒါတွေ နဲ့ ခွဲထားတာဖြစ်တယ် ။ နယ်မြေ ၁၇ မှာ ဆေးရုံ ၁၇ ရုံ သတ်မှတ်ပြီးဖြစ်တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။
အဆိုပါ ရောဂါအား ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍လည်း ဟောပြောဆွေးနွေးမှုများ၊ ကျန်းမာရေးဦးစီးဌာနှင့် ပူးပေါင်းပြီး နေရာ အလိုက်စောင့်ကြည့်မှုများ၊ နယ်စပ်ဝင်ထွက်ဂိတ်များတွင် အကူအညီတောင်း ခံလာပါက တပ်မတော် အနေဖြင့် ဆေးမှူးဦးစီးတဲ့ သူနာပြု ၂ ဦး သူနာပြုစစ်သည် ၂ ဦး စုစုစုပေါင်း ၅ ဦးနှင့် ဆောင်ရွက်ပေးရန် အသင့်ရှိသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့သည်။
၎င်း ကူးစက်ရောဂါအား အစိမ်းရောင်၊ အဝါရောင် လိမ္မော်ရောင် ၊ အနီရောင် စသည် ဖြင့် အဆင့် သတ်မှတ်ထားကြောင်း သိရသည်။လိမ္မော်ရောင်အဆင့်ဖြ စ်ပွားပါက တပ်မတော်မှာရှိသည့် ဆေးဝန်ထမ်း၊ ဆရာဝန် အင်အား၏ ၁၀ ပုံ တစ်ပုံ ကို ထုတ်နှုတ်ပြီး နေရာ အလိုက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“အဲ့ဒီ က မှ ပိုပြင်းထန်လာပြီ အနီရောင်အဆင့်ရောက်လာပြီဆို ရင် ကျွန်တော်တို့ အင်အားရဲ့ ၁၀ ပုံ ၂ ပုံ ပူးပေါင်းဆောင်ရွက်သွားမှာြ ဖစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။
ထို့အတူ အဆိုပါရောဂါ အတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ အကူအညီပေးဖို့ လည်း အသင့်ဆောင်ရွက်ထားကြောင်း ရောဂါရှာဖွေ စမ်းသပ်မှုမှာလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြေ ာင်း၊နေရာတွေ အဆောက်အုံ များလည်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြေ ာင်း၊ ထို့ပြင် အရေးပေါ် အခြေအနေ ဖြစ်ပွားပါကလည်း အထူးဆေးအဖွဲ့များဖြင့် တစ်ဖွဲ့ လျှင် ၂၀ ဦးစီ ပါဝင်သည့် အဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြေ ာင်းသိရသည်။
ရောဂါဖြစ်ပွားရာတွင် ကုသရာတွင် အသုံးပြုနိုင်မည့် ဆေးဝါး ၅၈ မျိုးကိုလည်း တိုင်းစစ်ဌာနချုပ် များရှိသည့် နယ်မြေအလိုက် ကုတင် ၃၀၀ များအထက်သို့လည်း ဖြန့် ဝေပေးထားကြောင်း သိရသည်။ထပ်မံ၍ လိုအပ်လာပါကလည်း တပ်မတော် ဆေးရုံများကို ထုတ်ပေးနိုင်ဖို့ အမှတ် ၁ ဆေးသိုလှောင်ရေးတပ်မှာ အရန်သိုလှောင်ထားရှိကြောင်း လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။
COVID -19 ကူးစက်ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယခု မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုနေ့ တပ်မတော် နေ့ အခမ်းအနားကိုလည်း ခေတ္တဆိုင်းငံ့ထားကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ref-the fifth wave
0 comments:
Post a Comment