Wednesday, March 4, 2020

ယာဉ်ထိန်းရဲကို ညစ်ညမ်းစွာ ဆဲဆိုပြီး ထီးဖြင့်ရိုက်ခဲ့သည့် အမျိုးသမီးကို ပုဒ်မ သုံးခုဖြင့်အမှုဖွင့်၍ အာမခံပေး

Image may contain: one or more people, people standing, people walking and outdoor

ယာဉ်ထိန်းရဲအား ထီးဖြင့်ရိုက်နှက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် အမျိုးသမီးကို အမှု ၃မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း နှင့် သုနန္ဒာမီးပွိုင့်တွင် မတ် ၂ ရက်နေ့က ယာဉ်ထိန်းရဲဖွဲ့များ ယာဉ်စည်းကမ်း ထိန်းသိမ်း ဆောင်ရွက်နေစဉ် Mark X ကားတစ်စီး ရောက်လာသဖြင့် တားဆီး စစ်ဆေးခဲ့ချိန် ၎င်းယာဉ်ပေါ်မှ ယာဉ်မောင်းနှင်လာသူ အသက် ၂၄နှစ် ခန့် အမျိုးသမီးက ယာဉ်ထိန်းရဲဖွဲ့ဝင်များကို လူမြင်ကွင်းတွင် ညစ်ညမ်းစွာ ပြောဆိုပြီး ထီးဖြင့်ရိုက်၊ ရေဘူးဖြင့်ပစ်ပေါက်ခြင်းများ ပြုမူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တွင် ပါရှိသော အသက် ၂၄နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ထိုးကြိတ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ နှစ်ဦးကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၅၆၉/၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၃/၃၃၂/၂၉၄ တို့ဖြင့် အမှုဖွင့်ကာ အာမခံပေး၍ ရရှိသော ပုဒ်မများ ဖြစ်သဖြင့် အာမခံပေးထားကြောင့် စုံစမ်းသိရှိ ရသည်။
ထိူအတူ ပြီးခဲ့သောလပိုင်းကလည်း အမျိုးသမီးတစ်ဦးက ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို လူမြင်ကွင်းတွင် စော်ကားပြောဆိုသည့် အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်သည့်အမှုရှိခဲ့ကြောင်းသိရသည်။
သတင်း - ဦးပြုံး(နိုင်ငံမျက်လုံး)
<zawgyi>
ယာဉ်ထိန်းရဲကို ညစ်ညမ်းစွာ ဆဲဆိုပြီး ထီးဖြင့်ရိုက်ခဲ့သည့် အမျိုးသမီးကို ပုဒ်မ သုံးခုဖြင့်အမှုဖွင့်၍ အာမခံပေး
Thursday , March 5 , 2020

ယာဉ်ထိန်းရဲအား ထီးဖြင့်ရိုက်နှက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် အမျိုးသမီးကို အမှု ၃မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း နှင့် သုနန္ဒာမီးပွိုင့်တွင် မတ် ၂ရက်နေ့က ယာဉ်ထိန်းရဲဖွဲ့များ ယာဉ်စည်းကမ်း ထိန်းသိမ်း ဆောင်ရွက်နေစဉ် Mark X ကားတစ်စီး ရောက်လာသဖြင့် တားဆီး စစ်ဆေးခဲ့ချိန် ၎င်းယာဉ်ပေါ်မှ ယာဉ်မောင်းနှင်လာသူ အသက် ၂၄နှစ် ခန့် အမျိုးသမီးက ယာဉ်ထိန်းရဲဖွဲ့ဝင်များကို လူမြင်ကွင်းတွင် ညစ်ညမ်းစွာ ပြောဆိုပြီး ထီးဖြင့်ရိုက်၊ ရေဘူးဖြင့်ပစ်ပေါက်ခြင်းများ ပြုမူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်တွင် ပါရှိသော အသက် ၂၄နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ထိုးကြိတ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ နှစ်ဦးကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၅၆၉/၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၃/၃၃၂/၂၉၄ တို့ဖြင့် အမှုဖွင့်ကာ အာမခံပေး၍ ရရှိသော ပုဒ်မများ ဖြစ်သဖြင့် အာမခံပေးထားကြောင့် စုံစမ်းသိရှိ ရသည်။
ထိူအတူ ပြီးခဲ့သောလပိုင်းကလည်း အမျိုးသမီးတစ်ဦးက ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို လူမြင်ကွင်းတွင် စော်ကားပြောဆိုသည့် အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်သည့်အမှုရှိခဲ့ကြောင်းသိရသည်။
သတင်း - ဦးပြုံး(နိုင်ငံမျက်လုံး)

0 comments:

Post a Comment