Wednesday, March 4, 2020

ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ခံနေရသည့် တောင်ကိုရီးယားတွင် ဗိုင်းရပ်စ် တိုက်ဖျက်ရေးစစ်ပွဲ ကြေညာ

Image may contain: 1 person, sitting and indoor

တောင်ကိုရီးယားသမ္မတက မတ်လ ၃ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် စစ်ကြေညာခဲ့ပြီး တရုတ် နိုင်ငံပြင်ပတွင် အဆိုးရွားဆုံး ကူးစက်ခံနေရသည့် တောင်ကိုရီးယားနိုင်ငံ၌ ကူးစက်ခံရသူအရေအတွက် ၆၀၀ မြင့် တက်လာခြင်းကြောင့် အရံဆေးရုံကုတင်များ၊ မျက်နှာဖုံးများပြုလုပ်ထားရန် အမိန့်ပေးလိုက်သည်။

သမ္မတ မွန်ဂျေအင်းက မျက်နှာဖုံးများ ပြတ်လပ်မှုအတွက် တောင်းပန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပေါင်း ၄၈၁၂ မှုဖြစ်ပွားပြီး ၃၄ ဦး သေဆုံးခဲ့သည့် အာရှတိုက်၏ စတုတ္ထအကြီးဆုံး စီးပွားရေးတိုင်းပြည် တောင်ကို ရီးယားရှိ ဗိုင်းရပ်စ်ဘေးသင့် အသေးစားလုပ်ငန်းများကို ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။
ဒယ်ဂူနျင့် ဂျောင်ဘွတ်ပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အမြင့်ဆုံးအဆင့် ပျံ့နှံ့နေသော ကြောင့် တစ်တိုင်းပြည်လုံးက စစ်ပွဲကြေညာသည့်အဆင့် ရောက်ရှိလာခဲ့ကြောင်း အစိုးရအဖွဲ့အစည်း အဝေး၌ သမ္မတ မွန်ဂျေအင်းက ပြောသည်။
“မျက်နှာဖုံးတွေ လုံလုံလောက်လောက် မထောက်ပံ့နိုင်ပြီး အဆင်မပြေမှုဖြစ် စေလို့ ပြည်သူတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး” ဟု ၎င်းက ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၄၈၁၂ မှုဖြစ်ပွားခဲ့ရာ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဒယ်ဂူနှင့် အိမ်နီးချင်း မြောက်ဂျောင်ဆန်ပြည်နယ်တွင် ဖြစ်ပွားကြောင်း ကိုရီးယား ဗဟိုရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာနက ပြောသည်။
“တစ်နိုင်ငံလုံးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေး စစ်ပွဲဆင်နွှဲတဲ့အဆင့် ရောက်ရှိလာပါပြီ။ အစိုးရဌာနတွေအနေနဲ့ ၂၄ နာရီစလုံး တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်” ဟု သမ္မတ မွန်ဂျေအင်းကဆိုသည်။
Ref ; AFP
<zawgyi>
ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်ခံနေရသည့် တောင်ကိုရီးယားတွင် ဗိုင်းရပ်စ် တိုက်ဖျက်ရေးစစ်ပွဲ ကြေညာ
Thursday , March 5 , 2020

တောင်ကိုရီးယားသမ္မတက မတ်လ ၃ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် စစ်ကြေညာခဲ့ပြီး တရုတ် နိုင်ငံပြင်ပတွင် အဆိုးရွားဆုံး ကူးစက်ခံနေရသည့် တောင်ကိုရီးယားနိုင်ငံ၌ ကူးစက်ခံရသူအရေအတွက် ၆၀၀ မြင့် တက်လာခြင်းကြောင့် အရံဆေးရုံကုတင်များ၊ မျက်နှာဖုံးများပြုလုပ်ထားရန် အမိန့်ပေးလိုက်သည်။
သမ္မတ မွန်ဂျေအင်းက မျက်နှာဖုံးများ ပြတ်လပ်မှုအတွက် တောင်းပန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပေါင်း ၄၈၁၂ မှုဖြစ်ပွားပြီး ၃၄ ဦး သေဆုံးခဲ့သည့် အာရှတိုက်၏ စတုတ္ထအကြီးဆုံး စီးပွားရေးတိုင်းပြည် တောင်ကို ရီးယားရှိ ဗိုင်းရပ်စ်ဘေးသင့် အသေးစားလုပ်ငန်းများကို ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။
ဒယ်ဂူနျင့် ဂျောင်ဘွတ်ပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အမြင့်ဆုံးအဆင့် ပျံ့နှံ့နေသော ကြောင့် တစ်တိုင်းပြည်လုံးက စစ်ပွဲကြေညာသည့်အဆင့် ရောက်ရှိလာခဲ့ကြောင်း အစိုးရအဖွဲ့အစည်း အဝေး၌ သမ္မတ မွန်ဂျေအင်းက ပြောသည်။
“မျက်နှာဖုံးတွေ လုံလုံလောက်လောက် မထောက်ပံ့နိုင်ပြီး အဆင်မပြေမှုဖြစ် စေလို့ ပြည်သူတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး” ဟု ၎င်းက ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၄၈၁၂ မှုဖြစ်ပွားခဲ့ရာ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဒယ်ဂူနှင့် အိမ်နီးချင်း မြောက်ဂျောင်ဆန်ပြည်နယ်တွင် ဖြစ်ပွားကြောင်း ကိုရီးယား ဗဟိုရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာနက ပြောသည်။
“တစ်နိုင်ငံလုံးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေး စစ်ပွဲဆင်နွှဲတဲ့အဆင့် ရောက်ရှိလာပါပြီ။ အစိုးရဌာနတွေအနေနဲ့ ၂၄ နာရီစလုံး တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်” ဟု သမ္မတ မွန်ဂျေအင်းကဆိုသည်။
Ref ; AFP

0 comments:

Post a Comment