Tuesday, March 17, 2020

COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် ဝူဟန့်မြို့ရှိ ဆေးရုံများ၌ ပုံမှန်ဆေးကုသမှုများ ပြန်လည်စတင်မည်


တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသော လူနာအရေအတွက် ဆက်လက်လျော့ကျလာသည့်အတွက် COVID-19 လူနာများအား အဓိကထားကုသရန် သတ်မှတ်ထားသော ဆေးရုံများအနေဖြင့် မတ်လကုန်တွင် ပုံမှန်ဆေးကုသမှုလုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည်။

အဆိုပါ ဆေးရုံများအား COVID-19 လူနာများ ကုသမှု ပြီးဆုံးပြီးနောက် ပိုးသတ်ဆေးဖျန်းလုပ်ငန်းကို စေ့စေ့စပ်စပ် လုပ်ဆောင်သွားမည်ဖြစ်ကာ အခြားရောဂါရှိသော လူနာများအား တဖြည်းဖြည်း လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဝူဟန့်မြို့ရှိ Wuhan Union ဆေးရုံရှိ ဌာနသုံးပုံနှစ်ပုံနီးပါး၌လည်းကောင်း၊ ဝူဟန့်တက္ကသိုလ်၏ Renmin ဆေးရုံနှင့် ဟူပေပြည်နယ်ဆေးရုံရှိ တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ ဟွာ့ယွီအန်းဆန်းဆေးရုံခွဲရှိ ဌာနများတွင်လည်းကောင်း ပိုးသတ်ဆေးဖျန်းခြင်းကို သေချာစွာဆောင်ရွက်ခဲ့ပြီး အခြားရောဂါရှိသော လူနာများအား ဖြည်းဖြည်းချင်း ပြန်လည်လက်ခံကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
Image may contain: one or more people and people standing
Image may contain: 1 person, standing and child
Image may contain: one or more people and people standing
Image may contain: one or more people and people standing
Image may contain: one or more people
Image may contain: one or more people
Ref ; Xinhua
<zawgyi>
COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် ဝူဟန့်မြို့ရှိ ဆေးရုံများ၌ ပုံမှန်ဆေးကုသမှုများ ပြန်လည်စတင်မည်
Tuesday, March 17, 2020

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသော လူနာအရေအတွက် ဆက်လက်လျော့ကျလာသည့်အတွက် COVID-19 လူနာများအား အဓိကထားကုသရန် သတ်မှတ်ထားသော ဆေးရုံများအနေဖြင့် မတ်လကုန်တွင် ပုံမှန်ဆေးကုသမှုလုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည်။
အဆိုပါ ဆေးရုံများအား COVID-19 လူနာများ ကုသမှု ပြီးဆုံးပြီးနောက် ပိုးသတ်ဆေးဖျန်းလုပ်ငန်းကို စေ့စေ့စပ်စပ် လုပ်ဆောင်သွားမည်ဖြစ်ကာ အခြားရောဂါရှိသော လူနာများအား တဖြည်းဖြည်း လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဝူဟန့်မြို့ရှိ Wuhan Union ဆေးရုံရှိ ဌာနသုံးပုံနှစ်ပုံနီးပါး၌လည်းကောင်း၊ ဝူဟန့်တက္ကသိုလ်၏ Renmin ဆေးရုံနှင့် ဟူပေပြည်နယ်ဆေးရုံရှိ တရုတ်တိုင်းရင်းဆေးပညာဆိုင်ရာ ဟွာ့ယွီအန်းဆန်းဆေးရုံခွဲရှိ ဌာနများတွင်လည်းကောင်း ပိုးသတ်ဆေးဖျန်းခြင်းကို သေချာစွာဆောင်ရွက်ခဲ့ပြီး အခြားရောဂါရှိသော လူနာများအား ဖြည်းဖြည်းချင်း ပြန်လည်လက်ခံကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
Ref ; Xinhua

0 comments:

Post a Comment