Tuesday, March 17, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာတည် ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး စစ်မှုထမ်းဟောင်းများနှင့်တွေ့ဆုံ

Image may contain: 8 people

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည်ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည် ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ ရောက်ရှိကြရာ တပ်မတော်အရာရှိကြီးများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ အိမ်ရာများတွင် နေထိုင်သူများ၏ နေရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စရပ်များတွင် အဆင်ပြေစေရေးနှင့် နေထိုင်သူများ၏ လိုအပ်ချက်ကိုဖြည့် ဆည်း ၍ မြို့ပြအသွင်တည်ဆောက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် နှစ်ပေါင်းများစွာပေးဆပ်၍ တာဝန်ထမ်းဆောင် ခဲ့ကြသူများဖြစ်သဖြင့် တပ်မတော်မှ အနားယူပြီးချိန်တွင်လည်း နေထိုင်စားသောက်မှုအဆင် ပြေစေရေး ဆောင်ရွက်ပေးရမည် ဖြစ်သည့်အပြင် ၎င်းတို့၏ သားသမီးများ၏ အလုပ် အကိုင်အခွင့်အလမ်းရရှိရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် စဉ်းစားရာတွင် လုပ်အားအခြေပြု (Labour intensive) လုပ်ငန်းများကို စဉ်းစားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဇုန်များမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် နို့ ထွက်ပစ္စည်း များကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ပြီး စစ်မှုထမ်းဟောင်းများအားကိုးရသည့် မြို့ပြပုံစံဖြစ်လာအောင်ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်းဖြင့် မှာကြားသည်။
အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တပ်မတော်တွင် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းများနှင့် မိသားစုဝင်များအား ကောင်းကောင်းမွန်မွန်နှင့် အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်ရေး ယခုကဲ့သို့ဆောင်ရွက် ပေးထားခြင်းဖြစ်သဖြင့် စည်းကမ်းစနစ်တကျနေထိုင်ကြရန်လိုကြောင်း၊ မိသားစုများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက်လည်း စက်ရုံ၊ အလုပ်ရုံများ၊ စျေးဝယ်စင်တာများ၊ ဆေးရုံများကို ဆက်လက်ထည့်သွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး စစ်မှုထမ်းဟောင်းများ၏ တင်ပြချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့် နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံး(၈၄)ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခြားအဆင့် နေအိမ်(၂)ခန်းတွဲ(၆)ထပ် ၃ လုံး၊ အခြား အဆင့် နေအိမ်(၄)ခန်းတွဲ (၆)ထပ် ၃ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ(၆)ထပ် ၂ လုံးအား ထပ်မံတည်ဆောက်လျက်ရှိရာ ၅၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အရာရှိကြီးနေအိမ်(၄)ခန်းတွဲ(၆) ထပ် ၁ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ (၆)ထပ် ၁ လုံး၊ အခြားအဆင့်နေအိမ်(၄)ခန်းတွဲ(၆)ထပ်(လေးထောင့်ပုံစံ) ၇ လုံး၊ အခြား အဆင့်နေအိမ် (၄)ခန်းတွဲ(၆)ထပ် (အလျားလိုက်ပုံစံ) ၂ လုံးတို့အား ထပ်မံတည်ဆောက်လျက်ရှိရာ ၄၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
Image may contain: 3 people, people sitting and indoor
Image may contain: 5 people, people sitting, table and indoor
Image may contain: one or more people, people standing, wedding, sky and outdoor
သတင်းစဉ်
<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာတည် ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး စစ်မှုထမ်းဟောင်းများနှင့်တွေ့ဆုံ
Tuesday, March 17, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည်ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့ သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တည်ဆောက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ ရောက်ရှိကြရာ တပ်မတော်အရာရှိကြီးများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ အိမ်ရာများတွင် နေထိုင်သူများ၏ နေရေးအပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး ကိစ္စရပ်များတွင် အဆင်ပြေစေရေးနှင့် နေထိုင်သူများ၏ လိုအပ်ချက်ကိုဖြည့် ဆည်း ၍ မြို့ပြအသွင်တည်ဆောက် ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် နှစ်ပေါင်းများစွာပေးဆပ်၍ တာဝန်ထမ်းဆောင် ခဲ့ကြသူများဖြစ်သဖြင့် တပ်မတော်မှ အနားယူပြီးချိန်တွင်လည်း နေထိုင်စားသောက်မှုအဆင် ပြေစေရေး ဆောင်ရွက်ပေးရမည် ဖြစ်သည့်အပြင် ၎င်းတို့၏ သားသမီးများ၏ အလုပ် အကိုင်အခွင့်အလမ်းရရှိရေး အတွက်လည်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အ လမ်းအတွက် စဉ်းစားရာတွင် လုပ်အားအခြေပြု (Labour intensive) လုပ်ငန်းများကို စဉ်းစားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဇုန်များမှ ထွက်ရှိသည့် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် နို့ ထွက်ပစ္စည်း များကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ပြီး စစ်မှုထမ်း ဟောင်းများအားကိုးရသည့် မြို့ပြပုံစံဖြစ်လာအောင်ကြိုး ပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။
အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ တပ်မတော်တွင် သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းများနှင့် မိသားစုဝင်များအား ကောင်းကောင်းမွန်မွန်နှင့် အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်ရေး ယခုကဲ့သို့ဆောင်ရွက် ပေးထားခြင်းဖြစ်သဖြင့် စည်းကမ်းစနစ်တကျနေထိုင်ကြရန်လိုကြောင်း၊ မိသားစုများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက်လည်း စက်ရုံ၊ အလုပ်ရုံများ၊ စျေးဝယ်စင်တာများ၊ ဆေးရုံများကို ဆက်လက် ထည့်သွင်း တည် ဆောက်ပေးသွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး စစ်မှုထမ်း ဟောင်းများ၏ တင်ပြချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။
မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)၌ ၂၀၁၇ ခုနှစ်တွင် အခြားအဆင့် နေအိမ် (၂)ခန်းတွဲ(၆)ထပ် ၇ လုံး(၈၄)ခန်း ဆောက်လုပ် ပြီးစီးပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အခြားအဆင့် နေအိမ်(၂)ခန်းတွဲ(၆)ထပ် ၃ လုံး၊ အခြား အဆင့် နေအိမ်(၄)ခန်းတွဲ (၆)ထပ် ၃ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ(၆)ထပ် ၂ လုံးအား ထပ်မံတည်ဆောက်လျက်ရှိရာ ၅၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အရာရှိကြီးနေအိမ်(၄)ခန်းတွဲ(၆) ထပ် ၁ လုံး၊ အရာရှိငယ်နေအိမ် (၄)ခန်းတွဲ (၆)ထပ် ၁ လုံး၊ အခြားအဆင့်နေအိမ်(၄)ခန်းတွဲ(၆)ထပ်(လေးထောင့်ပုံစံ) ၇ လုံး၊ အခြား အဆင့်နေအိမ် (၄)ခန်းတွဲ(၆) ထပ် (အလျားလိုက်ပုံစံ) ၂ လုံးတို့အား ထပ်မံတည်ဆောက် လျက်ရှိရာ ၄၇ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment