Tuesday, March 17, 2020

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

No photo description available.

ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်း ကောင်း ဆောင်ရွက်လျက်ရှိပါသည်။

မတ်လ (၁၆) ရက်နေ့၊ ညနေ (၆) နာရီမှ (၁၇-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၁) ဦး ရှိပါသည်။ (ဇယား -၁)
ယနေ့တွင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၂) ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၃) ဦးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုများမရှိ သော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော နိုင်ငံများသို့သွားရောက်ခဲ့သည့် ရာဇဝင်ရှိသဖြင့် ၎င်းတို့အား ဆေးရုံတွင် (၁၄) ရက်ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
ယနေ့ ညနေ (၆) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၉) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် တောင်ပြုံးတိုက်နယ်ဆေးရုံတွင် (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် တက်ရောက်ကုသခဲ့ပြီး လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ခဲ့ရာ လူနာတွင် မောခြင်း၊ အသက် ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ (၁၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၂း၀၀) နာရီအချိန်တွင် ကန်တော်နဒီဆေးရုံသို့ ထပ်မံညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် နံနက် (၇◌း၃၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။ အဆိုပါ လူနာ၏ ဓာတ်ခွဲနမူနာ အဖြေရရှိလျှင် အချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်သွားမည် ဖြစ်ပါသည်။
မတ်လ(၁၇) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော် လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၅၁) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါသည်။
No photo description available.
No photo description available.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
<zawgyi>
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ
Tuesday, March 17, 2020

ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်း ကောင်း ဆောင်ရွက်လျက်ရှိပါသည်။
မတ်လ (၁၆) ရက်နေ့၊ ညနေ (၆) နာရီမှ (၁၇-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၁) ဦး ရှိပါသည်။ (ဇယား -၁)
ယနေ့တွင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၂) ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၃) ဦးတို့တွင် ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ၊ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှုများမရှိ သော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော နိုင်ငံများသို့သွားရောက်ခဲ့သည့် ရာဇဝင်ရှိသဖြင့် ၎င်းတို့အား ဆေးရုံတွင် (၁၄) ရက်ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
ယနေ့ ညနေ (၆) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၉) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်တွင် နေထိုင်သော အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အစာမစားနိုင်ခြင်း စသည့် လက္ခဏာများဖြင့် တောင်ပြုံးတိုက်နယ်ဆေးရုံတွင် (၁၄-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉းဝဝ) နာရီအချိန်တွင် တက်ရောက်ကုသခဲ့ပြီး လူနာမှာ သက်သာမှု မရှိသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းညွှန်းပို့ခဲ့ရာ လူနာတွင် မောခြင်း၊ အသက် ရှူကြပ်ခြင်း စသည့်လက္ခဏာများ တွေ့ရှိရ သဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ (၁၇-၃-၂၀၂၀) ရက်နေ့၊ နံနက် (၂းဝဝ) နာရီအချိန်တွင် ကန်တော်နဒီဆေးရုံသို့ ထပ်မံညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ထားရှိပြီး လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်စဉ် နံနက် (၇◌း၃၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးရသည့် အကြောင်းအရင်းမှာ လူနာ၏ ရောဂါရာဇဝင်နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း သိရှိရပါသည်။ အဆိုပါ လူနာ၏ ဓာတ်ခွဲနမူနာ အဖြေရရှိလျှင် အချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်သွားမည် ဖြစ်ပါသည်။
မတ်လ(၁၇) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော် လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၅၁) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ် ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment