Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ထိန်းချုပ်ကုသရာတွင် လိုအပ်သော နေရာများ၌အသုံးပြု နိုင်ရန် အတွက် ကွန်းခိုရာဖောင်ဒေးရှင်းမှလှူဒါန်းထားသော ဆေးရုံသုံးပစ္စည်းများ ယမန်နေ့ညပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နေပြည်တော်လေဆိပ်သို့ မြန်မာ့တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိ လာကြောင်း ရောက်ရှိလာသော ဆေးရုံသုံး ပစ္စည်းများမှာ Portable Ventilator (အသက်ရှူစက်) ၅၀ လုံးနှင့် Surgical Masks (ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း)အခုရေ နှစ်သိန်း တို့ဖြစ်ကြောင်း သိရှိရပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ဧပြီ ၁ရက်တွင် အပူချိန်တိုင်းကိရိယာ (GX01 Non Contact Electronic Thermometer) အခု ၅၀၀ နှင့် ရောဂါပိုး စမ်းသပ်စစ်ဆေးသည့် ကိရိယာ (SARS-CoV-2 Rapid Qualitative Test Kit) အစုံ ၁၀၀၀၀ တို့ ရောက်ရှိ ခဲ့ပြီးဖြစ်ကြောင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် အသုံးပြုရန် အတွက် ကွန်းခိုရာ ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် ဆေးရုံသုံး ပစ္စည်းများ ရောက်ရှိ
Monday, April 6, 2020
Coronavirus Disease 2019(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ကုသရာတွင် လိုအပ်သော နေရာများ၌အသုံးပြု နိုင်ရန် အတွက် ကွန်းခိုရာဖောင်ဒေးရှင်းမှလှူဒါန်းထားသော ဆေးရုံသုံး ပစ္စည်းများ ယမန်နေ့ညပိုင်းတွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ နေပြည်တော်လေဆိပ်သို့ မြန်မာ့တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိ လာကြောင်း ရောက်ရှိ လာ သော ဆေးရုံသုံး ပစ္စည်းများ မှာ Portable Ventilator (အသက်ရှူစက်) ၅၀ လုံးနှင့် Surgical Masks (ခွဲစိတ်ခန်း သုံး နှာခေါင်းစည်း)အခုရေ နှစ်သိန်း တို့ဖြစ်ကြောင်း သိရှိရပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ် ရောက်ရှိလာခြင်း ဖြစ်ပြီး ဧပြီ ၁ရက်တွင် အပူချိန်တိုင်း ကိရိယာ (GX01 Non Contact Electronic Thermometer) အခု ၅၀၀ နှင့် ရောဂါပိုး စမ်းသပ် စစ်ဆေးသည့် ကိရိယာ (SARS-CoV-2 Rapid Qualitative Test Kit) အစုံ ၁၀၀၀၀တို့ ရောက်ရှိ ခဲ့ပြီးဖြစ်ကြောင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူ များက လက်ခံ ခဲ့ကြကြောင်း သတင်းရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
0 comments:
Post a Comment