Monday, April 6, 2020

COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့်ရန်ကုန်မြို့ တို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ လက်ခံလျက်ရှိ

Image may contain: one or more people
Coronavirus Disease 2019 (COVID- 19) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့် ရမည့် သူများ အား ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း၌ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက် ပေးနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး မတ်၃၁ ရက် ညနေပိုင်းတွင် စတင်လက်ခံခဲ့ ရာ ဧပြီ ၄ ရက်အထိ စုစုပေါင်း ၁၁၄ ဦး လက်ခံထားရှိပြီးဖြစ်သည်။

ယနေ့တွင်လည်း ဆက်လက် လက်ခံခဲ့ရာ ယနေ့ည ၇ နာရီအထိ တရုတ်နိုင်ငံမှ ပြန် လည်ရောက်ရှိလာသူ အမျိုးသား တစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီးတစ်ဦး၊ မြဝတီ၊ လားရှိုး၊ ကော့သောင်းနှင့် ““၀”” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး ထပ်မံရောက်ရှိ သဖြင့် စောင့်ကြည့်လူနာစုစုပေါင်း ၁၂၄ ဦးကို လက်ခံခဲ့ပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက် နေမှုများကို ရန်ကုန်တိုင်း စစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။
အလားတူ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လည်း သီးသန့်စောင့် ကြည့်ရမည့်သူများအား ဧပြီ ၄ ရက်မှ စတင် လက်ခံခဲ့ရာ ၅၇ ဦး လက်ခံထားရှိပြီးဖြစ်ပြီး ယနေ့ည ၉ နာရီထိ မူဆယ်၊ တောင်ကြီး၊ မြဝတီ၊ ကြူကုတ်၊ ပန်ဆိုင်း၊ မိုးညှင်း၊ ဟိုပန်၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းယု၊ လောက်ကိုင်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် စသည့် နယ်စပ် ဒေသများမှပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄၁ ဦး၊အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၆၆ ဦး ထပ်မံရောက် ရှိခဲ့ကာ ကရင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီးတစ်ဦး သည်ကိုယ်အပူချိန်မြင့် တက်လာသောကြောင့်နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ ဆေးရုံ(ခုတင်-၃၀၀)သို့ လွှဲပြောင်းပေးအပ် ခဲ့သဖြင့် စုစုပေါင်း စောင့်ကြည့် လူနာ ၁၂၂ ဦး လက်ခံထားရှိပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုများကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော် နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
စောင့်ကြည့်လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့် လူနာများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။ COVID- 19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးအတွက် သီးခြားစောင့် ကြည့်ကု သနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၂၀၀၀ ဦးနှင့် နေပြည်တော်ရှိ စစ်ကြော ရေးနှင့် တည်းခိုရေး စခန်းတွင် ၁၅၀၀၀ ဦး နေထိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
Image may contain: 1 person
Image may contain: one or more people and people standing
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
>>Zawgyi<<
COVID-19 ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော် နှင့်ရန်ကုန်မြို့ တို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ လက်ခံလျက်ရှိ
Monday, April 6, 2020
Coronavirus Disease 2019 (COVID- 19) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့် စောင့်ကြည့် ရမည့် သူများ အား ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း၌ လက်ခံ၍ ကျန်းမာရေး စောင့်ရှောက် ပေးနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီး မတ်၃၁ ရက် ညနေပိုင်းတွင် စတင်လက်ခံခဲ့ ရာ ဧပြီ ၄ ရက်အထိ စုစုပေါင်း ၁၁၄ ဦး လက်ခံ ထားရှိပြီးဖြစ်သည်။
ယနေ့တွင်လည်း ဆက်လက် လက်ခံခဲ့ရာ ယနေ့ည ၇ နာရီအထိ တရုတ်နိုင်ငံမှ ပြန် လည်ရောက်ရှိလာသူ အမျိုးသား တစ်ဦး၊ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီးတစ်ဦး၊ မြဝတီ၊ လားရှိုး၊ ကော့သောင်းနှင့် ““၀”” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသားငါးဦး၊ အမျိုးသမီးသုံးဦး ထပ်မံရောက်ရှိ သဖြင့် စောင့်ကြည့်လူနာစုစုပေါင်း ၁၂၄ ဦးကို လက်ခံခဲ့ပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက် နေမှုများကို ရန်ကုန်တိုင်း စစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးသည်။
အလားတူ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ လည်း သီးသန့်စောင့် ကြည့်ရမည့်သူများအား ဧပြီ ၄ ရက်မှ စတင် လက်ခံခဲ့ရာ ၅၇ ဦး လက်ခံထားရှိပြီးဖြစ်ပြီး ယနေ့ည ၉ နာရီထိ မူဆယ်၊ တောင်ကြီး၊ မြဝတီ၊ ကြူကုတ်၊ ပန်ဆိုင်း၊ မိုးညှင်း၊ ဟိုပန်၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းယု၊ လောက်ကိုင်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် စသည့် နယ်စပ် ဒေသများမှပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄၁ ဦး၊အမျိုးသမီး ၂၅ ဦး၊ စုစုပေါင်း ၆၆ ဦး ထပ်မံရောက် ရှိခဲ့ကာ ကရင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီးတစ်ဦး သည်ကိုယ်အပူချိန်မြင့် တက်လာသောကြောင့်နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူ့ ဆေးရုံ(ခုတင်-၃၀၀)သို့ လွှဲပြောင်းပေးအပ် ခဲ့သဖြင့် စုစုပေါင်း စောင့်ကြည့် လူနာ ၁၂၂ ဦး လက်ခံထားရှိပြီးဖြစ်သည်။ ထိုသို့ဆောင်ရွက်နေမှုများကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော် နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
စောင့်ကြည့်လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့် လူနာများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။ COVID- 19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးအတွက် သီးခြားစောင့် ကြည့်ကု သနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ၂၀၀၀ ဦးနှင့် နေပြည်တော်ရှိ စစ်ကြော ရေးနှင့် တည်းခိုရေး စခန်းတွင် ၁၅၀၀၀ ဦး နေထိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment