Monday, April 6, 2020

နယူးယောက်မြို့ရှိ တိရစ္ဆာန်ရုံတွင် အသက် ၄ နှစ်အရွယ် မလေးရှားကျားမလေးတစ်ကောင် COVID-19 ကူးစက်ခံရ


Image may contain: outdoor
အမေရိကန်နိုင်ငံ နယူးယောက်မြို့Bronx တိရစ္ဆာန်ရုံအတွင်းရှိ ကျားတစ်ကောင်သည် COVID-19 ရောဂါကူးစက်ခံထားရကြောင်း တိရစ္ဆာန်ရုံတာဝန်ရှိသူများက ဧပြီ ၅ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
အသက် ၄ နှစ်အရွယ် မလေးရှားကျားမလေး Nadia သည် ရောဂါပိုး စမ်းသပ်မတွေ့ရှိမီ ချောင်းခြောက်များ ဆိုးနေခဲ့ကြောင်း သိရသည်။ ကျားမလေး Nadia ၏ အစ်မကျားမလေး Azul ၊ ရုရှားအရှေ့ဖျားကျားမျိုးစိတ် ဖြစ်သော Amur ကျားကြီး နှစ်ကောင် နှင့် အာဖရိကခြင်္သေ့ သုံးကောင်ထံတွင်လည်း အလားတူလက္ခဏာများတွေ့ရှိသဖြင့် အထူးစောင့်ကြပ်ကြည့်ရှုနေကြောင်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

ကျားမလေး Nadia သည် COVID-19 ကူးစက်ခံထားရကြောင်းကို “ အမေရိကန်နိုင်ငံစိုက်ပျိုးရေးဌာန အမျိုးသားတိရစ္ဆာန်ဆေးကုသရေးဓာတ်ခွဲခန်း”ထံမှ အတည်ပြုချက်ရရှိခဲ့ကြောင်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်က ဆိုသည်။

ကျားမလေး Nadia သည် ၎င်းအား ပြုစု စောင့်ရှောက်ပေးနေသည့် တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးထံမှ ရောဂါကူးစက်ခံရခြင်းဖြစ်ပြီး အဆိုပါ ဝန်ထမ်းတွင် ရောဂါလက္ခဏာများ ပြသခြင်း မရှိကြောင်း သိရသည်။

“ ဒီလို ကျားတိရစ္ဆာန်လို မတူကွဲပြားတဲ့ မျိုးစိတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လို ကူးစက်ခံရသလဲဆိုတာကို မသိပါဘူး ။ဒါပေမယ့် ကူးစက်ခံရတဲ့ကျား အပြည့်အဝ နေပြန်ကောင်းလာဖို့ အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုတှတေော့ ဆကျလုပျသှားမှာပါ” ဟု တိရစာ်ဆနျ၏ ထုတျပွနျခကြျတှငျ ဖောျပွထားသညျ။Bronx တိရစ်ဆာနျရုံကို မတျ ၁၆ ရကျ ကတညျးက အမြားပွညျသူဝငျရောကျ လညျပတျကွညျ့ရှုခှငျ့ ပိတျပငျထားကွောငျး သိရသညျ။

Ref : Xinhua

>>Zawgyi<<

နယူးယောက်မြို့ရှိ တိရစ္ဆာန်ရုံတွင် အသက် ၄ နှစ်အရွယ် မလေးရှားကျားမလေးတစ်ကောင် COVID-19 ကူးစက်ခံရ
Monday, April 6, 2020

အမေရိကန်နိုင်ငံ နယူးယောက်မြို့Bronx တိရစ္ဆာန်ရုံအတွင်းရှိ ကျားတစ်ကောင်သည် COVID-19 ရောဂါကူးစက်ခံထားရကြောင်း တိရစ္ဆာန်ရုံတာဝန်ရှိသူများက ဧပြီ ၅ ရက်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အသက် ၄ နှစ်အရွယ် မလေးရှားကျားမလေး Nadia သည် ရောဂါပိုး စမ်းသပ်မတွေ့ရှိမီ ချောင်းခြောက်များ ဆိုးနေခဲ့ကြောင်း သိရသည်။ ကျားမလေး Nadia ၏ အစ်မကျားမလေး Azul ၊ ရုရှားအရှေ့ဖျားကျားမျိုးစိတ် ဖြစ်သော Amur ကျားကြီး နှစ်ကောင် နှင့် အာဖရိကခြင်္သေ့ သုံးကောင်ထံတွင်လည်း အလားတူ လက္ခဏာများ တွေ့ရှိသဖြင့် အထူးစောင့်ကြပ်ကြည့်ရှုနေကြောင်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

ကျားမလေး Nadia သည် COVID-19 ကူးစက်ခံထားရကြောင်းကို “ အမေရိကန်နိုင်ငံစိုက်ပျိုးေရးဌာန အမျိုးသားတိရစ္ဆာန်ဆေးကုသရေးဓာတ်ခွဲခန်း”ထံမှ အတည်ပြုချက်ရရှိခဲ့ကြောင်း တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်က ဆိုသည်။
“ Bronx တိရစ္ဆာန်ရုံထဲမှာရှိတဲ့ ကျားတွေကို အထူးဂရုစိုက်ပေးနေသလို ၊ အဲဒီတိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း သတိပြုနေထိုင်ဖို့ တပ်လှန့်ထားပါတယ်” ဟု တိရစ္ဆာန်ရုံ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ကျားမလေး Nadia သည် ၎င်းအား ပြုစု စောင့်ရှောက်ပေးနေသည့် တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦးထံမှ ရောဂါကူးစက်ခံရခြင်းဖြစ်ပြီး အဆိုပါ ဝန်ထမ်းတွင် ရောဂါလက္ခဏာများ ပြသခြင်း မရှိကြောင်း သိရသည်။

“ ဒီလို ကျားတိရစ္ဆာန်လို မတူကွဲပြားတဲ့ မျိုးစိတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လို ကူးစက်ခံရသလဲဆိုတာကို မသိပါဘူး ။ဒါပေမယ့် ကူးစက်ခံရတဲ့ကျား အပြည့်အဝ နေပြန်ကောင်းလာဖို့ အနီးကပ်စောင့်ကြပ်ကြည့်ရှုမှုတွေတော့ ဆက်လုပ်သွားမှာပါ” ဟု တိရစ္ဆာန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။Bronx တိရစ္ဆာန်ရုံကို မတ် ၁၆ ရက် ကတည်းက အများပြည်သူဝင်ရောက် လည်ပတ်ကြည့်ရှုခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

Ref : Xinhua

0 comments:

Post a Comment