Monday, April 6, 2020

မြန်မာနိုင်ငံရှိ COVID-19 လူနာများကို ဆေးပေါင်းစပ်ကုထုံး(Combination therapies)ဖြင့် ကုသပေးနေကြောင်း ဒေါက်တာ သာထွန်းကျော်ပြောကြား

Image may contain: 2 people, people sitting, table and indoor

မြန်မာနိုင်ငံရှိ COVID-19 လူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တခြားနိုင်ငံတွေမှာအသုံးပြုနေတဲ့ ဆေးနှစ်မျိုးပေါင်းစပ်ကုထုံး (Combination therapies)ကို အသုံးပြုပြီးတော့ ကုသပေးနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ သာထွန်းကျော် က မီဒီယာများ၏ မေးမြန်းမှဒ့များကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နဲ့ နိုင်ငံတကာ မှာအသုံးပြုနေတဲ့ ဆေးတွဲတွေကိုလေ့လာပြီးမှ ဒီဆေးတွဲကို အသုံးပြုကုသပေးနေတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးတစ်မျိုး တည်းနဲ့ကုသတာမဟုတ်ပဲ Combination therapies လို့ ခေါ်တဲ့ ဆေးနှစ်မျိုးနဲ့ ပေါင်းစပ်ကုသပေးတာဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်က ရှင်းပြခဲ့သည်။
အဆိုပါ ဆေးတွဲနဲ့ ကုသမှုစနစ်ကို သုတေသနလုပ်ငန်း တစ်ရပ်အနေနဲ့ အရှေ့တောင်အာရှ (၅)နိုင်ငံမှာ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံလည်း ပူးပေါင်းပါဝင်နေတယ်လို့ ဒေါက်တာ သာထွန်းကျော် ကပြောကြားခဲ့ပြီးအဲဒီလို ဆေးတွဲစနစ်နဲ့ ကုသမှုတွေပေးခဲ့တဲ့အတွက် ပိုးတွေ့လူနာနံပါတ်(၂)မှာ Negative ဖြစ်သွားသလို ကျန်လူနာတွေကိုလည်း ဒီကုထုံးတွေနဲ့ ဆက်လက်ကုသပေးနေတယ်လို့ ဒေါက်တာ သာထွန်းကျော် ကပြောကြားခဲ့သည်။
Ref : Ministry of Health and Sports, Myanmar
>>Zawgyi<<

0 comments:

Post a Comment