Wednesday, April 1, 2020

COVID-19 အတည်ပြုလူနာ(၁၅)၏ မိသားစုအပါအဝင် ထိတွေ့ဆက်ဆံခဲ့သူ လွှတ်တော်ကိုယ်စားလှယ်လေးဦး ကို Home Quarantine ဆောင်ရွက်

Image may contain: one or more people, people standing and shoes

COVID-19 အတည်ပြုလူနာ (၁၅)ရဲ့ ခင်ပွန်း ဖြစ်သူ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ကလေးနှစ်ဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီးဦးထွန်းထွန်းဦး ကပြောကြားခဲဲ့သည်။

အတည်ပြုလူနာ(၁၅)အမျိုးသမီးဟာ ရန်ကုန်မြို့ ရှိ ပုဂ္ဂလိကဆေးခန်းတခုမှာ အလုပ်လုပ်ကိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ အုပ်ချုပ်ရေးမှူးဟာ သူမနေထိုင်ရာ ရန်ကုန်က နေအိမ် ကို မတ်လ ၂၆ ရက်က သွားရောက်ခဲ့တာ ဖြစ်ပါတယ် ။
“ မတ် ၂၆ ရက်နေ့က ရန်ကုန်သွားပြီး ၂၇ ရက်မှာ သူ ပြန်လာတယ်။ အမျိုးသမီးဖြစ်သူ က ၃၀ ရက်မှာ ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သိရတယ်။ ၂၈ ရက််မှာတော့ ပေါက်ခေါင်းမှာရှိတဲ့ လွတ်တော်ကိုယ်စားလှယ် (၄) ယောက် ၊ အုပ်ချုပ်‌ရေးမှူးတွေ စုစုပေါင်း ၂၀ လောက် နဲ့ အစည်းဝေးလုပ်ခဲ့တယ်။ အဲဒီအချိန်က စီမံချက်ထွက်ထားလို့ နှားခေါင်းစည်း အုပ်ထားတယ်။ အခု သူကလေးနှစ်ယောက်နဲ့ သူ့ကို တော့ စစ်ဆေးဖို့ လုပ်နေပြီ၊ အစည်းအဝေးလုပ်ခဲ့တဲ့ အယောက် (၂၀) ကိုလည်း သီးသန့်နေဖို့ ဆောင်ရွက်ထားပါတယ်” လို့ ဝန်ကြီးဦးထွန်းထွန်းဦး က ပြောပါတယ်။
ဆေးစစ်ချက် အဖြေရလာပါက အစည်းအဝေး အတူတက်ရောက်ခဲ့သူတွေကို ဆက်လက်စစ်ဆေးဖို့ လိုမလို ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ရက် မတ်လ ၂၈ ရက် မှာတော့ အဲဒီဒုအုပ်ချုပ်ရေးမှူးဟာ နယ်မြေခံ လွှတ်တော် ကိုယ်စားလှယ်လေးဦးအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှုး အချို့နဲ့ အစည်းအဝေး ပြုလုပ်ခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်လေးဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုး တွေကို (Home Quarantine)နေအိမ်မှာ သွားလာမှုထိန်းချုပ် ကန့်သတ် စောင့်ကြည့်ထားပြီး ကျန်းမာရေး အခြေအနေတွေကို စောင့်ကြည့်ပေးထားတယ်လို့ ဆိုပါတယ်။
Image may contain: one or more people
Image may contain: one or more people and people standing
Image may contain: outdoor
သတင်း- ဖြိုးကိုလင်း(ညောင်ဝိုင်း)
<zawgyi>
COVID-19 အတည်ပြုလူနာ(၁၅)၏ မိသားစုအပါအဝင် ထိတွေ့ဆက်ဆံခဲ့သူ လွှတ်တော် ကိုယ်စားလှယ်လေးဦး ကို Home Quarantine ဆောင်ရွက်
Thursday, April 2, 2020

COVID-19 အတည်ပြုလူနာ (၁၅)ရဲ့ ခင်ပွန်း ဖြစ်သူ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကလေးနှစ်ဦးကို ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးနေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဦးထွန်းထွန်းဦး ကပြောကြားခဲ့သည်။
အတည်ပြုလူနာ(၁၅)အမျိုးသမီးဟာ ရန်ကုန်မြို့ ရှိ ပုဂ္ဂလိကဆေးခန်းတခုမှာ အလုပ်လုပ်ကိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူ အုပ်ချုပ်ရေးမှူးဟာ သူမနေထိုင်ရာ ရန်ကုန်က နေအိမ် ကို မတ်လ ၂၆ ရက်က သွားရောက်ခဲ့တာ ဖြစ်ပါတယ် ။
“ မတ် ၂၆ ရက်နေ့က ရန်ကုန်သွားပြီး ၂၇ ရက်မှာ သူ ပြန်လာတယ်။ အမျိုးသမီးဖြစ်သူ က ၃၀ ရက်မှာ ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သိရတယ်။ ၂၈ ရက်မှာတော့ ပေါက်ခေါင်းမှာရှိတဲ့ လွတ်တော်ကိုယ်စားလှယ် (၄) ယောက် ၊ အုပ်ချုပ်‌ရေးမှူးတွေ စုစုပေါင်း ၂၀ လောက် နဲ့ အစည်းဝေးလုပ်ခဲ့တယ်။ အဲဒီအချိန်က စီမံချက်ထွက်ထားလို့ နှားခေါင်းစည်း အုပ်ထားတယ်။ အခု သူကလေးနှစ်ယောက်နဲ့ သူ့ကို တော့ စစ်ဆေးဖို့ လုပ်နေပြီ၊ အစည်းအဝေးလုပ်ခဲ့တဲ့ အယောက် (၂၀) ကိုလည်း သီးသန့်နေဖို့ ဆောင်ရွက်ထားပါတယ်” လို့ ဝန်ကြီးဦးထွန်းထွန်းဦး က ပြောပါတယ်။
ဆေးစစ်ချက် အဖြေရလာပါက အစည်းအဝေး အတူတက်ရောက်ခဲ့သူတွေကို ဆက်လက်စစ်ဆေးဖို့ လိုမလို ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ရက် မတ်လ ၂၈ ရက် မှာတော့ အဲဒီဒုအုပ်ချုပ်ရေးမှူးဟာ နယ်မြေခံ လွှတ်တော် ကိုယ်စားလှယ်လေးဦးအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှုး အချို့နဲ့ အစည်းအဝေး ပြုလုပ်ခဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်လေးဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှုး တွေကို (Home Quarantine)နေအိမ်မှာ သွားလာမှုထိန်းချုပ် ကန့်သတ် စောင့်ကြည့်ထားပြီး ကျန်းမာရေး အခြေအနေတွေကို စောင့်ကြည့်ပေးထားတယ်လို့ ဆိုပါတယ်။
သတင်း- ဖြိုးကိုလင်း(ညောင်ဝိုင်း)

0 comments:

Post a Comment