Thursday, April 2, 2020

Covid-19 လူနာအမှတ် ၁၆ နဲ့ ထိတွေ့ဆက်စပ်သူ ၂၇ ဦးကို ဘုရင်နောင်စစ်ကြောရေးစခန်းမှာ စောင့်ကြည့်နေ

No photo description available.
COVID - 19 လူနာအမှတ် ၁၆ နဲ့ ထိတွေ့ဆက်စပ်မှုရှိသူ ၂၇ ဦးကို ရန်ကုန် ၊ လှိုင်မြို့နယ်အတွင်းက ဘုရင့်နောင်တည်းခိုရေးနဲ့ စစ်ကြောရေးစခန်းမှာ ၁၄ ရက်တာ စောင့်ကြည့်ဖို့ လက်ခံထားတယ်လို့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဆီက သိရပါတယ်။

ဒီကနေ့မနက် ၁၁ နာရီမှာ အဲဒီစခန်းကို ၁၄ ရက်တာ အသွားအလာကန့်သတ်ပြီးစောင့်ကြည့်ခံဖို့ရောက်လာသူ ၃၀ ဦး ရှိ တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လူနာအမှတ် - ၁၆ နဲ့ ထိတွေ့ဆက်စပ်မှု အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၇ ဦးပါဝင်လာတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ COVID -19 လူနာအမှတ် ၁၆ ဟာ အသက် ၆၃ နှစ်အရွယ်အမျိုးသမီးကြီးဖြစ်ပါတယ်။ သူ့မှာ ရောဂါပိုးတွေ့ရတဲ့အကြောင်းကိုတော့ မနေ့ကညပိုင်းက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လူနာအမျိုးသမီးဟာ ဧရာဝတီတိုင်း ၊ရေကြည်မြို့မှာ နေထိုင်သူဖြစ်ပြီး မတ်လ ၁၅ ရက်မှာ ဒူဘိုင်းကနေပြန်လာတဲ့ သားကို ရန်ကုန်လေဆိပ်မှာသွားကြိုခဲ့ပါတယ်။

အဲဒီနောက်သားဖြစ်သူနဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ခေတ္တတည်းခိုနေထိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုတည်းခိုနေချိန် နှစ်ပတ်အကြာမှာ မောပန်းနွမ်းနယ်တာ နဲ့ ကိုယ့်အပူချိန်မြင့်တက်လာတွေကြောင့် မြောက်ဥက္ကလာပ ဆေးရံကြီးကိုတက်ရောက်ကုသမှုခံယူခဲ့ရသူလည်းဖြစ်ပါတယ်။

အခုတော့ သူကိုဝေဘာဂီအထူးကုဆေးရုံဆီ ပို့ဆောင်ဖို့စီစဉ်ထားပြီး ဆီးချို ရောဂါအခံ ရှိတယ်လို့လည်းသိရပါတယ်။
Source - 7Day
<zawgyi>
Covid-19 လူနာအမှတ် ၁၆ နဲ့ ထိတွေ့ဆက်စပ်သူ ၂၇ ဦးကို ဘုရင်နောင်စစ်ကြောရေးစခန်းမှာ စောင့်ကြည့်နေ
Thursday, April 2, 2020

COVID - 19 လူနာအမှတ် ၁၆ နဲ့ ထိတွေ့ဆက်စပ်မှု ရှိသူ ၂၇ ဦးကို ရန်ကုန် ၊ လှိုင်မြို့နယ်အတွင်းက ဘုရင့်နောင် တည်းခိုရေးနဲ့ စစ်ကြောရေးစခန်းမှာ ၁၄ ရက် တာ စောင့်ကြည့်ဖို့ လက်ခံထားတယ်လို့တပ်မတော် သတင်းမှန်ပြန် ကြားရေးအဖွဲ့ရဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းဆီက သိရပါတယ်။

ဒီကနေ့မနက် ၁၁ နာရီမှာ အဲဒီစခန်းကို ၁၄ ရက်တာ အသွားအလာကန့်သတ်ပြီးစောင့်ြကည့်ခံဖို့ရောက်လာသူ ၃၀ ဦး ရှိ တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လူနာအမှတ် - ၁၆ နဲ့ ထိတွေ့ဆက်စပ်မှု အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၇ ဦးပါဝင်လာတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ COVID -19 လူနာအမှတ် ၁၆ ဟာ အသက် ၆၃ နှစ်အရွယ်အမျိုးသမီးကြီးဖြစ်ပါတယ်။ သူ့မှာ ရောဂါပိုးတွေ့ရတဲ့အကြောင်းကိုတော့ မနေ့က ညပိုင်းက ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လူနာအမျိုးသမီးဟာ ဧရာဝတီတိုင်း ၊ရေကြည်မြို့မှာ နေထိုင်သူဖြစ်ပြီး မတ်လ ၁၅ ရက်မှာ ဒူဘိုင်းကနေပြန်လာတဲ့ သားကို ရန်ကုန်လေဆိပ်မှာသွားကြိုခဲ့ပါတယ်။

အဲဒီနောက်သားဖြစ်သူနဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ခေတ္တတည်းခိုနေထိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုတည်းခိုနေချိန် နှစ်ပတ်အကြာမှာ မောပန်းနွမ်းနယ်တာ နဲ့ ကိုယ့်အပူချိန်မြင့်တက်လာတေွကြောင့် မြောက်ဥက္ကလာပ ဆေးရံကြီးကိုတက်ရောက်ကုသမှုခံယူခဲ့ရသူလည်းဖြစ်ပါတယ်။

အခုတော့ သူကိုဝေဘာဂီအထူးကုဆေးရုံဆီ ပို့ဆောင်ဖို့စီစဉ်ထားပြီး ဆီးချို ရောဂါအခံ ရှိတယ်လို့လည်းသိရပါတယ်။
Source - 7Day

0 comments:

Post a Comment