Wednesday, April 1, 2020

အမေရိကန်သမ္မတ Trump မှ တရုတ်နိုင်ငံ၏ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အရေအတွက်အပေါ် သံသယဖြစ်နေ

Image may contain: 1 person

အမေရိကန် Lawmaker များ၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သမ္မတ Trump သည် တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်သည့် တရားဝင်ထုတ် ပြန်ချက်ကိန်းဂဏန်းများ တိကျနေမှုအပေါ် သံသယရှိကြောင်း မတ်လ ၁ ရက်နေ့ တွင် ပြောခဲ့ပါသည်။

Trump မှ သူတို့တိကျမှန်ကန်တယ်ဆိုတာကို မိမိတို့အနေဖြင့်ဘယ်လိုသိနိုင်မလဲဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင်မေးခဲ့ပါသည်။ အရေအတွက်မှာနည်းနေသည်ဟု ထင် ရကြောင်းကိုလည်းပြောခဲ့ပါသည်။
Trump သည် တရုတ်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ရင်းနှီးကျွမ်းဝင်မှုရှိ ကြောင်း အခိုင်အမာပြောဆိုခဲ့ပါသည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်သော အငြင်းပွားမှုများမှာ ဆက်ဆံရေးကို တင်းမာစေခဲ့ပါသည်။

အမေရိကန်အခြေစိုက် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာပါ ဖော်ပြချက်များ အရ တရုတ်နိုင်ငံဝူဟန်မြို့မှ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ခဲ့သော ရောဂါ ကူးစက်မှု၊ သေဆုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအား လှည့်စားခဲ့မှု များအပေါ် အမေရိကန်အောက်လွတ်တော်ရှိ ရီပတ်ပလစ်ကန်အမတ်များ အနေဖြင့် မကျေနပ်မှုများရှိနေခဲ့ပါသည်။
အချို့ထောက်လှမ်းရေးအရာရှိများ၏ ဖော်ပြနေသော အရေအတွက်များမှာ မှန်ကန်မှုမရှိကြောင်းနှင့် ထိုကဲသို့မမှန်ကန်မှုများမှာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် နေခြင်းဖြစ်ကြောင်းကို လွန်ခဲ့သောအပတ်တွင် အိမ်ဖြူတော်သို့ပေးပို့သော လျှိုဝှက် ထောက်လှမ်းရေးမှတ်တမ်းများမှ မီးမှောင်းထိုးပြနေပါသည်။
Johns Hopkins တက္ကသိုလ်၏ စစ်တမ်းများအရ တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၈၂,၃၆၁ ဦးရှိပြီး သေဆုံးသူ ၃,၃၁၆ ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူ ၂၀၆,၂၀၇ ရှိပြီး သေဆုံးသူ ၄,၅၄၂ ရှိပြီး နှိုင်းယှဉ်ကြည့်ပါက ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံထဲတွင် ပါဝင်နေပါသည်။
အမေရိကန် အထက်လွတ်တော်အမတ် Ben Sasse မှ တရုတ်နိုင်ငံ၏ ကိန်းဂဏန်းအရေအတွက်ကို grabage propaganda အဖြစ်တိုက်ခိုက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ တရုတ်နိုင်ငံ ထက်များနေသည်မှာ မှားယွင်းနေကြောင်း ၎င်းမှအစီရင်ခံစာတွင် အခိုင်အမာပြောဆို ခဲ့ပါသည်။
သတင်းအချက်အလက်များနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခြင်းမှာ အဆိုးရွားဆုံးဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီသည် အစိုးရအားကာကွယ်ရန် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ လိမ်ညာမှုများရှိနေပြီး ဆက် လက်လိမ်ညာသွားအုံးမည်ဖြစ်ပါ သည်။ အမေရိကန်အောက်လွတ်တော် နိုင်ငံခြားရေးရာအမတ် Michael McCaul မှ တင်သွင်းထားသောအစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက် ရာတွင် တရုတ်နိုင်ငံသည် စစ်မှန်သောလုပ်ဖော်ကိုင်ဖက်မဟုတ်ကြောင်း ပြောခဲ့ပါ သည်။
တရုတ်နိုင်ငံသည် လူမှလူသို့ ကူးစက်သောဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သည့် လက်ရှိအခြေအနေများကို ဖုံးကွယ်ထားပြီး ဆရာဝန်များနှင့် သတင်းသမားများအနေဖြင့် အမှန်တရားကို နှုတ်ဆိတ်နေခဲ့ကာ ကမ္ဘာကြီးအားလိမ်ညာနေကြောင်း Michael McCaul မှ ပြောကြာခဲ့ပါသည်။
တရုတ်နိုင်ငံ၏ကူးစက်ရောဂါကို ဖုံးကွယ်နေရခြင်းနှင့် ပတ်သက်၍ စုံစမ်းမှုတစ်ခု လုပ်ဆောင်ရန်အတွက် Michael McCaul နှင့် အခြားဉပဒေပြုသူများက တောင်းဆိုလိုက်ပါသည်။ ဆေးဘက်ဆိုင်ရာအသိုက်အ ဝန်း၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၏ ကူးစက် ရောဂါဖြစ်ပွားမှုပမာဏမှာ သိသာထင်ရှားစွာ ကျဆင်းနေသည်ဟုထင်ကြောင်း Trump ၏ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ရေးအဖွဲ မှ ဒေါက်တာ Deborah Birx မှ ပြောခဲ့ပါသည်။
Source - CNA
<zawgyi>
အမေရိကန်သမ္မတ Trump မှ တရုတ်နိုင်ငံ၏ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အရေအတွက် အပေါ် သံသယဖြစ်နေ
Thursday, April 2, 2020

အမေရိကန် Lawmaker များ၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သမ္မတ Trump သည် တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်သည့် တရားဝင်ထုတ် ပြန်ချက်ကိန်းဂဏန်းများ တိကျနေမှုအပေါ် သံသ ယရှိကြောင်း မတ်လ ၁ ရက်နေ့ တွင် ပြောခဲ့ပါသည်။
Trump မှ သူတို့တိကျမှန်ကန်တယ်ဆိုတာကို မိမိတို့အနေဖြင့်ဘယ်လိုသိနိုင်မလဲဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင်မေးခဲ့ပါသည်။ အရေအတွက်မှာနည်းနေသည်ဟု ထင် ရကြောင်းကိုလည်းပြောခဲ့ပါသည်။
Trump သည် တရုတ်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ရင်းနှီးကျွမ်းဝင်မှုရှိ ကြောင်း အခိုင်အမာပြောဆိုခဲ့ပါသည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်သော အငြင်းပွားမှုများမှာ ဆက်ဆံရေးကို တင်းမာစေခဲ့ပါသည်။

အမေရိကန်အခြေစိုက် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာပါ ဖော်ပြချက်များ အရ တရုတ်နိုင်ငံဝူဟန်မြို့မှ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ခဲ့သော ရောဂါ ကူးစက်မှု၊ သေဆုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းအား လှည့်စားခဲ့မှု များအပေါ် အမေရိကန်အောက်လွတ်တော်ရှိ ရီပတ်ပလစ်ကန်အမတ်များ အနေဖြင့် မကျေနပ်မှုများရှိနေခဲ့ပါသည်။
အချို့ထောက်လှမ်းရေးအရာရှိများ၏ ဖော်ပြနေသော အရေအတွက်များမှာ မှန်ကန်မှုမရှိကြောင်းနှင့် ထိုကဲသို့မမှန်ကန်မှုများမှာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင် နေခြင်းဖြစ်ကြောင်းကို လွန်ခဲ့သောအပတ်တွင် အိမ်ဖြူတော်သို့ပေးပို့သော လျှိုဝှက် ထောက်လှမ်းရေးမှတ်တမ်းများမှ မီးမှောင်းထိုးပြနေပါသည်။
Johns Hopkins တက္ကသိုလ်၏ စစ်တမ်းများအရ တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၈၂,၃၆၁ ဦးရှိပြီး သေဆုံးသူ ၃,၃၁၆ ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူ ၂၀၆,၂၀၇ ရှိပြီး သေဆုံးသူ ၄,၅၄၂ ရှိပြီး နှိုင်းယှဉ်ကြည့်ပါက ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံထဲတွင် ပါဝင်နေပါသည်။
အမေရိကန် အထက်လွတ်တော်အမတ် Ben Sasse မှ တရုတ်နိုင်ငံ၏ ကိန်းဂဏန်းအရေအတွက်ကို grabage propaganda အဖြစ်တိုက်ခိုက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ တရုတ်နိုင်ငံ ထက်များနေသည်မှာ မှားယွင်းနေကြောင်း ၎င်းမှအစီရင်ခံစာတွင် အခိုင်အမာပြောဆို ခဲ့ပါသည်။
သတင်းအချက်အလက်များနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခြင်းမှာ အဆိုးရွားဆုံးဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီသည် အစိုးရအားကာကွယ်ရန် ကိုရိုနာ ဗိုင်းရပ်စ်နှင့်ပတ်သက်၍ လိမ်ညာမှုများရှိနေပြီး ဆက် လက်လိမ်ညာသွားအုံးမည်ဖြစ်ပါ သည်။ အမေရိကန်အောက်လွတ်တော် နိုင်ငံခြားရေးရာအမတ် Michael McCaul မှ တင်သွင်းထားသောအစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက် ရာတွင် တရုတ်နိုင်ငံသည် စစ်မှန်သောလုပ်ဖော်ကိုင်ဖက်မဟုတ်ကြောင်း ပြောခဲ့ပါ သည်။
တရုတ်နိုင်ငံသည် လူ မှ လူသို့ ကူးစက်သောဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သည့် လက်ရှိအခြေအနေများကို ဖုံးကွယ်ထားပြီး ဆရာဝန်များနှင့် သတင်းသမားများ အနေဖြင့် အမှန်တရားကို နှုတ်ဆိတ်နေခဲ့ကာ ကမ္ဘာကြီးအားလိမ်ညာနေကြောင်း Michael McCaul မှ ပြောကြာခဲ့ပါသည်။
တရုတ်နိုင်ငံ၏ကူးစက်ရောဂါကို ဖုံးကွယ်နေရခြင်းနှင့် ပတ်သက်၍ စုံစမ်းမှုတစ်ခု လုပ်ဆောင်ရန်အတွက် Michael McCaul နှင့် အခြားဉပဒေပြုသူများက တောင်းဆိုလိုက်ပါသည်။ ဆေးဘက်ဆိုင်ရာအသိုက်အ ဝန်း၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၏ ကူးစက် ရောဂါဖြစ်ပွားမှုပမာဏမှာ သိသာထင်ရှားစွာ ကျဆင်းနေသည်ဟုထင်ကြောင်း Trump ၏ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်ရေးအဖွဲ မှ ဒေါက်တာ Deborah Birx မှ ပြောခဲ့ပါသည်။
Source - CNA

0 comments:

Post a Comment