Monday, February 20, 2023

လျှပ်စစ်ကားတင်သွင်းတဲ့ ကုမ္ပဏီတွေ ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်အစီးရေအတိုင်းသာ တင်သွင်းရမယ်လို့ စီးပွား/ကူးသန်းပြော

လျှပ်စစ်ကား(EV) တင်သွင်းတဲ့ ကုမ္ပဏီတွေ ဦးဆောင်ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်အစီးရေအတိုင်းသာ တင်သွင်းရမယ်လို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက က ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ရယူဖို့လိုသလို ကော်မတီက သတ်မှတ်ထားတဲ့  စံချိန်နဲ့ သတ်မှတ်အစီးရေအတိုင်းသာ တင်သွင်းရမယ်လို့ ဆိုပါတယ်။

ယင်းအပြင် အဆိုပါကားတွေအတွက်  လိုအပ်တဲ့ အာမခံမှု ၊ အပိုပစ္စည်းများ နှင့် သုံးစွဲပြီးနောက်ပိုင်း ပြင်ဆင်မှုများကိုလည်း ဆောင်ရွက် ထားရမယ်လို့ဆိုပါတယ်။

ကားတင်သွင်းမယ့်  ကုမ္ပဏီအနေနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ဖို့လိုအပ်သလို ဗဟိုဘဏ်က အသိအမှတ်ပြုထားတဲ့ ဘဏ်မှာ ကျပ် သိန်း ၅၀၀ တင်သွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမယ်လို့လည်း ဆိုပါတယ်။



MyanmaPlatform

0 comments:

Post a Comment