Monday, February 20, 2023

ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားသို့ ရေကြောင်းဖြင့် သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်းစီမံကိန်းကို ဆောင်ရွက်နေ

ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားသို့ ရေကြောင်းခရီးဖြင့် သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့်    ပလက်ဝမြို့ဆိပ်ကမ်းစီမံကိန်းကို ဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်)တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ချင်းပြည်နယ်ရှိပြည်သူများ မျှော်လင့်စောင့်စားနေသည့် မဟာဓာတ်အားလိုင်းလျှပ်စစ်မီးကို ပြည်နယ်အနှံ့ ရရှိရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေကြောင်း တပ်ချုပ်က ဆိုထားသည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် ပြည်မနှင့်လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သော အဝေးပြေးကားလမ်းများနှင့် ပြည်နယ်အတွင်းရှိ လမ်းများကို တိုးချဲ့ဆောင်ရွက်ပေးနေကြောင်းလည်း ၎င်း၏ သဝဏ်လွှာတွင် ပြောဆိုထားသည်။

ချင်းပြည်နယ်မှ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည့် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးနှင့် ပလက်ဝမြို့ဆိပ်ကမ်းတည်ဆောက်ခြင်းစီမံကိန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

အဆိုပါကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၎င်းစီမံကိန်းကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား သွားလာဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည့်အပြင် ကုန်သွယ်ရေးကိုလည်း ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် မြန်မာနှင့်အိန္ဒိယနိုင်ငံအကြား ၂၀၀၈ ခုနှစ်က သဘောတူလက်မှတ် ရေးထိုးခဲ့သော စီမံကိန်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေတွင် ကျန်ရှိနေသည့် ဆစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

၎င်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် စစ်တွေဆိပ်ကမ်းသစ်စီမံကိန်းမှာ လက်ရှိတွင် ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။


NP News

0 comments:

Post a Comment