Thursday, February 9, 2023

ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ရဖို့ တစ်နေ့ကို ခြေလှမ်းတစ်သောင်းလမ်းလျှောက်ပြီး အကောင်းဆုံး ကြိုးစားခဲ့တဲ့ ရွှေစင်

Sweet ဖြစ်တဲ့မျက်နှာကြောင့် ပရိသတ်အားပေးမူရရှိနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ရွှေစင်ကတော့ သူမရဲ့ခန္ဓာကိုယ် ကောက်ကြောင်းလှလှလေးရဖို့ တစ်နေ့ကို ခြေလှမ်းတစ်သောင်းလမ်းလျှောက်ပြီး အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ MT News Entertainment ကို ပြောပါတယ်။
“ဇင့်ရဲ့ My body လေး။ ဖေဖေဆုံးပြီးစက စိတ်ဓာတ်တွေကျပြီးတော့ Weight တွေ အရမ်းတက်ခဲ့တာလေ။ ဒါကြောင့် ဇင့်အနေနဲ့ ကိုယ်လိုချင်တဲ့ My body လေး ပြန်ရအောင်လို့ ၂လနီးပါးလောက် ထမင်းမစားရဘူး။ တခြား အစားအစာလေးလည်း နည်းနည်းလေးပဲ စားတယ်။ ဇင် အလုပ်သေအောင်များနေလည်း ခြေလှမ်းတစ်သောင်းကျော် တစ်ရက်မပြတ်လျှောက်ဖြစ်တယ်။ ကိုယ်လိုချင်တာကို အမြဲရအောင် ကြိုးစားနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ်။ တွန်းအားပေးတဲ့ ကိုယ့်စိတ်ကလေးကို ကိုယ်ကျေးဇူးလည်းတင်တယ်။ အခုပုံလေးကလည်း Color ချိန်တာကလွဲပြီးတော့ တစ်စက် ကလေးမှ Edit မထားတဲ့ပုံလေးပါ။ ဒီဝတ်စုံလေးနဲ့ ဒီရက်ပိုင်းလေးအတွင်းနဲ့ လုပ်နိုင်ခဲ့တဲ့ ဇင့်ရဲ့ Body လေး မှတ်တမ်းတင်ချင်လို့ ရိုက်ဖြစ်တာပါ”လို့ မော်ဒယ်လ်သရုပ်ဆောင်ရွှေစင်က ပြောပါတယ်။
သူမက လက်ရှိ ဆိုင်ဖွင့်ပွဲတွေတက်ရောက်နေသလို နေပြည်တော် Dr Yankee Hair & Beauty Studio အတွက်လည်း ကြော်ငြာရိုက်ကူးလျှက်ရှိပါတယ်။
“ဇင် အခုကတော့ နေပြည်တော်မှာ ကြော်ငြာလေးတစ်ခုသွားရိုက်ဖြစ်ပါတယ်။ ဇင်က ရိုက်ကူးရေးသွားရင်တော့ ကိုယ့် Group နဲ့ကိုယ် ဓာတ်ပုံဆရာ မိတ်ကပ်ဆရာ အကုန်အဖွဲ့လိုက်ကြီးသွားကြတာမို့လေ။ တချို့အရာလေးတွေ အလုပ်လုပ်ရင်းခဏမေ့ထားနိုင်တာမို့ အလုပ်လုပ်နေရတာပဲ အဆင်ပြေတယ်။ မဟုတ်ရင် ဖေဖေ့ကို အရမ်းသတိရတယ်။ အဲ့ဒါကြောင့်မို့လို့ အလုပ်လေးတွေ ဆက်တိုက်လုပ်ဖြစ်နေပါတယ်”လို့ သူမက ဆက်ပြောပါတယ်။




0 comments:

Post a Comment