Thursday, February 23, 2023

မြန်မာနှင့်ပူး​ပေါင်း​ဆောင်ရွက်ရန်စိတ်ဝင်စား​နေသည့်အင်ဒိုနီးရှား

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး (ရန်ကုန်)မှ Charge d’ Affaires ဖြစ်သူ Mr. Muhammad Arif Hidayatullah က ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် တာဝန်ရှိသူများအား ၂၀၂၃ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့သည်။
​တွေ့ဆုံရာ၌ အင်ဒိုနီးရှား-မြန်မာ စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အင်ဒိုနီးရှားနိုင်ငံ၏ တက္ကသိုလ်များတွင် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုပေးအပ်မည့်အစီအစဉ်များ၊ ဆန်တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ငွေရေးကြေးရေးစနစ်နှင့် ဘဏ်လုပ်ငန်းများကောင်းမွန်စွာလည်ပတ် စီးဆင်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် လုပ်ငန်းကဏ္ဍများကိုလည်း ဆွေးနွေးခဲ့သည်။
၂၀၂၃ ခုနှစ်စက်တင်ဘာလ (၆-၇) ရက်နေ့တွင် ကျင်းပမည့်အာဆီယံ အင်ဒို-ပစိဖိတ် အခြေခံအဆောက်အဦဆိုင်ရာဖိုရမ်တွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု၊ငွေရေးကြေးရေးစနစ် ဆန်းသစ်တီထွင်ဖန်တီးမှုတို့ အဓိကပါဝင်မည်ဖြစ်သည့်အတွက် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ ဒီဂျစ်တယ်နှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ ပညာရှင်များ တက်ရောက်နိုင်ရန်လည်း ဖိတ်ကြားသွားခဲ့သည်။
ထိုအစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။

Popular

0 comments:

Post a Comment