Monday, February 20, 2023

ဖခင်နဲ့ ယောက္ခမဖြစ်သူတို့ကို ချီးမြှင့်တဲ့ ဆုကို သမ္မတဟောင်း ဦးထင်ကျော်ထံသွားရောက် ပေးအပ်ခဲ့တယ်လို့ ပြန်ကြားရေး ထုတ်ပြန်

ဖခင်နဲ့ ယောက္ခမဖြစ်သူတို့ကို ချီးမြှင့်တဲ့ ဆုကို NLD ပါတီရဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံ သွားရောက် ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

သမ္မတဟောင်း ဦးထင်ကျော်ထံကို ဖခင်ဖြစ်သူ စာရေးဆရာကြီး မင်းသုဝဏ်နဲ့ ယောက္ခမဖြစ် ဦလွင်တို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က ပေးအပ်တဲ့ “စည်သူ” ဘွဲ့တံဆိပ်တွေကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဇော်ဟိန်းတို့က နေအိမ်မှာ သွားရောက် ပေးအပ်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ပေးတဲ့ ယင်းဆုတွေကို   ပေးခဲ့စဉ်က အဝေးရောက် သာယူခဲ့တာဖြစ်ပြီး အခုအခါမှာ လက်ရောက်ပေးအပ်တာလို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ယင်းဆုကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က သွားရောက် ပေးအပ်ခဲ့တာလို့လည်း ထုတ်ပြန်ထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment