Monday, February 20, 2023

ရေသန့် တစ်ဘူးကို ၂၅ ကျပ် ၊ အမှိုက်တစ်ပိဿာ ၁၀၀ကျပ်နဲ့ ဝယ်မယ်

ရန်ကုန်က မြို့နယ်အချို့မှာ အမှိုက်တစ်ပိဿာ ၁၀၀ကျပ်နဲ့ ရေသန့်ဘူး တစ်ဘူးကို ၂၅ကျပ် နှုန်း သဘာဝပတ်ဝန်းကျင် အဖွဲ့စည်းတွေ ပူးပေါင်းဝယ်ယူနေကြောင်း သိရပါတယ်။

ရန်ကုန်မြို့တော်အတွင်း ပလတ်စတစ်အမှိုက်များလျော့ချနိုင်ရေး ရည်ရွယ်ချက်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ ဖြစ်တဲ့     UN-Habitat , သန့်မြန်မာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး စွန့်ပစ်အမှိုက်များထဲမှာပါဝင်နေတဲ့ ပလတ်စတစ်အမှိုက်ကိုခွဲထုတ်ကာ ပလတ်စတစ်အမှိုက် နဲ့ရေသန့်ဘူးတွေ ဝယ်ယူကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ပလက်စတစ်အမှိုက်ဝယ်ယူတဲ့ လှုပ်ရှားမှုတွေကိုတော့ ဖေဖော်ဝါရီ ၁၁ရက် ၊ ၁၂ရက်နဲ့၁၃ရက်တွေမှာ ဒဂုံတောင် ၊ ဒဂုံဆိပ်ကမ်း နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာပြုလုပ်ခဲ့ပြီး ၆လ ကြာအထိ အလျင်းသင့်သလို ပလက်စတစ်ဝယ်ယူတဲ့ Campingတွေကိုဆောင်ရွက်သွားမယ်လို့သိရပါတယ်။

ရေသန့်ဘူးဝယ်ယူတဲ့အစီစဉ်အနေနဲ့က  ဗိုလ်ချုပ်ဈေးအရှေ့ဘက်နဲ့ ၄၆လမ်းအတွင်းကနေရာတွေမှာ ရေသန့်ဘူးအသန့်တစ်ဘူးကို ငွေ၂၅ကျပ်နဲ့ ဈေးပေးဝယ်ယူနေကာ တစ်ရက်ကို ရေသန့်ဘူး ၂သိန်းခွဲဖိုးဝယ်ယူ ပေးနေကြောင်းသိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment