Tuesday, February 14, 2023

ဓာတ်ဆီရော ဒီဇယ်ပါ ဈေးပြန်တက်

စက်သုံးဆီကော်မတီရဲ့နေ့စဉ်ဈေးနှုန်းထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ  ဓာတ်ဆီရော ဒီဇယ်ပါဈေးတွေအနည်းငယ်ပြန်တက်လာနေတယ်လို့သိရပါတယ်။

စက်သုံးဆီဈေးနှုန်းတွေအနေနဲ့၉၂တစ်လီတာကို၂၁၈၀ကျပ်၊ ၉၅တစ်လီတာကို၂၂၅၀ကျပ်၊ရိုးရိုးဒီဇယ်တစ်လီတာကို၂၂၁၅ကျပ်နဲ့ပရီမီယံဒီဇယ်တစ်လီတာကို ၂၂၉၅ကျပ်ဈေးတွေသတ်မှတ်ထားပါတယ်။

ဒါကြောင့် မနေ့ကစက်သုံးဆီဈေးတွေ အနေနဲ့လည်း ၉၂တစ်လီတာကို၁၀ကျပ်၊၉၅တစ်လီတာကို ၁၀ကျပ် နဲ့ ရိုးရိုးဒီဇယ်တစ်လီတာကို၅ကျပ် နှုန်း ၊ ပရီမီယံဒီဇယ်တစ်လီတာကို ၅ကျပ်နှုန်း ဈေးတွေ အနည်းငယ်မြင့်တက်လာပါတယ်။

စက်သုံးဆီဈေးဟာ ပြီးခဲ့တဲ့၃ရက်အတွင်း ဒီကနေ့ဈေးထက် အကျဈေးမှာရှိနေခဲ့ပြီး ဈေးပြန်တက်လာတာဖြစ်ကာ ပြင်ပပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်တွေမှာတော့ ကော်မတီရဲ့ယနေ့သတ်မှတ်ဈေး ၉၂တစ်လီတာ ၂၁၈၀ကျပ်ထက် ငွေကျပ်၁၀ကနေ ၃၀ကျပ်အတွင်းတိုးမြှင့်ရောင်းချနေတာဖြစ်တယ်လို့ သုံးစွဲသူများထံကသိရပါတယ်။

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းတွေဟာ အရှေ့တောင်အာရှ ရှိသန့်စင်ပြီးထုတ်ကုန်များစွာအတွက်ဈေးနှုန်းအခြေခံဖြစ်တဲ့Mean of platts singapore(MOPS)က သတ်မှတ်တဲ့ ဈေးနှုန်းအညွှန်းကိန်းမြင့်တက်လာခြင်းအရ ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းမှု၊ သိုလှောင်မှုနဲ့ဖြန့်ဖြူးရေးကြီးကြပ်ကော်မတီက သိရပါတယ်။


MyanmaPlatform

0 comments:

Post a Comment