Wednesday, February 15, 2023

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက လိုက်နာမှု ရှိ-မရှိ သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ် ကို ကုလသမဂ္ဂမှာ လာမည့် မတ်လအတွင်းပြုလုပ် မည်

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက လိုက်နာမှု ရှိ-မရှိ သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ် ကို ကုလသမဂ္ဂမှာ လာမည့် မတ်လအတွင်းပြုလုပ် သွားဖို့ရှိတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကုလလုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီးယင်း အစီရင်ခံစာအပေါ် အများကြားနာ နိုင်မည့် တံခါးဖွင့်ဆွေးနွေးပွဲ တစ်ရပ်ဖြစ်အောင် လုပ်နေတယ်လို့  အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးကျော်မိုးထွန်းက ပြောတာပါ။

လက်ရှိမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မြန်မာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ကို ပြန်  လွှတ်ပေးဖို့  ဗြိတိန်နိုင်ငံက တင်သွင်းတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ဥပဒေမူကြမ်းကို  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက  မဲခွဲအတည် ပြုလိုက်တာဖြစ်ပါတယ်။

ယင်းဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီအနေဖြင့် နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်လိုက်တာဖြစ်ပြီး  လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ  မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ ရုရှား နဲ့ အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲ နေခဲ့သော်လည်း ကျန်အဖွဲ့ဝင်  ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး မဲခွဲဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ကန့်ကွက်ထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment