Thursday, February 9, 2023

ဇန်နဝါရီလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၆ သန်းကျော် မြှုပ်နှံခွင့်ပြု

၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၆ သန်းကျော် ခွင့်ပြုပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် လျှပ်စစ်ကဏ္ဍနှစ်ခုတွင် အဓိကခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၇၃၉ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခု၊ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၂၆၇ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂ ဒသမ ၃ သန်းခွင့်ပြုပေးထားခဲ့သည့်အတွက် အဆိုပါကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆ ဒသမ ၆၀၆ သန်းခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment