Monday, February 20, 2023

KBZ ဘဏ်အကောင့်ကနေ ကျပ်သိန်း ၁၄၀၀ ခန့် လိမ်လည်ထုတ်ယူတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေ ပါဝင်တဲ့အဖွဲ့ကို ဖမ်းဆီးလိုက်တယ်လို့ဆို

KBZ ဘဏ်အကောင့်ကနေ ကျပ်သိန်း ၁၄၀၀ ခန့် လိမ်လည်ထုတ်ယူတဲ့ နိုင်ဂျီးရီး ယားနိုင်ငံသားတွေ ပါဝင်တဲ့အဖွဲ့ကို ဖမ်းဆီးလိုက်တယ်လို့ ပြန်ကြားရေးက ထုတ်ပြန် ထားပါတယ်။

ယခုဖေဖော်ဝါရီ ၆ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ KBZ ဘဏ်အကောင့်မှ ကျပ်သိန်း (၁၀၂၀) နှင့် ဖေဖော်ဝါရီ (၉) ရက်က  ကမာရွတ်မြို့နယ်မှာ  နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ ဘဏ်အကောင့် အတွင်း မှ ကျပ် သိန်း (၃၇၀)တို့ကို  လိမ်လည်ထုတ်ယူသွားသည့် နိုင်ဂျီးရီးယား နိုင်ငံသား (၅) ဦးနှင့် မြန်မာနိုင်ငံသား(၆)ဦးကို ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

ငွေကြေးလိမ်လည် လွှဲပြောင်း ရယူရာတွင်အသုံးပြုသည့် ဘဏ်အကောင့်များ ဖွင့်လှစ် ရောင်းချခဲ့သည့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂)ဦးတို့အား ဖေဖော်ဝါရီ (၁၂) ရက်တွင် ဖမ်းဆီးရမိတာဖြစ်ပြီး ယင်းတို့က ဘဏ်အကောင့်တစ်ခုလျှင် ကျပ်တစ်သောင်းဖြင့် ငွေကြေးလိမ်လည်သူများထံ ရောင်းချခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းတို့ရဲ့ ထွက်ဆိုချက်အရ ငွေကြေးလိမ်လည်ထုတ်ယူသူ နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ၎င်း၏ အမျိုးသမီးအား ရန်ကုန်တိုင်း သန်လျင်မြို့နယ် Star City အိမ်ရာ (၁၈၀၂)၊ တိုက်အမှတ် (C -4) တွင် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ဖမ်းဆီးခဲ့သလို အဆိုပါ နိုင်ဂျီးရီးယား နိုင်ငံသားနှင့် ၎င်း၏ အမျိုးသမီးတို့ကို စစ်ဆေးရာတွင် ၎င်းတို့၏ ထွက်ဆိုချက်အရ ငွေ ကြေးလိမ်လည်လွှဲပြောင်း ထုတ်ယူရာတွင် ပူးပေါင်းပါဝင်သည့် နိုင်ဂျီးရီးယား နိုင်ငံသား (၃) ဦးကို Start City အိမ်ရာမှာပဲ ဖမ်းဆီးမိတယ်လို့ ဆိုပါတယ်။


MyanmaPlatform

0 comments:

Post a Comment