Thursday, February 23, 2023

ထိုင်းမှာ မြန်မာ ၁ ဦး မူးယစ်ဆေးဝါတွေနဲ့အတူနေအိမ်မှာ အဖမ်းခံရ

ထိုင်းမှာ မြန်မာနိုင်ငံသား ၁ ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရတယ်လို့ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ နခေါင်ရာဇ်စီမာခရိုင် အမ်ဖိုခနောင်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၃ ရက်က မူးယစ် ဆေးဝါး (အိုက်စ်)အမျိုးအစား ၇၄ဒသမ၁၅ ဂရမ်နဲ့ အတူ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

သတင်းပေးချက်အရ အမ်ဖိုခနောင်မြို့နယ် တမ်ဗွန်ထောင်းနိယန်ရပ် အခန်းအမှတ် ၂၄၄ - M8 မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁ ဦးကို  ခနောင်ရဲစခန်းမှ သတင်းရရှိမှု အရ သွားရောက်ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ အဆိုပါ မြန်မာနိုင်ငံသားကို ခနောင်ရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားတယ် လို့လည်းဖော်ပြထားပါတယ်။


MyanmaPlatform

0 comments:

Post a Comment