Monday, February 20, 2023

တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၁ဝဝ နီးပါးကို ဖမ်းဆီးမိခဲ့ဟု မလေးရှားရဲတပ်ဖွဲ့ပြော

မလေးရှားပြည်နယ် ကီလန်တန်ပြည်နယ် ရဲတပ်ဖွဲ့သည် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသား ၉၇ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်က ထိန်းသိမ်းခဲ့ကြောင်း မလေးရှားသတင်းများတွင် ဖော်ပြထားသည်။
ကီလန်တန်ပြည်နယ် Pasir Mas မြို့ရှိ စပါးစိုက်ကွင်းနားရှိ ချုံနွယ်များထဲတွင် ပုန်းအောင်းနေသော မြန်မာနိုင်ငံ သားများကို တွေ့ရှိခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ ကီလန်တန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဇာကီ ဟာရမ်က မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားအမျိုးသား ၇၈ ဦး၊ အမျိုးသမီး ၁၉ ဦး တွေ့ရှိခဲ့ပြီး၊ ၎င်းတို့တွင် တရားဝင်စာရွက်စာတမ်း အထောက်အထားများ မပါဝင်ကြောင်း ပြောသည်။

မလေးရှား Pasir Mas မြို့ ဒေသခံရဲတပ်ဖွဲ့သည် စပါးစိုက်ကွင်းနားရှိ ချုံနွယ်များထဲတွင် မသင်္ကာဖွယ်ရာ လုပ်ရပ် များကို တွေ့ရှိခဲ့ပြီးနောက် စီးနင်းရှာဖွေခဲ့ရာတွင် မြန်မာနိုင်ငံသား ၉၇ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကီလန်တန် ပြည်နယ်ရဲတပ်ဖွဲအကြီးအကဲ ဇာကီ ဟာရမ် က ပြောသည်။

၎င်းက "လူကုန်ကူးရာမှာ ပါဝင်ဆက်နွယ်သူတစ်ဦးကို စပါးကွင်းနားရှိ ချုံနွယ်များထဲကို အစားအစာတွေ ယူဆောင် ပြီး ဝင်ရောက်သွားခဲ့မျိုးတွေ ရှိတယ်။ လူကုန်ကူးသမားဖြစ်တဲ့ ထိုင်းနိုင်ငံသားဟာ ချုံနွယ်တွေထဲမှာ ပုန်းနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို အစားစာတွေပေးနေတာတွေကို သံသယဖြစ်ဖွယ်တွေ့ရှိခဲ့တယ်" ဟု ဆိုသည်။

ကီလန်တန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၉၇ ဦးသည် အသက် ၁၆ နှစ် နှင့် ၅၈ နှစ်ကြားအရွယ်ရှိသူများဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ လူကုန်ကူးသမားဖြစ်သော ထိုင်းနိုင်ငံသားထံမှ မိုလ်ဘိုင်းဖုန်း တစ်လုံး နှင့် မလေးရှားရင်းဂစ် ၃ဝဝဝ ခန့် တွေ့ရှိ ထိန်းသိမ်းခဲ့ကြောင်း၊ အဆိုပါငွေကြေးများသည် မြန်မာနိုင်ငံသားများထံမှ ရယူထားသော ငွေကြေးများ ဖြစ်ကြောင်း ကီလန်တန်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဇာကီ ဟာရမ်က မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံသို့ အခကြေးငွေယူကာ ပို့ဆောင်ရန်ကြိုးပမ်းသော ထိုင်းနိုင်ငံသားကို မလေးရှားနိုင်ငံ လုံခြုံရေးအထူး အက်ဥပဒေဖြင့် ဖမ်းဆီးခဲ့ကြောင်း ပြောသည်။


NP News

0 comments:

Post a Comment