Tuesday, February 14, 2023

Valentine's Day နေ့မှာ ချစ်သူနဲ့ အနမ်းပန်းခြွေနေတာ တရားဝင်အလင်းပြလာတဲ့ မိုးစက်ဝိုင်

အလှမယ်လောကထဲကနေ သရုပ်ဆောင်ပိုင်းကို ရောက်ရှိလာတဲ့ သရုပ်ဆောင်မိုးစက်ဝိုင်က ဒီနေ့ Valentine's Day နေ့မှာ သူမရဲ့ချစ်သူနဲ့ အနမ်းပန်းခြွေနေတဲ့ပုံလေးကို ပရိသတ်တွေသိဖို့ တရားဝင်အလင်းပြလာပါတယ်။
ချစ်သူများနေ့ဖြစ်တဲ့ ဒီနေ့ Valentine’s Day မှာ moesetwine_official Instagram ကနေ Happy Valentine’s Day Everyone ! လို့ ချစ်သူဖြစ်သူနဲ့ အနမ်းပန်းတွေခြွေပုံလေးတွေ လျှောက်လည်နေတဲ့ ပုံလေးတွေနဲ့ သူမတို့ချစ်သူနှစ်ဦးရဲ့ ပျော်စရာစုံတွဲပုံလေးကို ပရိသတ်တွေသိရအောင် ဝေမျှထားတာဖြစ်ပါတယ်။
မိုးစက်ဝိုင်က သူမရဲ့ Instagram မှာလည်း "အလင်းပြခြင်း အနုပညာ၊ မေးမြန်းခြင်းသည်းခံပါ" လို့ ရေးသားထားပါတယ်။ သူမကိုချစ်ခင်ကြတဲ့ ပရိသတ်တချို့ကလည်း တင်ထားတဲ့ Post အောက်မှာ ''ပညာတွေများလှပါဘိ ၊ နှစ်ယောက်လုံးကို ချစ်တယ် ၊ Happy Valentine’s Day ၊ You both Sooo Together !!!'' စတဲ့ အားပေးမူတွေလည်း တွေ့ရပါတယ်။
သူမဟာ Miss Universe Myanmar 2013 အလှမယ်တစ်ယောက်လည်း ဖြစ်ပြီး Moezy by moesetwine ဆိုတဲ့ အလှကုန်တွေကိုလည်း လက်ရှိထုတ်လုပ်နေလျှက်ရှိပါတယ်။ အရင်ကတော့ အနုပညာနဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း နာမည်ကြီး သရုပ်ဆောင်ဖြစ်တဲ့ နေတိုး ၊ ရွှေထူး စတဲ့ သူတွေနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကနေ ဝေးကွာသွားတယ်လို့လည်း ပြောလို့ရပါတယ်။





0 comments:

Post a Comment