Tuesday, February 14, 2023

နွေရာသီ ကျောင်းပိတ်ရက်တွေအတွင်း ကျောင်းအခြေပြုသင်တန်းတစ်ခုခုဖွင့်လှစ်ရန် အခြေခံပညာကျောင်းတွေကိုညွန်ကြားထား

လာမယ့်  နွေရာသီကျောင်းပိတ်ရက်တွေမှာအခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု သင်တန်းများ တစ်ခုခုကို ဖွင့်လှစ်သွားရန် အခြေခံပညာဦးစီးဌာနကနေ ကျောင်းတွေကိုညွှန်ကြားထားမှုရှိနေတယ်လို့သိရပါတယ်။

ဒေသအခြေအနေများအရ သင်တန်းတွေဖွင့်ရာမှာ ယဉ်ကျေးလိမ္မာသင်တန်း၊ ကြက်ခြေနီသင်တန်း၊ အားကစားသင်တန်း၊ ပန်းချီသင်တန်း၊ ကွန်ပျူတာသင်တန်းစသဖြင့် သင့်လျော်တဲ့သင်တန်းတစ်ခုခုကို ဖွင့်လှစ်ပို့ချဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

ကျောင်းအခြေပြုသင်တန်းများကို ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံပညာ ကျောင်းပိတ်ရက်ကာလ မတ်လအတွင်း ဆောင်ရွက်ရမှာဖြစ်ပြီးသင်တန်းကာလကို မိမိတို့ကျောင်းအလိုက် သင့်တော်သော အချိန်အတွင်း သတ်မှတ်ကာ ဖွင့်လှစ်နိုင်ကြောင်းသိရပါတယ်။

ကျောင်းအခြေပြုသင်တန်းတွေဟာ ယခင်က ကျောင်းအလိုက် ပြုလုပ်လေ့ရှိကြပေမယ့် နှစ်စဉ်အချိန်မှန်ပြုလုပ်လေ့မရှိပဲ မိမိတို့ကျောင်းတွေရဲ့အစီစဉ်တွေနဲ့သာ သင်တန်းတွေပြုလုပ်တာကြောင့် သင်တန်းမလုပ်ရတဲ့ ကျောင်းများလည်းရှိနေတယ်လို့ ကျောင်းသားကျောင်းသူတွေထံကသိရပါတယ်။

ယခု၂၀၂၃ခုနှစ်နွေရာသီအတွက် ကို တော့ ကျောင်းအခြေပြုသင်တန်းတွေကို ဖွင့်လှစ်ပေးကြဖို့ အခြေခံပညာကျောင်းတွေကို ပညာရေးဝန်ကြီးဌာနက မဖြစ်မနေ သင်တန်းဖွင့်ကြဖို့ အသိပေးလာတာလည်းဖြစ်ပါတယ်။


MyanmaPlatform

0 comments:

Post a Comment