Tuesday, February 14, 2023

လူနာတင်ကားမရှိလို့ နေမကောင်းတဲ့ဖခင်ကို တွန်းလှည်းပေါ်တင်ကာ ဆေးရုံသို့ပို့ခဲ့တဲ့ အိန္ဒိယက အသက်(၆)နှစ်အရွယ် ကလေးငယ်

လူနာတင်ကားမရှိတာကြောင့် အိန္ဒိယကအသက်(၆)နှစ်အရွယ် လေးငယ် ကောင်လေးဟာ ဖခင်ဖြစ်သူကို တွန်းလှည်းပေါ်တင်ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ ဗွီဒီယိုဖိုင် အင်တာနက်စာမျက် နှာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် မက်ဒ်ဟ် ရာ ပရာဒေ့ရှ်၊ ဆင် ရာအူလီ ခရိုင်က ဒေသဆိုင်ရာ အာဏာပိုင် တွေက သူတို့ဆီမှာ လူနာတင်ကားတွေ မရှိဘူးဆိုတဲ့ တိုင်ကြားချက်ကို ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ဆိုရှယ်မီဒီယာနဲ့ အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့သွားခဲ့ပြီး နာမ ကျန်းဖြစ်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ဇနီးသည်နဲ့ သားငယ်ဟာ တွန်းလှည်းပေါ် တင်ပြီး ဆေးရုံ ပို့ဆောင်ခဲ့ရတဲ့အကြောင်းကို အင်တာနက်အသုံးပြုသူတွေက ဒေါသတကြီးနဲ့ တုန့်ပြန်ခဲ့ပါတယ်။ အသက် ၆ နှစ်အရွယ် ကလေးငယ်ဟာလှည်းရဲ့ နောက်ဘက်ကနေ ရွေ့လျားသွားလာမှုကိုထိန်းပြီး တွန်းကာ ၃ ကီလိုမီတာအကွာအဝေးကို လာခဲ့တယ်လို့ သိရပါတယ်။

ဒါရယ်လ် ရှာ လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက ခြေထောက် ဒဏ် ရာရရှိခဲ့လို့ ခရိုင်ဆေးရုံကို ပို့ဆောင်ဖို့ လိုအပ်ခဲ့ပြီး မိသားစုတွေက အစိုးရဆေးရုံက အရေးပေါ် လူနာတင်ကားခေါ်ခဲ့ပေမယ့် မရခဲ့တာကြောင့် တွန်းလှည်းပေါ် တင်ပြီး ဆေးရုံကိုခေါ်ဆောင်ဖို့ဆုံး ဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ အဲ့ဒီ အဖြစ်အပျက်ကို ငြင်းဆိုထားပြီး အရေးပေါ် လူနာတင်ကား ခေါ်ဆို ခဲ့ခြင်းမရှိကြောင်းနဲ့ လူနာတင်ကား မရှိတာနဲ့ပတ်သက်တဲ့ တိုင်ကြားမှုမှာလည်း မှားယွင်းကြောင်း ပြောကြားခဲ့ပါတယ်။


MyanmaPlatform

0 comments:

Post a Comment