Thursday, February 23, 2023

မုံရွာမြို့၊ကျောက်ကာလမ်း၊ Mobile 1 ဖုန်းဆိုင် ဓားပြတိုက်ခံရ

မုံရွာမြို့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်းရှိ mobile 1 ဖုန်းဆိုင်သို့  အမျိုးသားနှစ်ဦးလက်ပစ်ဗုံး ၂ လုံး ကိုင်ဆောင်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါအမျိုးသား၂ဦးသည်ဆိုင်ဝန်ထမ်းများအားအော်ဟစ်ဆဲဆို ခြိမ်းခြောက်ကာ ဆိုင်ကောင်တာရှိ ဖုန်း ၁၅ လုံးနှင့် ဖုန်းရောင်းရငွေ ၅ သိန်း ကျပ်ခန့်အား အိတ်အမဲထဲသို့ စုထည့်ယူဆောင်၍ ဆိုင်အတွင်းရှိ ဖုန်းပြုပြင်ရေးService ခန်းအတွင်းသို့ လက်ပစ်ဗုံး ၁ လုံးအားဖောက်ခွဲခဲ့ကြောင်းသိရပါတယ်။

ယင်းဖြစ်စဉ်သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ ဖောက်ခွဲအပြီးဖုန်းဆိုင်နောက်ကျော လူနေအိမ်လမ်းကြားမှတဆင့် ထွက်ပြေးသွားရာလမ်းကြားအတွင်း လုံခြုံရေးများက စစ်ဆေးရာ တွင်ယူဆောင်သွားသည့် ဖုန်း ၁၅ လုံးနှင့် ငွေ ၅ သိန်းကျပ်တို့ထည့်ထားသည့် အိတ်အမဲအားပြန်လည် တွေ့ရှိခဲ့ ကြောင်း သိရသည်။

 လက်ပစ်ဗုံး ပစ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်း ၄ ဦးမှာ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သည့်အတွက် တာဝန်ရှိသူများက လူမှုကူညီရေး ယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


MyanmaPlatform

0 comments:

Post a Comment