Monday, October 14, 2013

ကလေးသူငယ်များအတွက်ငြိမ်းချမ်းရေးပြဌာန်းစာအုပ်ယူနီဆက်ဖြန့် ချီမည်

ကလေးသူငယ်များအတွက်ငြိမ်းချမ်းရေးပြဌာန်းစာအုပ်ယူနီဆက်ဖြန့် ချီမည်

မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် အရေးကြီးဆုံးပြဿနာဖြစ်သောငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ် ရေးကိုကလေးသူငယ်များနားလည်သဘောပေါက်ပြီး ငြိမ်းချမ်းရေးကိုယ်စားလှယ်များဖြစ်လာစေရန်ရည်ရွယ်ရ်ျ ငြိမ်းချမ်းရေးတည်ဆောက်မှုကိုအခြေပြုသည့် ပြဌာန်းစာအုပ်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှတစ်ဆင့် ယူနီဆက်မှထုတ်ဝေသွားမည်ဖြန့်ချီသွားမည်ဖြစ်သည်။

“အနာဂတ်မြန်မာနိုင်ငံ ရဲ့တောက်ပမှုဟာ ကြင်နာမှု၊ ပွင့်လင်းမှု၊ အပြန်အလှန်လေးစားမှု ၊ဂရုဏာ ရှိမှု တွေထားရှိရန် သင်ကြားပေးထားတဲ့ကျွန်တော်တို့ရဲ့ ကလေးတွေ အပေါ်မှာ မူတည်ပါတယ်။ဒါကိုမိဘတွေ ကလည်း သိထားပြီးသားပါ။ယူနီဆက်နဲ့ ပညာရေးဝန်ကြီးဌာနက ပြည်သူတွေကို ပိုမိုနားလည်စေချင်ပါတယ်။ ဆူပူအကြမ်းဖက်မှုတွေကိုကျုးလွန်ခြင်းထက် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုသာ အမှန်တကယ်သတ္တိရှိတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေကို အပြုသဘောပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးရဲ့ ကိုယ်စားလှယ် ဖြစ်ဖို့ ယူနီ ဆက်က လုပ်ဆောင်သွားပါ့မယ်” ယူနီဆက်ဌာနေကိုယ်စားလှယ်မစ္စတာ ဘာထရန် ဘိန်းဗဲလ် ကပြောသည်။

ဒေသတွင်းလူ့အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှန် အကြမ်းဖက်မှုများ ကိုတုန့်ပြန်သည့် အနေဖြင့် မြန်မာ နိုင်ငံရှိ ကလေးများအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှု ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို အစိုးရဌာန များ၊အနုပညာရှင်များ၊ အပါအ၀င် တိုင်းရင်းသားလူမျိုး(၁၁) စုနှင့် ဘာသာကြီးငါးဘာသာမှ ကိုယ်စားလှယ် စုစုပေါင်း (၇၀) ခန့်ဖြင့် ယခုရက် ပိုင်း အတွင်း ငါးရက်ကြာပြုလုပ်ခဲ့သည်။၎င်းတို့စုပေါင်းရ်ျ်  ငြိမ်းချမ်းရေးတည် ဆောက်မှုကိုအခြေပြုသော စာအုပ် (၁၆) အုပ်ကိုပြုစုခဲ့သည်။၎င်းစာအုပ်များကို အသက် (၈) နှစ်အောက် ကလေးများအတွက် အဓိကရည်ရွယ်ထားပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးစိတ်ဓါတ်များ ရိုက်သွင်း ပေးထားကာ မတူညီသော ကွဲပြားမှုကို နားလည် သဘောပေါက်ရန် ကလေးများနားလည်လွယ်သော စကား လုံး များ၊ရုပ်ပုံများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါစာအုပ်များကို ကွင်းဆင်းလေ့လာကာမွမ်းမံမှုများပြု လုပ်ပြီး (၆)လအကြာမှသာ ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်သည်။စာအုပ်များကိုယူနီဆက် နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာန အောာက်ရှိ မူကြိုကျောင်း များ၊ ကလေးဆေးရုံများ ၊ကျန်းမာရေးဆေးပေးခန်းများသို့ဖြန့်ဝေသွားမည်ဖြစ်သည်။ 

ပန်မိုးဝါ(ရိုးရာလေး)

မြန်မာနိုင်ငံတွင် တွေ့ကြုံနေရသည့် အရေးကြီးဆုံးပြဿနာဖြစ်သောငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ် ရေးကိုကလေးသူငယ်များနားလည်သဘောပေါက်ပြီး ငြိမ်းချမ်းရေးကိုယ်စားလှယ်များဖြစ်လာစေ ရန်ရည်ရွယ်ရ်ျ ငြိမ်းချမ်းရေးတည်ဆောက်မှုကိုအခြေပြုသည့် ပြဌာန်းစာအုပ်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှတစ်ဆင့် ယူနီဆက်မှထုတ်ဝေသွားမည်ဖြန့်ချီသွားမည်ဖြစ်သည်။

“အနာဂတ်မြန်မာနိုင်ငံ ရဲ့တောက်ပမှုဟာ ကြင်နာမှု၊ ပွင့်လင်းမှု၊ အပြန်အလှန်လေးစားမှု ၊ဂရုဏာ ရှိမှု တွေထားရှိရန် သင်ကြားပေးထားတဲ့ကျွန်တော်တို့ရဲ့ ကလေးတွေ အပေါ်မှာ မူတည်ပါတယ်။ဒါကိုမိဘတွေ ကလည်း သိထားပြီးသားပါ။ယူနီဆက်နဲ့ ပညာရေးဝန်ကြီးဌာနက ပြည်သူတွေကို ပိုမို နားလည်စေချင်ပါတယ်။ ဆူပူအကြမ်းဖက်မှုတွေကိုကျုးလွန်ခြင်းထက် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှုသာ အမှန်တကယ်သတ္တိရှိတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေကို အပြုသဘောပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးရဲ့ ကိုယ်စားလှယ် ဖြစ်ဖို့ ယူနီ ဆက်က လုပ်ဆောင်သွားပါ့မယ်” ယူနီဆက်ဌာနေ ကိုယ်စားလှယ်မစ္စတာ ဘာထရန် ဘိန်းဗဲလ် ကပြောသည်။

ဒေသတွင်းလူ့အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှန် အကြမ်းဖက်မှုများ ကိုတုန့်ပြန်သည့် အနေဖြင့် မြန်မာ နိုင်ငံရှိ ကလေးများအတွက် ငြိမ်းချမ်းရေးတည်ဆောက်မှု ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို အစိုးရဌာန များ၊အနုပညာရှင်များ၊ အပါအ၀င် တိုင်းရင်းသားလူမျိုး(၁၁) စုနှင့် ဘာသာကြီးငါးဘာသာမှ ကိုယ်စားလှယ် စုစုပေါင်း (၇၀) ခန့်ဖြင့် ယခုရက် ပိုင်း အတွင်း ငါးရက်ကြာပြုလုပ်ခဲ့သည်။၎င်းတို့စုပေါင်းရ်ျ် ငြိမ်းချမ်းရေး တည် ဆောက်မှုကိုအခြေပြုသော စာအုပ် (၁၆) အုပ်ကိုပြုစုခဲ့သည်။၎င်းစာအုပ်များကို အသက် (၈) နှစ်အောက် ကလေးများအတွက် အဓိကရည်ရွယ်ထားပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စိတ်ဓါတ်များ ရိုက်သွင်း ပေးထားကာ မတူညီသော ကွဲပြားမှုကို နားလည် သဘောပေါက်ရန် ကလေးများ နားလည်လွယ်သော စကား လုံး များ၊ရုပ်ပုံများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အဆိုပါစာအုပ်များကို ကွင်းဆင်းလေ့လာကာမွမ်းမံမှုများပြု လုပ်ပြီး (၆)လအကြာမှသာ ပုံနှိပ်ထုတ်ဝေသွားမည်ဖြစ်သည်။စာအုပ်များကိုယူနီဆက် နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာန အောာက်ရှိ မူကြိုကျောင်း များ၊ ကလေးဆေးရုံများ ၊ကျန်းမာရေးဆေးပေးခန်းများသို့ဖြန့်ဝေသွားမည်ဖြစ်သည်။

ပန်မိုးဝါ(ရိုးရာလေး)

0 comments:

Post a Comment