Monday, October 14, 2013

Victoria's Secret မော်ဒယ်လ်ဖြစ်လာမည်ဟု ချီးကျူးခံနေရသည့် ကန်ဒေါလ်ဂျန်နာ

"Victoria's Secret မော်ဒယ်လ်ဖြစ်လာမည်ဟု ချီးကျူးခံနေရသည့် ကန်ဒေါလ်ဂျန်နာ"

အသက်(၁၈)နှစ်ပြည့်ရန် ရက်ပိုင်းမျှ လိုသေးသည့် တက်သစ်စ မော်ဒယ်လ်လေးသည် ကိုလံဘီယာ ရေကူးဝတ်စုံ ဖက်ရှင်လုပ်ငန်း Agua Bendita၏ 2014 Collectionအတွက် ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ရာ Victoria's Secret၏ စံနှုန်းသတ်မှတ်ချက်များနှင့် လျော်ညီကြောင်း ချီးကျူးမှုများ ခံခဲ့ရသည်။ နိုဝင်ဘာလ (၃)ရက်နေ့မှ အသက်(၁၈)နှစ် ပြည့်မည့် အမေရိကန်သူ အလှမယ်လေးသည် ဂရိနိုင်ငံတွင် အပန်းဖြေ ခရီးထွက်ခဲ့ပြီးနောက် အလုပ်ခွင်သို့ ပြန်ဝင်ခဲ့ခြင်း ဖြစ်သည်။ 

PLANET ညနေခင်းသတင်းလွှာ PDF Download: www.planet.com.mm/evening

အပြည့်အစုံ ဖတ်ရှုရန် ==> http://www.planet.com.mm/news/read.cfm/id/22381

#Kendall #Jenner
#PlanetMyanmar

အသက်(၁၈)နှစ်ပြည့်ရန် ရက်ပိုင်းမျှ လိုသေးသည့် တက်သစ်စ မော်ဒယ်လ်လေးသည် ကိုလံဘီယာ ရေကူးဝတ်စုံ ဖက်ရှင်လုပ်ငန်း Agua Bendita၏ 2014 Collectionအတွက် ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ရာ Victoria's Secret၏ စံနှုန်းသတ်မှတ်ချက်များနှင့် လျော်ညီကြောင်း ချီးကျူးမှုများ ခံခဲ့ရသည်။

Victoria's Secret မော်ဒယ်လ်တစ်ဦး၏ ဘဝကို မျှော်မှန်းသည့် ကန်ဒေါလ်ဂျန်နာ၏ အိပ်မက်များ လက်တွေ့ အကောင်အထည် ပေါ်လာရန် ပိုမိုနီးစပ်လာပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အသက်(၁၈)နှစ်ပြည့်ရန် ရက်ပိုင်းမျှ လိုသေးသည့် တက်သစ်စ မော်ဒယ်လ်လေးသည် ကိုလံဘီယာ ရေကူးဝတ်စုံ ဖက်ရှင်လုပ်ငန်း Agua Bendita၏ 2014 Collectionအတွက် ကိုယ်ဟန်ပြ ဓာတ်ပုံများ အရိုက်ခံခဲ့ရာ Victoria's Secret၏ စံနှုန်းသတ်မှတ်ချက်များနှင့် လျော်ညီကြောင်း ချီးကျူးမှုများ ခံခဲ့ရသည်။ နိုဝင်ဘာလ (၃)ရက်နေ့မှ အသက်(၁၈)နှစ် ပြည့်မည့် အမေရိကန်သူ အလှမယ်လေးသည် ဂရိနိုင်ငံတွင် အပန်းဖြေ ခရီးထွက်ခဲ့ပြီးနောက် အလုပ်ခွင်သို့ ပြန်ဝင်ခဲ့ခြင်း ဖြစ်သည်။ Agua Benditaသည် ကန်ဒေါလ်ကို အမှတ်တံဆိပ်၏ 2014 Collection ကိုယ်စားပြု မော်ဒယ်လ်အဖြစ် ရွေးချယ်ကြောင်း ဇူလိုင်လက ကြေညာခဲ့သည်။

ကန်ဒေါလ်အနေဖြင့် Victoria's Secret၏ အလှနတ်သမီးများ စာရင်းတွင် ပါဝင်လာဖွယ် ရှိနေကြောင်း သတင်းများနှင့် ပတ်သက်ပြီး နာမည်ကျော် အမျိုးသမီး အတွင်းခံ အဝတ်အထည် ဖက်ရှင် ကုမ္ပဏီကြီးက တိုက်ရိုက် မှတ်ချက်ပေးခြင်း မရှိချေ။ Victoria's Secretမှ တာဝန်ရှိသူ တစ်ဦးက "Victoria's Secretဟာ အရည်အသွေး ပြည့်ဝပြီး အလားအလာ ကောင်းမွန်တဲ့ မော်ဒယ်လ်တိုင်းအတွက် တံခါးဖွင့်ထားဆဲပါ"ဟုသာ ပြောကြားခဲ့သည်။ ကန်ဒေါလ်က သူမသည် မီရန်ဒါကားရ်၊ ကန်ဒိုက်စ်ဆွန်နီပိုဝဲလ်၊ အလက်ဇန္ဒရို အမ်ဘရိုစီယို၊ အေဒရီယန်လီမာတို့ကဲ့သို့ Victoria's Secret မော်ဒယ်လ်တစ်ဦး ဖြစ်လာရန် အလွန်မျှော်လင့်ကြောင်း ဝန်ခံခဲ့ဖူးသည်။ E! Newsနှင့် အင်တာဗျူးတွင် သူမက "Victoria's Secretရဲ့ မော်ဒယ်လ်တစ်ယောက် ဆိုတာက ကျွန်မ ဖြစ်ချင်တဲ့ ဘဝပါ။ ကျွန်မ အမြဲတမ်း အိပ်မက်ခဲ့တဲ့ အရာလည်း ဖြစ်ပါတယ်။ တစ်နေ့နေ့တော့ လက်တွေ့ ဖြစ်လာဖို့ ကျွန်မ မျှော်လင့်ပါတယ်"ဟု ဖွင့်ဟပြောကြားထားခဲ့သည်။ 

Planet Myanmar Network

0 comments:

Post a Comment