Sunday, February 9, 2014

ကြယ်ကြွေချိန်

Photo: ကြယ်ကြွေချိန်

ဇတ်သိမ်းပိုင်း..

               

ကိုမျိုးနဲ့ဇာလေးတို့နှစ်ယောက်ကိုနှစ်မိဘတွေသဘောတူထားကြခဲ့တာ ဒီနေ့ ပြတ်ပြတ်သာသာ ဇာလေးဆုံးဖြတ်မယ်လို့ စိတ်ကူးထားလိုက်တယ်
ဇာလေးရင်ထဲ ကိုဇော်ကိုချစ်ခဲ့မိပေမယ့် စာမလားသတင်းမကြားနဲ့ ဒီနေ့ဆို ကိုဇော်ပျောက်သွားခဲ့တာ 
သုံးလတောင်ပြည့်သွားခဲ့ပြီး ဖြစ်နေပေမယ့် 
မျော်လင့်မိနေတုန်း ရင်ခုန်မိနေတုန်း ဒါပေမဲ့ မဖြစ်နိုင်တော့ဘူးဆိုတာ သူသိနေပါပြီးး

ဇာလေးဘာတွေ စဉ်းစားနေတာလဲ "

ကိုမျိုး အမေးကြောင့် ဇာလေးတွေ တုန့်ခနဲ ရပ်တန့်သွားသလို ကိုမျိုးအမေးထဲ အတွေးနယ်ကူးပြောင်းလာခဲ့ပါတယ်

အော် ဘာရယ်မဟုတ်ပါဘူး ဒီလိုပါဘဲ "

ကိုဇော်ကို သတိရနေတုန်းလား "

အမှန်တိုင်း ဝန်ခံရင် မငြင်းပါဘူး "

အင်းလေ ဘာပဲဖြစ်ဖြစ်ပါ ကိုမျိုးတို့ကိစ္စတော့ မမေ့ထားပါနဲ့ဇာလေး " 

ဟုတ် ဇာလေး သိပါတယ် ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ "

အင်းးး"

ခဏတော့ ပတ်ဝန်ကျင်တစ်ခုလုံး ရင်ကွဲပုရစ်ကောင်လေးတွေအော်သံကလွဲလို အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြီး 

ဇာလေး "

ရုတ်တရပ်ဇာလေးလို့ခေါ်သံကို ကိုမျိုးနဲ့ ဇာလေး နှစ်ယောက်ထိုင်နေတာချင် အတူတူ 
ဇာလေးတစ်ယောက်သာ ကြားလိုက်ပေမယ့် 
စိတ်ထဲမှာတော့ ငါ သတိရလွန်းလို့ ဖြစ်မှာပါဆိုပြီး ငြိမ်နေလိုက်ပါတယ် 

ဇာလေး " 

ဒုတိယ အကြိမ် ထပ်ခေါ်သံကတော့ ပီပီသသနဲ့ ဒီတခါ ဇာလေးလှည့်ကြည့်လိုက်တယ် ကိုမျိုးနဲ့ ဇာလေးကလွဲလို့ ဘယ်သူဘယ်ဝါမှ မရှိ 
ကိုမျိုးဇာလေးလှည့်ကြည့်လိုက်တာ သတိထားမိလိုက်တယ် 

ဇာလေး ဘာဖြစ်လို့လဲ " 

ဘာမှမဟုတ်ပါဘူး ကိုမျိုး " 

ဒါဆိုပြန်ကြရအောင် ညနေစောင်းနေပြီး "

အင်းးး " 

ဇာလေးအင်းလို့ ခေါင်းညိတ်လိုက်ရပေမဲ့ သူ့စိတ်ထဲ ကိုဇော်သူ့အနား ရှိနေသလိုခံစားရတယ် 
ဘာပဲဖြစ်ဖြစ်လေ မနက်ဖြန်ဆို ကိုမျိုးနဲ့တောင် လက်ထပ်ကြတော့မှာ ဒါတွေမတွေးသင့်တော့ဘူး ဆိုတာဖြတ်လိုက်ပါတော့တယ်

ဒီနေ့မင်္ဂလာခန်းမထဲမှာ ကိုမျိုးတို့ မင်္ဂလာခန်းမထဲမှာ နှစ်ဖက်မိဘတွေနဲ့ ဧည့်သည်တွေစုံစုံညီတွေနဲ့ပေါ့ 
ဒါပေမဲ့ မပြည့်စုံသေးတာ ကိုဇော် မရှိသေးတာတော့ ဇာလေး ဝမ်းနည်းသလိုနဲ့ဖြစ်နေမိတယ် 

မင်္ဂလာခန်းမထဲမှာ ဧည့်သည်တွေစုံလင်နေပြီးဆိုတော့ 
ဇာလေး အမေက 

သားနဲ့သမီးတို့ရေ ဧည့်သည်တွေစုံညီနေပြီး ထွက်ခဲ့တော့နော် "

ဟုတ်မေမေ "

ကိုမျိုးရဲ့လက်ကို ဇာလေးချိတ်တလှမ်းခြင်း နဲ့ ဆင်းလျောက်လာလို့ မင်္ဂလာခန်းမထဲအဝင် 
ရပ်ကွက်လူကြီးနဲ့ ရဲဝတ်စုံအပြည့် လေးယောက်ခန့် ဝင်လာပါတယ် 

ဟုတ်ခဲ့ခွင့်ပြုပါခဗျာ " 

အရှေ့က ခေါင်းဆောင်ပုံစံရဲကြီးတစ်ယောက်က ဝင်ခွင့်တောင်းလိုက်အသံကြောင့် ကိုမျိုး မျက်နှာ ရုတ်တရပ် ပျက်သွားပါတယ် 

ကျွန်နော် တို့ ဟောဒီက သတို့သား ကိုမျိုးကိုလာဖမ်းတာပါ " 

ဟင် ကိုမျိုးမှာ ဘာအပြစ်တွေကြူးလွန်မိပါလဲ " 
ဇာလေးအမေးကြောင့် ရဲခေါင်းဆောင်က ရှင်းပြပါတော့တယ် 

ဒီလိုပါ ဒီကကိုမျိုးဟာ မဇာလေးတို့ သုံယောက် ချစ်ရေးဆိုကြမယ့်နေ့မတိုင်းခင်ညမှာပါ 
ကိုမျိုးနဲ့ ကိုဇော်တို့ဟာ ဘီယာ အတူတုသောက်ခဲ့ကြပါတယ် အမှတ်တရအနေဖြစ်နဲ့ဆိုကြပြီး 
အဲ့မှာ ကိုမျိုးဟာ ကိုဇော် သောက်မယ့် ဘီယာ ခွက်ထဲ တဖြေးဖြေးနဲ့ ကိုယ်တွင်းမှာသွေးဖြူဥတွေကို ပျက်စီးစေနိုင်တဲ့ အဆိပ်တမျိုး ထည့်ခဲ့ပါတယ်  ကိုဇော် ဒီခွက်တွေ များစွာ သောက်ခဲ့မိတာကြောင့် သူ့ကိုယ်ထဲက သွေးဖြူဥတွေကိုပျက်သုန်းစေခဲ့လို့ ဒီနေ့ကိုဇော်ဆုံးခဲ့တာ ခုနှစ်ရက်မြောက်ခဲ့ပါပြီး 
ဒါကြောင့် ကိုမျိုးကို တရားဥပဒေ အရာ လာရောက်ဖမ်းရာခြင်းပါတယ် " 

ရဲခေါင်းဆောင်ကြီးရဲ့ ရှည်လျာစွာ ရှင်းပြနေချိန် တုတ်တုတ်မျှမလှုပ်ပဲ နားထောင်နေတဲ့ ခန်မ ကြီးထဲ ဇာလေးမျက်နှာက ကိုမျိုးဘက်လှည့်လာပါတယ် 
ဇာလေးမျက်နှာက ကြေကွဲခြင်း မုန်းတီးခြင်း 
ဝမ်းနည်းခြင်းတွေ ရောယှက်နေပါပြီး

ကိုမျိုး အဲ့တာတွေက အမှန်တွေလား " 

ကိုမျိုးတစ်ယောက် ဘာမှ ထွက်မလာတော့ သူ့ဘက်က စကားသံတွေ နှုတ်ဆိတ်နေခဲ့ပြီး 

ကိုမျိုး ပြောလေ "

ဇာလေးအသံတွေက တုန်ရီ ကွဲအက်နေပြီး 
သူ့မျက်စိထဲ ဘာမှမမြင်နိုင်တော့ သူ့ခေါင်းတွေ အရမ်းမူးဝေလာတယ်
ရင်ထဲက တဆက်ဆက်နဲ့ ထိုးတက်လာတဲ့
စို့နင့်နင့် ဝေဒနာက ခန်မတစ်ခုလုံး အမှောင်ကျသွားခဲ့ပြီးးးးးးးးးးး

သမီးသက်သာရဲ့လား " 

ဇာလေးအမေရဲ့စကားကို ချက်ခြင်းမဖြေနိုင် 
ပတ်ဝန်ကျင် ဝေ့ရမ်းကြည့်လိုက်တော့ ခုတင်လူနားတွေတန်းစီလို့ 
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ လက်ထဲကို အပ်တစ်ချောင်းစိုက်လျက် သေးသွယ်တဲ့ပိုက်တစ်ခု သွယ်တန်းလို့
သူချက်ခြင်းသိလိုက်ပြီး ဆေးရုံး ရောက်နေတယ်ဆိုတာ 

အမေ ကိုဇော်ရှိတဲ့နေရာ သမီးကို ခေါ်သွားပေးပါ " 

အင်းပါ သမီးရယ် "

ဖျက်ခနဲ သူ့အမေ ကျသွားတဲ့ မျက်ရည်တချို့ မြန်မြန်ဆန်ဆန်ဆိုသလို ပယ်ဖျက်လိုက်တာ ဇာလေး မမြင်လိုက်ပါဘူး
______________

ဒီနေ့ ဆေးရုံးက ဇာလေးပြန်ဆင်းလာတာ တစ်ပတ်တောင် ပြည့်ခဲ့ပါပြီး 

သမီး ကိုဇော် မဆုံးခင်က ပေးခဲ့တဲ့စာလေးတစ်စောင်ပါ " 

သူ့အမေလက်ထဲက စာ ကို ကပျာကယာ လှမ်းယူလိုက်တယ် ပြီးတော့ ...

သမီးညရောက်မှ ဖတ်ပါ့မဟ်အမေ " 

အေးအေး " 

တကယ်တော့ ကြယ်ကြွေချိန် ကို ကြည့်ရင် သူစာဖတ်လာချင်တာပါ ဒါကြောင့်လည်း 
ညရောက်မှ သူဖတ်ပါ့မယ်လို့ လှမ်းပြောခဲ့တာပါ

.......

ဇာလေး ဒီနေ့ဆို ကိုဇော်တို့ ကမ္ဘာ ခြားခဲ့ပြီးနော် 
ကိုဇော်အရမ်းချစ်ခဲ့ပါ အတိုင်းအတမသိအောင် ချစ်ခဲ့တယ် 
ဒါပေမဲ့ ဒီဘဝမှာ မဆုံနိုင်တော့တာ ကိုဇော်သိပါတယ် 
ကိုဇော်ကို ကတိတစ်ခုသာ ပေးပါ 
ရှေ့တက်ပြီးဘဝမှာ ဇာလေးကို မြတ်နိုးတန်ဖိုးထားတဲ့ သူရှိခဲ့မယ်ဆို
လက်တွဲသွားပါ့မယ်လို့ 
ဒီဘဝမှာ ကိုဇော် ဇာလေးစိတ်ချမ်းသာအောင် မထားခဲ့ရပေမယ့် ဇာလေး ပျော်ရွှင်တာကိုသာ မြင်ချင်ပါတယ် 
နောက်ဆုံးအချိန်ထိလေ ကောင်ယံမှာ ကိုဇော် ကြယ်လေးဖြစ်နေမှာပါ 
ဘာကြောင့်လဲဆို ဇာလေး ဆုတောင်းတဲ့အခါပေါ့
ကိုဇော်ကြယ်လေးဘဝက ကြွေကျပေးဖို့အသင့်ပါ "

ကိုဇော်စာရဲ့အဆုံးမှာ ဇာလေးတစ်ယောက် ရှိုက်ကြီးတငင်ငင်နဲ့ ကောင်ကင်ထက်ကိုမော့ကြည့်ရင် ငိုချမိနေပြီး 
ကိုဇော်ရယ်ဒီလိုအဖြစ်မျိုးနဲ့ နောက်ဘဝတွေက ကင်ဝေးပါစေ "

ဇာလေးရဲ့ကောင်းကင်ထက်ကို မော့ကြည့်ရင်းကနေ 
ဝေဝါးမှုန်ရီနေတဲ့ မျက်ဝန်းနှစ်ကနေ ရိပ်သဲ့သဲ့ ကြယ်စင်လေးတစ်လုံး ကြွေကျသွားတာ မကြည့်ဝံ့ပေမယ့် 
သတိလက်လွပ်စွာ မှင်သက်နေမိပါတော့တယ် 


                        ပြီးပါပြီး

ရေးသူ = ဒိုင်ယာရီ 
အားပေးမှုကိုအထူးကျေးဇူးတင်လျက်...
ဆက်လက်ကြိုးစားပါဦးမည်


်

ဇာလေးတို့သူငယ်ချင်းတစု ခြောက်ယောက်ဖွဲ့ဟာ အရမ်းခင်ပြီး ချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်နေခဲ့ကြတယ် ..
တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရှိကြသလို ဖေမတတ်တဲ့စရိုက်လေးတွေကလည်းတညီနေကြတယ် ..
သူတို့ထဲမှာမှ ထူးခြားနေတဲ့ သူသုံးယောက်ယောက်က ကိုဇော် ဇာလေး ကိုမျိုးသုံယောက်က ကြည့်လဲ့နေတဲ့ကောင်ကင်ပြင်ပြင်က ကြယ်တာယာလေးတွေရဲ့ ကြွေကျချိန်ကို ကြည့်ပြီး ဆုတောင်းတတ်တာခြင်း ထပ်တူဖြစ်နေခဲ့တယ် ...


ဒီနေ့သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်နေ့ဖြစ်နေတာကြောင့် ကိုမျိုးက သူနဲ့ ဝါသနာတူကြတဲ့ ဇာလေးနဲ့ မောင်မျိုးကို ကြယ်ကြွေချိန်စောင့်ကြည့်ဖို့ဖုန်းဆက် လှမ်းခေါ်နေပါတယ် ..

တူ တူ တူ '

ဟလို ကိုဇော် အေးပြော "

ဒီနေ့ ထုံစံအတိုင်းသွားကြမယ်လေ "

အော် အေးအေး"

ဒါနဲ့ ဟိုငနဲ ငမျိုးပါ လှမ်းပြောလိုက်ဦးး"

အေးပါ အေးပါ "

ဒါဆို ဒါပဲနော်

အင်းးးး"
................
.............
ခက်သဲ့သဲ့ဂယက်ထနေတဲ့ ကန်နံဘေးနားက ငြိမ်သက်ရှုမောစွာ ကောင်ကင်ပြင်ကို စိုက်ကြည့်နေကြတဲ့သူသုံးယောက်ကလည်း အပြေးနှင်လာတဲ့ လေညှင်းနုလေးတွေကို ခံစားဖို့တောင် မေ့နေကြပြန်တယ်
ရုတ်တရက်ကြည်ပြာတောက်ပနေတဲ့ ကောင်ကင်ပြင်ကြီးက ညိုမဲမဲ တိမ်စိုင်းခဲတွေ တလိမ့်လိမ့် အုံ့ဆိုင်းလို့ ကောင်ကင်ပြင်တစ်ခုလုံး အုပ်စိုးသွားနေတာ သူတို့သုံးယောက်ကြည့်နေကြရင်းးး
ဇာလေးရဲ့ ပါးနုနု လွင်ပြင်လေးထဲ မိုးစက်ပေါက်တစက် ထိကပါးရိကပါး တွယ်ကပ်လာတာကို ကိုမျိုး သတိထားမိလိုက်တယ်
အဆင်သင့်ပါလာတဲ့ အိပ်ကပ်ထဲက လက်ကိုင်ပဝါလေးနဲ့ ထိပါးလာတဲ့ မိုးစက်ပေါက်လေးတွေကို သုတ်ယူလိုက်တယ် ဒီမြင်ကွင်ကို ကိုဇော်တစ်ယောက် မှင်သက်နေမိတယ်
ခနဆိုသလိုပဲ သူ့ရင်ထဲက ခံစားမှုတစ်ခုကို သူကိုယ်တိုင်းပဲ သတိထားမိတယ် ..
ကိုဇော်အသိစိတ်က နိုးထနေမိတယ် အဲ့အချိန်မှာဘဲ အိမ်ပြန်ဖို့အတွက်ကို ချက်ခြင်းဆိုသလို ပြန်ဖို့ထအပြင်...

ဟဲ့ ကိုဇော် ဒါက ဘယ်တုန်း"

အေးလေးကွာ ခုမှ ကြယ်တလုံမှ ကြွေတာ ငါတို့ကြည့်ရသေးတာ မဟုတ်ပဲနဲ"့

ကိုမျိုးနဲ့ ဇာလေးတို့ရဲ့ အမေးတွေကြောင့် ကိုဇော်ချက်ခြင်းတုံ့ပြန်ဖို့ စကားလုံးစဉ်းစားနေရင်းက အဖြေတစ်ခု ရသွားခဲ့တယ်

ဘာရယ်မဟုတ်ပါဘူး တိမ်တွေညို့လာပြီး မိုးရွာတော့မယ် ငါ သိပ်နေမကောင်ချင်ဘူး အဲ့တာကြောင့်ပါ"

ကိုဇော်ရဲ့ အဖြေကို ကိုမျိုးနဲ့ ဇာလေးတို့နှစ်ယောက် ပြိုင်တူခေါင်းညိတ်လိုက်ရင်းးကိုမျိုးက

ဒါဆိုလည်းမင်းပြန်နှင့်လေ "

ဇာလေးက ထက်ပြီးစိုးရိမ်စကားလေးခြွေချလိုက်ပြန်တယ်
သေချာဂရုစိုက်ပြန်နော် "

အင်းးး"

နွေးထွေးတဲ့ သူငယ်ချင်းနှစ်ရဲ့ ဂရုစိုက်မှုကြာကနေ ကိုဇော် အင်းးး တလုံးသာ ပြန်ဖြေခဲ့သည်မှအပ လှည့်ထွက်လာခဲ့လိုက်ပါတယ်
တကယ်တော့ ကိုဇော် ရင်ထဲ မခံစားဖူတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားမှုကြောင့်ပဲ
မလုံမလဲ ဆက်နေဖို့ တွန်းအားမပေးတော့တဲ့ ဦးနှောက်က အဆုံးဖြတ်ကြောင့် သူပြန်ခဲ့တာဖြစ်ပါတော့တယ် ....

အချိန်ပေါင်းတွေက ရက်တွေဖြစ် ရက်ပေါင်းများတဲ့အခါ လတွေပြောင်း ဒီလိုနဲ့ ကိုဇော် တစ်ယောက်ရဲ့ ရင်ထဲက အချစ်အစိုင်အခဲ ထုထည်က တဖြေးဖြေး ကြီးမားတဲ့မေတ္တာတရားက မှန်းဆမရအောင်တည်ဖြစ်နေခဲ့တယ် ...

ဒီနေ့ ကိုဇော်သူငဟ်ချင်း ကိုမျိုးမွေးနေ့လေးမှာ ဇာလေးတစ်ယောက် အရင်နေ့တွေထက်ပိုလှသလိုမျိုး ကိုဇော် စိတ်ထဲ ကြည်နူးနေမိတယ်
နှင်းဆီဖြူကြိုက်တတ်တဲ့ ဇာလေးအတွက် ကိုဇော်တစ်ယောက် ကိုမျိုးမွေးနေ့ညမှာ သူ့အိပ်ကပ်ထဲပါလာခဲ့တဲ့ နှင်းဆီဖြူတခက်ကို ဇာလေးကို ပေးဖို့အသွား သူ့ရှေ့မှာ ..

ဟိတ် ဇာလေးဒီနေ့ ငါ့မွေးနေ့မှာ နင် ဒီနှင်းဆီဖြူလေးကို ပန်ထားပေးနော်

အေးပါ ပန်ထားပါ့မယ် ကျေနပ်ပြီးလားး

ကိုမျိုးနဲ့ ဇာလေးတို့ရဲ့ ရယ်မောနေကြပြီး ဇာလေးခေါင်းမှာ ပန်းပန်ပေးလိုက်တဲ့ မြင်ကွင်ထဲမှာ ကိုဇော်တစ်ယောက်စီးမျှောနေရင်းက သူထုတ်ထားတဲ့ နှင်းဆီဖြူလေးကို သူ့အိပ်လေးထဲ အသာအယာ ပြန်ထည့်လိုက်ထားလိုယ်တယ်
ကိုမျိုးအတွက် မွေးနေ့ဆုတောင်းပေးပြီးသွားအခါ ကိုဇော်တစ်ယောက် ဝိုင်သောက်မယ့် ထိုင်ခုံမှာ ဦးစွာနေရာယူထားလိုက်တယ်
သောက်ရင်းစားရင်နဲ့ ကိုဇော်တို့သူငယ်ချင်းတစု မိုးလင်းသွားခဲ့ကြတယ် သူတို့အိမ်က မိဘတွေကလည်း ငယ်ပေါင်း သူငယ်ချင်းတွေ ဖြစ်နေတာကြောင့်စိတ်ချယုံကြည်ကြတော့ ဘာမှ မပြောကြဘူး...
............................

ဇာလေး နင့်မှာ ချစ်ရတဲ့သူ ရနေပြီးလား

ကိုဇော်အမေးကြောင့် ဇာလေးမှာအံ့သြသင့်ပြီးသူ့ကိုမျက်လုံးလေးကလယ်ကလယ် နဲ့ ပြန်ကြည့်နေမိတယ်
ကိုဇော်က စိတ်မရှည်ဟန်နဲ့

ဟဲ့ ဇာလေး ငါမေးနေတယ်လေဟာ

မရှိသေးပါဘူး ဘာဖြစ်လို့လဲ

ငါ နင့်ကို ချစ်နေပြီးဟာ

ဟင်

ကိုဇော်ရဲ့ ရင်ဖွင့်စကားကြောင့် ဇာလေးမှာ သူ့ကို မျက်မှောက်လေးကျုံ့ပြီး ငြိမ်နေရှာတယ် ခဏကြာမှ ဇာလေးပြန်ဖြေလိုက်တယ်

ကိုဇော်လိုပဲ ကိုမျိုးက ငါ့ ချစ်တယ်ဖွင့်ပြောထားတယ်ဟ

ဟင် သူပြောပြီးသွားပြီးလား

အင်းးးး

ဇာလေး အဖြေပြန်ပေးလိုက်ပီးလား

မပေးရသေးပါဘူးး

ဒါဆို ဇာလေးဘယ်သူ့ကို ချစ်လဲဟင် ပြောပြပါလား သူငယ်ချင်းမျက်နှာမကြည့်နဲ့

အင်း ဇာလေး စဉ်းစားနေပါတယ် မနက်ဖြန်ဆုံနေကြ ထိုင်ခုံလေးမှာ လာခဲ့ကြနော်

နှစ်ယောက်စလုံးလား

အင်းဟုတ်တယ်

ဘာလုပ်ဖို့လဲ

အဖြေပေးမလို့လေ ကြာသွားရင် ခံစားရသူအတွက်မကောင်းဘူးလေ

အင်းပါ

အဲ့ကြရင် ဇာလေးက နှစ်ယောက်စလုံးကို ဘဝအတွက် မေးခွန်းတစ်ခုမေးမယ် ဇာလေးလိုချင်အဖြေကို ဖြေတဲ့သူ ဇာလေးလက်တွဲသွားတယ်

အင်း ဇာလေး ကောင်းတယ်အဲ့တာ

ကိုဇော်နဲ့ ဇာလေး တို့ တိတ်ဆိတ်နေကြတယ် ကိုယ်စီကိုယ်စီ အတွေးများနဲ့ ကိုဇော်ရင်ထဲမှာတော့ နေ့ရက်များစွာထဲမှာ မနက်ဖြန်တစ်ရက်တော့ သူ့ဘဝမှာ အဓိပ္ပာယ်တွေရှိဆုံးနဲ့ ထူးခြားဆုံးနေ့ရက်တစ်ရက်ဖြစ်လာခဲ့တယ် 


ကိုဇော်တစ်ယောက်အရမ်းကြာလိုက်တာ " 

ဟုတ်ပါတယ် ဒီနေ့ ကိုဇော် ကိုမျိုး ဇာလေး ချိန်းထားကြတာ ကိုဇော်တစ်ယောက်မရောက်လာနိုင်သေးတော့ ဇာလေး စိတ်မရှည်သံတွေနဲ့ ပြောနေခြင်းပါ ။
မနက်ဆယ်နာရီချိန်ထားကြတာ အခု ဆယ့်နှစ်နားရီ ထိုးလို့ ဆယ့်ငါးမီးနစ်တောင် စွန်းနေပြီး ကိုဇော်အရိပ်ယောင်က ခုထိမပေါ်မလာသေးပြန်တော့ ဇာလေးထအပြန်လုပ်မယ် ဆိုတော့ ကိုမျိုးက

နေပါဦး ဇာလေးရယ် သူလာမှာပါ ထပ်စောင့်ကြည့်ပါဦးဟာ

နှစ်နာရီထိုးတဲ့အထိ စောင့်မယ် အဲ့တာမှ သူမလာရင်ငါပြန်မယ်

အေးပါ

ဇာလေး ကိုမျိုးကိုပြောသာပြောနေရတယ် သူ့စိတ်ထဲမှာ ကိုဇော်ကိုသာ မျော်နေမိတာပါ
တဖြေးဖြေးနဲ့ နေ့လည်ရောက်လို့ နှစ်နာရီကျော်လာတော့ ဇာလေးထပြန်တော့မယ်အပြု..

ဟင်

ဘာလဲ ကိုမျိုး

ငါတို့ကိစ္စ ဘယ်လိုလုပ်မလဲ

ကိုဇော်မှ မရှိတာ သူရှိမှ ဒီကိစ္စ ပြန်ဆက်ကြမယ်

အင်းးပါ နင့်သဘောပါ ပြန်ကြမယ်
ငါ လိုက်ပို့ပေးရမလား

ရပါတယ် မပို့နဲ့တော့နော်

အေးပါအေးပါ

တစ်ယောက်နဲ့တစ်ယောက်လမ်းခွဲခဲ့ရင် ပြန်လာခဲ့တော့တယ် အပြန်လမ်းမှာ ကိုဇော်ကို စိတ်ထဲက တနုတ်နုတ်နဲ့ ခံပြင်းမှုတွေရော သူ့ကိုအလေးမထားတဲ့ ပုံစံနဲ့ ဆိုတော့ ပိုပြီးခံပြင်းနေပါတယ်
သူ့စိတ်မှာ ကိုဇော်နဲ့ ကိုမျိုးကို အလေးချိန် နှိုင်းကြည့်လိုက်ရင် ကိုဇော်သာ ဇာလေးစိတ်ထဲနေရာယူထားတာ သူကိုယ်တိုင်းလည် သိနေပါတယ်

....... ................ ..............

ဟင် ကိုဇော် ဘယ်လိုလုပ်ရောက်လာတာလည်း

ဇာလေးကိုဇော်ကို သေချာပြန်ကြည့်လိုက်တယ် ကိုဇော်မျက်နှာက တခုခုကိုပြောချင်နေတယ် တစ်ခုခုကို ကိုဇော်ပြောချင်တာ သိနေသလို မျက်နှာကို နောက်တခါ ပြန်ကြည့်တော့
ကိုဇော်မျက်ဝန်းတွေ က မျက်ရည်ကျသလိုမျိုးတွေနဲ့ ဆိုတာ ဇာလေးတစ်ယောက် သိနေလိုက်ပါတယ်

ကိုဇော်ဘာလို့ငိုနေတာလည်း "

ရုတ်တရက် အိမ်မက်ကနေလန့်နိုးလာခဲ့တယ် ဇာလေးရင်တွေ မောဟိုက်နေတယ် အိပ်ရာဘေးက ရေတစ်ခွက်ကို တစ်ခွက်ငှဲ့လို့ သောက်ချလိုက်တယ် သူမက်တဲ့ အိမ်မက်ကိုပြန်တွေးရင်းနဲ့ ကိုဇော်မျက်ဝန်း နှစ်ဖက် မျက်စိထဲကကိုမထွက်သေးပါဘူးး ဇာလေးရင်တွေ တွေးရင်းတွေရင်း ပူလောင်လာတယ် ဆက်မတွေးတော့ဘူလို့ ဆုံးဖြတ်လိုက်ပေမယ့် သူစိတ်ထဲမျက်စိထဲမှာတော့ ကိုဇော်မျက်နှာကို မတွန်းထုတ်နိုင်ခဲ့ဘူး

ဒီလိုနဲ့ ဇာလေးတို့ သူငယ်ချင်းတစု ကိုဇော်ပျောက်တော့ ကိုဇော်အိမ်ကို သွားဖို့တိုင်ပင်ကြတယ်

ကိုမျိုး ငါတို့ကိုဇော်အိမ်ကိုသွားကြရအောင်ဟာ
သူမပေါ်လာတာ နှစ်ပတ်တောင်ရှိနေပြီးး"

အေးသွားကြမယ် ဇာလေး ဒီကောင်ကြီးငါ့ဆီလည် ဖုန်းမဆက် ငါဖုန်းဆက်လည်း မရဘူးဖြစ်နေတယ် "

အေးအေး သွားကြမယ်ဟာ အခု "

ကိုမျိုးတို့သူငယ်ချင်း တွေဟာ ကိုာဇော်အိမ်ကို တလိမ့်လိမ့်နဲ့ လာခဲ့ကြတာ ခြံဝရောက်တဲ့ အခါတော့ ကိုဇော်အိမ်က ခြံက သော့ခတ် ထားတာ တွေ့လိုက်ရတော့ ဇာလေး ကားပေါ်က ဆင်းရင်း ဘေးခြံက ဦးလေးတစ်ယောက်ကို လှမ်းမေးလိုက်တယ်

ဦးလေး ဒီခြံက မိသားစုတွေ ဘယ်သွားကြတာလဲ "

မသိဘူး တူမလေးရဲ့ ဘာမှလည်းဦးလေးကို မမှာခဲ့ပါဘူးးး"

အော်ဟုတ်ကဲ့ဦးလေး ကျေးဇူးပါနော် "

အေးကွယ် အေးကွယ် ရပါတယ် "

ဇာလေးခေါင်းထဲစဉ်းစားစရာတွေက တစီတတန်းတွေနဲ့ ကိုမျိုးကိုတို့ကို အကြောင်းစုံရှင်းပြလိုက်တော့

ထူးဆန်းတယ်ဟ ရုတ်တရက် ခြေရာ လုံးဝပျောက်သွားတယ်နော် "

အေးဟာ ကိုဇော်ကလည်း နေနိုင်လိုက်တာ "

ကဲပါ ငါတို့ပြန်ရအောင်ကိုမျိုး ထပ်ပြီးစုံစမ်းကြသေးတာပေါ့ "

အေးအေး ဟုတ်တယ် အဲ့တာ "

သူငယ်ချင်းတဖွဲ့လုံးပြန်ခဲ့ကြရင် ဇာလေး ကတာ့ သူအိမ်မက်ရယ် ကိုဇော်မိသားစု ပျောက်သွားတာရယ် စဉ်းစားနေပြန်တယ်
ကိုမျိုးတို့ကို သူ့အိမ်က်အကြောင်းဖွင့်ပြောရင်ကောင်းမလားတွေရင်း မပြောသေးတာပဲ ကောင်ပါတယ်လို့ပြန်ဆုံးဖြတ်လိုက်ရင်း သက်ပြင်းပူလေးတွေ အခါခါ ချ ကိုဇော်အတွက် စိုးရိမ်စိတ်တွေကို အကြိမ်ကြိမ် အားတင်းထားရင် နဲ့ ကိုယ်စီကိုယ်စီ အိမ်ပြန်ခဲ့ကြပါတော့တယ် .....


ကိုမျိုးနဲ့ဇာလေးတို့နှစ်ယောက်ကိုနှစ်မိဘတွေသဘောတူထားကြခဲ့တာ ဒီနေ့ ပြတ်ပြတ်သာသာ ဇာလေးဆုံးဖြတ်မယ်လို့ စိတ်ကူးထားလိုက်တယ်
ဇာလေးရင်ထဲ ကိုဇော်ကိုချစ်ခဲ့မိပေမယ့် စာမလားသတင်းမကြားနဲ့ ဒီနေ့ဆို ကိုဇော်ပျောက်သွားခဲ့တာ
သုံးလတောင်ပြည့်သွားခဲ့ပြီး ဖြစ်နေပေမယ့်
မျော်လင့်မိနေတုန်း ရင်ခုန်မိနေတုန်း ဒါပေမဲ့ မဖြစ်နိုင်တော့ဘူးဆိုတာ သူသိနေပါပြီးး

ဇာလေးဘာတွေ စဉ်းစားနေတာလဲ "

ကိုမျိုး အမေးကြောင့် ဇာလေးတွေ တုန့်ခနဲ ရပ်တန့်သွားသလို ကိုမျိုးအမေးထဲ အတွေးနယ်ကူးပြောင်းလာခဲ့ပါတယ်

အော် ဘာရယ်မဟုတ်ပါဘူး ဒီလိုပါဘဲ "

ကိုဇော်ကို သတိရနေတုန်းလား "

အမှန်တိုင်း ဝန်ခံရင် မငြင်းပါဘူး "

အင်းလေ ဘာပဲဖြစ်ဖြစ်ပါ ကိုမျိုးတို့ကိစ္စတော့ မမေ့ထားပါနဲ့ဇာလေး "

ဟုတ် ဇာလေး သိပါတယ် ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ "

အင်းးး"

ခဏတော့ ပတ်ဝန်ကျင်တစ်ခုလုံး ရင်ကွဲပုရစ်ကောင်လေးတွေအော်သံကလွဲလို အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြီး

ဇာလေး "

ရုတ်တရပ်ဇာလေးလို့ခေါ်သံကို ကိုမျိုးနဲ့ ဇာလေး နှစ်ယောက်ထိုင်နေတာချင် အတူတူ
ဇာလေးတစ်ယောက်သာ ကြားလိုက်ပေမယ့်
စိတ်ထဲမှာတော့ ငါ သတိရလွန်းလို့ ဖြစ်မှာပါဆိုပြီး ငြိမ်နေလိုက်ပါတယ်

ဇာလေး "

ဒုတိယ အကြိမ် ထပ်ခေါ်သံကတော့ ပီပီသသနဲ့ ဒီတခါ ဇာလေးလှည့်ကြည့်လိုက်တယ် ကိုမျိုးနဲ့ ဇာလေးကလွဲလို့ ဘယ်သူဘယ်ဝါမှ မရှိ
ကိုမျိုးဇာလေးလှည့်ကြည့်လိုက်တာ သတိထားမိလိုက်တယ်

ဇာလေး ဘာဖြစ်လို့လဲ "

ဘာမှမဟုတ်ပါဘူး ကိုမျိုး "

ဒါဆိုပြန်ကြရအောင် ညနေစောင်းနေပြီး "

အင်းးး "

ဇာလေးအင်းလို့ ခေါင်းညိတ်လိုက်ရပေမဲ့ သူ့စိတ်ထဲ ကိုဇော်သူ့အနား ရှိနေသလိုခံစားရတယ်
ဘာပဲဖြစ်ဖြစ်လေ မနက်ဖြန်ဆို ကိုမျိုးနဲ့တောင် လက်ထပ်ကြတော့မှာ ဒါတွေမတွေးသင့်တော့ဘူး ဆိုတာဖြတ်လိုက်ပါတော့တယ်

ဒီနေ့မင်္ဂလာခန်းမထဲမှာ ကိုမျိုးတို့ မင်္ဂလာခန်းမထဲမှာ နှစ်ဖက်မိဘတွေနဲ့ ဧည့်သည်တွေစုံစုံညီတွေနဲ့ပေါ့
ဒါပေမဲ့ မပြည့်စုံသေးတာ ကိုဇော် မရှိသေးတာတော့ ဇာလေး ဝမ်းနည်းသလိုနဲ့ဖြစ်နေမိတယ်

မင်္ဂလာခန်းမထဲမှာ ဧည့်သည်တွေစုံလင်နေပြီးဆိုတော့
ဇာလေး အမေက

သားနဲ့သမီးတို့ရေ ဧည့်သည်တွေစုံညီနေပြီး ထွက်ခဲ့တော့နော် "

ဟုတ်မေမေ "

ကိုမျိုးရဲ့လက်ကို ဇာလေးချိတ်တလှမ်းခြင်း နဲ့ ဆင်းလျောက်လာလို့ မင်္ဂလာခန်းမထဲအဝင်
ရပ်ကွက်လူကြီးနဲ့ ရဲဝတ်စုံအပြည့် လေးယောက်ခန့် ဝင်လာပါတယ်

ဟုတ်ခဲ့ခွင့်ပြုပါခဗျာ "

အရှေ့က ခေါင်းဆောင်ပုံစံရဲကြီးတစ်ယောက်က ဝင်ခွင့်တောင်းလိုက်အသံကြောင့် ကိုမျိုး မျက်နှာ ရုတ်တရပ် ပျက်သွားပါတယ်

ကျွန်နော် တို့ ဟောဒီက သတို့သား ကိုမျိုးကိုလာဖမ်းတာပါ "

ဟင် ကိုမျိုးမှာ ဘာအပြစ်တွေကြူးလွန်မိပါလဲ "
ဇာလေးအမေးကြောင့် ရဲခေါင်းဆောင်က ရှင်းပြပါတော့တယ်

ဒီလိုပါ ဒီကကိုမျိုးဟာ မဇာလေးတို့ သုံယောက် ချစ်ရေးဆိုကြမယ့်နေ့မတိုင်းခင်ညမှာပါ
ကိုမျိုးနဲ့ ကိုဇော်တို့ဟာ ဘီယာ အတူတုသောက်ခဲ့ကြပါတယ် အမှတ်တရအနေဖြစ်နဲ့ဆိုကြပြီး
အဲ့မှာ ကိုမျိုးဟာ ကိုဇော် သောက်မယ့် ဘီယာ ခွက်ထဲ တဖြေးဖြေးနဲ့ ကိုယ်တွင်းမှာသွေးဖြူဥတွေကို ပျက်စီးစေနိုင်တဲ့ အဆိပ်တမျိုး ထည့်ခဲ့ပါတယ် ကိုဇော် ဒီခွက်တွေ များစွာ သောက်ခဲ့မိတာကြောင့် သူ့ကိုယ်ထဲက သွေးဖြူဥတွေကိုပျက်သုန်းစေခဲ့လို့ ဒီနေ့ကိုဇော်ဆုံးခဲ့တာ ခုနှစ်ရက်မြောက်ခဲ့ပါပြီး
ဒါကြောင့် ကိုမျိုးကို တရားဥပဒေ အရာ လာရောက်ဖမ်းရာခြင်းပါတယ် "

ရဲခေါင်းဆောင်ကြီးရဲ့ ရှည်လျာစွာ ရှင်းပြနေချိန် တုတ်တုတ်မျှမလှုပ်ပဲ နားထောင်နေတဲ့ ခန်မ ကြီးထဲ ဇာလေးမျက်နှာက ကိုမျိုးဘက်လှည့်လာပါတယ်
ဇာလေးမျက်နှာက ကြေကွဲခြင်း မုန်းတီးခြင်း
ဝမ်းနည်းခြင်းတွေ ရောယှက်နေပါပြီး

ကိုမျိုး အဲ့တာတွေက အမှန်တွေလား "

ကိုမျိုးတစ်ယောက် ဘာမှ ထွက်မလာတော့ သူ့ဘက်က စကားသံတွေ နှုတ်ဆိတ်နေခဲ့ပြီး

ကိုမျိုး ပြောလေ "

ဇာလေးအသံတွေက တုန်ရီ ကွဲအက်နေပြီး
သူ့မျက်စိထဲ ဘာမှမမြင်နိုင်တော့ သူ့ခေါင်းတွေ အရမ်းမူးဝေလာတယ်
ရင်ထဲက တဆက်ဆက်နဲ့ ထိုးတက်လာတဲ့
စို့နင့်နင့် ဝေဒနာက ခန်မတစ်ခုလုံး အမှောင်ကျသွားခဲ့ပြီးးးးးးးးးးး

သမီးသက်သာရဲ့လား "

ဇာလေးအမေရဲ့စကားကို ချက်ခြင်းမဖြေနိုင်
ပတ်ဝန်ကျင် ဝေ့ရမ်းကြည့်လိုက်တော့ ခုတင်လူနားတွေတန်းစီလို့
သူ့ကိုယ်သူ ပြန်ကြည့်လိုက်တော့ လက်ထဲကို အပ်တစ်ချောင်းစိုက်လျက် သေးသွယ်တဲ့ပိုက်တစ်ခု သွယ်တန်းလို့
သူချက်ခြင်းသိလိုက်ပြီး ဆေးရုံး ရောက်နေတယ်ဆိုတာ

အမေ ကိုဇော်ရှိတဲ့နေရာ သမီးကို ခေါ်သွားပေးပါ "

အင်းပါ သမီးရယ် "

ဖျက်ခနဲ သူ့အမေ ကျသွားတဲ့ မျက်ရည်တချို့ မြန်မြန်ဆန်ဆန်ဆိုသလို ပယ်ဖျက်လိုက်တာ ဇာလေး မမြင်လိုက်ပါဘူး
______________

ဒီနေ့ ဆေးရုံးက ဇာလေးပြန်ဆင်းလာတာ တစ်ပတ်တောင် ပြည့်ခဲ့ပါပြီး

သမီး ကိုဇော် မဆုံးခင်က ပေးခဲ့တဲ့စာလေးတစ်စောင်ပါ "

သူ့အမေလက်ထဲက စာ ကို ကပျာကယာ လှမ်းယူလိုက်တယ် ပြီးတော့ ...

သမီးညရောက်မှ ဖတ်ပါ့မဟ်အမေ "

အေးအေး "

တကယ်တော့ ကြယ်ကြွေချိန် ကို ကြည့်ရင် သူစာဖတ်လာချင်တာပါ ဒါကြောင့်လည်း
ညရောက်မှ သူဖတ်ပါ့မယ်လို့ လှမ်းပြောခဲ့တာပါ

.......

ဇာလေး ဒီနေ့ဆို ကိုဇော်တို့ ကမ္ဘာ ခြားခဲ့ပြီးနော်
ကိုဇော်အရမ်းချစ်ခဲ့ပါ အတိုင်းအတမသိအောင် ချစ်ခဲ့တယ်
ဒါပေမဲ့ ဒီဘဝမှာ မဆုံနိုင်တော့တာ ကိုဇော်သိပါတယ်
ကိုဇော်ကို ကတိတစ်ခုသာ ပေးပါ
ရှေ့တက်ပြီးဘဝမှာ ဇာလေးကို မြတ်နိုးတန်ဖိုးထားတဲ့ သူရှိခဲ့မယ်ဆို
လက်တွဲသွားပါ့မယ်လို့
ဒီဘဝမှာ ကိုဇော် ဇာလေးစိတ်ချမ်းသာအောင် မထားခဲ့ရပေမယ့် ဇာလေး ပျော်ရွှင်တာကိုသာ မြင်ချင်ပါတယ်
နောက်ဆုံးအချိန်ထိလေ ကောင်ယံမှာ ကိုဇော် ကြယ်လေးဖြစ်နေမှာပါ
ဘာကြောင့်လဲဆို ဇာလေး ဆုတောင်းတဲ့အခါပေါ့
ကိုဇော်ကြယ်လေးဘဝက ကြွေကျပေးဖို့အသင့်ပါ "

ကိုဇော်စာရဲ့အဆုံးမှာ ဇာလေးတစ်ယောက် ရှိုက်ကြီးတငင်ငင်နဲ့ ကောင်ကင်ထက်ကိုမော့ကြည့်ရင် ငိုချမိနေပြီး
ကိုဇော်ရယ်ဒီလိုအဖြစ်မျိုးနဲ့ နောက်ဘဝတွေက ကင်ဝေးပါစေ "

ဇာလေးရဲ့ကောင်းကင်ထက်ကို မော့ကြည့်ရင်းကနေ
ဝေဝါးမှုန်ရီနေတဲ့ မျက်ဝန်းနှစ်ကနေ ရိပ်သဲ့သဲ့ ကြယ်စင်လေးတစ်လုံး ကြွေကျသွားတာ မကြည့်ဝံ့ပေမယ့်
သတိလက်လွပ်စွာ မှင်သက်နေမိပါတော့တယ်


ပြီးပါပြီး

ရေးသူ = ဒိုင်ယာရီ 


ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

0 comments:

Post a Comment