Tuesday, November 4, 2014

နှောင့်နှေးနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် မြန်မာ ပြည်တစ်ပြည်လုံးက ပရိသတ်တွေကို တောင်းပန်စကားဆိုတဲ့ ထွန်းအိန္ဒြာဗို



ထွန်းအိန္ဒြာဗိုကဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးမှာ ဘဏ္ဍာရေးမှူးအနေနဲ့ တာဝန်ယူထားသူဖြစ်ပါတယ်။ လတ်တလော မှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရဲ့ နမူနာ ဇာတ်ဝင်ခန်းတွေကို စတင်ရိုက်ကူးနေပြီးလိုအပ်တာကိုဘယ်နေရာကပဲကူညီပေးရပေးရ၊ ကူညီပေးဖို့အတွက် ရိုက်ကွင်းလိုက်သွားဖြစ်ကြောင်း ပြောပါ တယ်။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့အတွက် အခက်အခဲတွေများစွာ ကြုံတွေ့ခဲ့ရပြီး အဲဒီအ တွက် မြန်မာတစ်ပြည်လုံးက ပရိသတ်တွေကို တောင်းပန်စကားဆိုတဲ့ ထွန်းအိန္ဒြာ ဗိုက “ဗိုလ်ချုပ်ရုပ်ရှင်ကားထွက်ရှိဖို့ အရေးကို စိတ်ဝင်စား ကြတဲ့သူတွေအားလုံးကိုလေးစားပါတယ်။ အား လုံးကလည်းကျွန်မတို့ကိုယ်တိုင်အပါအဝင် နိုင်ငံ သူ၊နိုင်ငံသား အားလုံးကလည်း ဒါကို စိတ်ဝင် တစားရှိကြတယ်ဆိုတာကိုလည်း အစကတည်း ကယုံကြည်ပါတယ်။ ကြားထဲမှာ တကယ်အလုပ် လုပ်တဲ့အခါ ရင်ဆိုင်ရတဲ့ အခက်အ ခဲတွေများ စွာ နဲ့ နှောင့်နှေးမှုများစွာ ဖြစ်ခဲ့ရတဲ့အတွက် မျှော်လင့်တဲ့ တစ်ပြည်လုံး က ပရိသတ်တွေ စိတ်အနှောင့် အယှက်ဖြစ်ခဲ့ရတဲ့အတွက် တောင်း ပန်ပါတယ်” လို့ ပြောပါတယ်။‘အချိန်တိုင်း၊နေရာတိုင်း’ ဇာတ်လမ်း တွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ ထွန်းအိန္ဒြာဗို က မြန်မာဇာတ်လမ်းတွဲတွေကို ပရိသတ် အကောင်းပြောတာ နည်းတဲ့အချိန်မှာ ဒီ ဇာတ်လမ်းတွဲကို ပရိသတ်ကြိုက်ကြတယ်လို့ သိရတဲ့အတွက် ဝမ်းသာကြောင်း ပြောပါတယ်။ ထွန်းအိâန္ဒာဗိုက စိန်ရတနာရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး အားသစ်ကို မင်းသားဖြစ်အောင် တင်မယ့် ရုပ်ရှင်ဇာတ်ကားမှာမိခင်နေရာကပါဝင်သရုပ်ဆောင် သွားမှာဖြစ်ကြောင်း ပြောပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ မြစ်ကြီးနားမှာ
စတိတ်ရှိုးသွားဆိုဖို့ ရှိပြီး ဒီဇင်ဘာ ၆ရက်နေ့မှာတော့ ရှမ်း ပြည်နယ်နေ့ အထိမ်းအမှတ်အနေနဲ့ မေဆွိနဲ့အတူ စင်ကာပူမှာ သီချင်းသွားဆိုဖို့ရှိကြောင်းသိရ ပါတယ်။

ခိုင်ဝေလွင်

0 comments:

Post a Comment